Friday, July 31, 2015

ကမ္ဘာတစ်ဝန်းကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန် အာဆီယံနိုင်ငံများ ပူးပေါင်း



 
နေပြည်တော်  ဇူလိုင်  ၃ဝ


ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊  ဂျပန်အာဆီယံဘက်စုံရန်ပုံငွေ  ဟန်ဆိုက်ဒယ်လ် ဖောင်ဒေးရှင်းနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့  ပူးပေါင်းစီစဉ်ကျင်းပ သည့် ''၂ဝ၁၅ ခုနှစ် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှစ်နှင့် ဒုတိယအကြိမ် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  ညီညွတ်သော ကျောင်းဆုချီးမြှင့်ပွဲ''အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နေပြည်တော်ရှိ  Grand Amara  ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင်   ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်    သစ်တောရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး    ဦးဝင်းထွန်းက ကမ္ဘာ့ဒီရေတောဖုံးလွှမ်း မှု၏ ၃၅ ရာခိုင်နှုန်းနှင့်  ကမ္ဘာ့သန္တာ ကျောက်တန်း  တည်ရှိမှုစုစုပေါင်း ဧရိယာ၏ ၃ဝ ရာခိုင်နှုန်းသည် အာဆီယံဒေသ တွင်းတည်ရှိနေခြင်း မှာ  ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း တည်ရှိနေထိုင် ကြသည့် လူမျိုးစုအများအပြားသည်    သဘာဝသယံဇာတအရင်းအမြစ်များ ကို မှီခိုနေရသည့်အတွက် သယံဇာတ အရင်းအမြစ်များအား စဉ်ဆက်မပြတ် စီမံခန့်ခွဲသုံးစွဲသွားနိုင်ရန် အထူးပင် အရေးကြီးလှပါကြောင်း၊ တစ်ဖက်မှာ လည်း ရာသီဥတုပြောင်းလဲခြင်း၏   အကျိုးသက်ရောက်မှု၊     လူဦးရေ အဆမတန်တိုးပွားလာမှု၊   ဆင်းရဲမှု အနေအထားတို့ကြောင့် သဘာဝဘေး အန္တရာယ်များ၊  ဇီဝမျိုးစုံမျိုးကွဲများ နှင့်  သဘာဝသယံဇာတများ ပျက်စီး ဆုံးရှုံးခြင်း၊ သမိုင်းဝင်    ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးခြင်း   အန္တရာယ်တို့ကို    ကြုံတွေ့နေရပါ ကြောင်း၊ ထို့ကြောင့် အာဆီယံဒေသ တွင်း  နိုင်ငံများကြား ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားမည်ဟူသည့် ကတိကဝတ်များ ကို ချမှတ်ထားပြီးဖြစ်ပါကြောင်း။
သယံဇာတ  အရင်းအမြစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း နှင့်  လူနေမှုအဆင့်အတန်းတိုးမြှင့် နိုင်ခြင်းတို့ကို     ဖော်ဆောင်နိုင်မည့် အာဆီယံဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဘောင် တစ်ရပ်ကို  ချမှတ်နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့်   စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရှိသော လူမှုအသိုက်အဝန်း တစ်ခုရရှိရန်  ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ ပညာပေးရေးကို အဓိက အလေးထားဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကတိကဝတ်များကို     ထည့်သွင်း သင်ကြားစေခြင်းကြောင့် ပတ်ဝန်း ကျင်  ထိန်းသိမ်းကာကွယ်ရေးကို ဦးတည်မည့်  chool Culture ကို ဖော်ကျူးနိုင်မည်   ဖြစ်ပါကြောင်း၊ ထို့ပြင် Eco-School Programme အစီအစဉ်အရ    ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ကျောင်း သင်ခန်းစာများအတွင်း ထည့်သွင်း သင်ကြားစေခြင်းဖြင့်   ပတ်ဝန်းကျင် ရေရှည်တည်တံ့အောင်   ထိန်းသိမ်း ကာကွယ်ရမည်ဟူသည့်   အခြေခံ သဘောတရားကို   ကျောင်းအသိုက် အဝန်းမှတစ်ဆင့်နေအိမ်များ၊ လူမှု အသိုက်အဝန်းများမှ   တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ Eco-School ဆုချီးမြှင့်ခြင်း     အခမ်းအနားကို ဆောင်ရွက်ခြင်းဖြင့်  အာဆီယံဒေသ အတွင်း   Eco-School  များ ပိုမို ပေါ်ပေါက်လာစေရန် AMS ကို တွန်းအားပေးမည့်   စာသင်ကျောင်း များအကြား သတင်းအချက်အလက် များနှင့် အတွေ့အကြုံများကို ဖလှယ် ပေးနိုင်မည့်    အခွင့်အလမ်းများကို ပံ့ပိုးကူညီနိုင်မည်   ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားအတွက် အထိမ်း အမှတ်     ဆောင်ပုဒ်ဖြစ်သည့် “ Empowering the Youth for a Green ASEAN Community” ဟူသည့် ဆောင်ပုဒ်သည် မျိုးဆက် သစ်လူငယ်များကို   စာသင်ကျောင်း များတွင် ပတ်ဝန်းကျင်နှင့် သယံဇာတ ဖြစ်စေသော အလေ့အကျင့်ကောင်း များကို ချမှတ်ရန် တွန်းအားပေးနိုင်မည်ဖြစ်ပါကြောင်း၊ အာဆီယံဒေသ တွင်းနှင့် ကမ္ဘာတစ်ဝန်းကြုံတွေ့နေရ သည့် ပတ်ဝန်းကျင်ပြဿနာရပ်များ ကို ဖြေရှင်းနိုင်ရန် အာဆီယံနိုင်ငံများ ပူးပေါင်း၍ အာဆီယံဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုစီမံချက်ကို    အောင်မြင် စွာအကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
အာဆီယံ Plus Three  နိုင်ငံများ ဖြစ်သည့်  တရုတ်၊  ဂျပန်၊ ကိုရီးယား နိုင်ငံများအပြင်     အခြားဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများသည် ကမ္ဘာ တစ်ဝန်း  ပတ်ဝန်းကျင်ပြဿနာရပ် များကို  ဖြေရှင်းမှုများတွင်  တက်ြ<ွက စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် အာဆီယံဒေသ တွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မှုရရှိစေရေးအတွက် နည်းပညာနှင့် ရန်ပုံငွေ  အထောက်အပံ့များ  ကူညီ ပံ့ပိုးပေးလျက်ရှိသဖြင့် ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍  အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ    အာဆီယံလူမှု အသိုက်အဝန်းနှင့် စုပေါင်းဆောင်ရွက် မှုဆိုင်ရာ ဒုတိယအထွေထွေအတွင်း ရေးမှူးချုပ်က အမှာစကားပြောကြား ပြီး  ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ဒုတိယနှစ်ကျောင်းသူ မဝင်းသန့်သန့် က ၂ဝ၁၅  အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးနှစ် ဆောင်ပုဒ်ဖြစ်သည့် အာဆီယံအစိမ်းရောင်လူမှုအသိုက် အဝန်း ၂ဝ၁၅ အတွက် လူငယ်များကို တာဝန်လွှဲအပ်ဆောင်ရွက်စို့ ခေါင်းစဉ် ဖြင့် ဖတ်ကြားတင်ပြသည်။
မွန်းလွဲ ၂ နာရီတွင် အာဆီယံ နိုင်ငံများအတွင်း    ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်   ညီညွတ်သော ကျောင်းအကောင်အထည်ဖော်မှု ဆိုင်ရာ အကောင်းဆုံးအလေ့အကျင့် များဖလှယ်သည့် ဆွေးနွေးပွဲ ကျင်းပ ရာ မြန်မာနိုင်ငံအပါအဝင်  အာဆီယံ နိုင်ငံများနှင့်    မိတ်ဖက်သုံးနိုင်ငံမှ ဆောင်ရွက်မှု  အတွေ့အကြုံများကို ဆွေးနွေးကြသည်။
ညပိုင်းတွင်  ဒုတိယအကြိမ် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်ညီညွတ်သော ကျောင်းဆုချီးမြှင့် ခြင်းအခမ်းအနားနှင့် ညစာစားပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း၊ ဟန်ဆိုက်ဒယ်လ် ဖောင်ဒေးရှင်း၊   ဂျပန်နိုင်ငံကိုယ်စား လှယ်တို့က အမှာစကားပြောကြား ကြသည်။
ထို့နောက်   အာဆီယံနိုင်ငံများ မှ   ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သော ကျောင်းဆုရရှိသည့် အခြေခံပညာမူလတန်းနှင့် အထက် တန်းအဆင့်ကျောင်း   ၂ဝ   ကို ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်များက ဆုများချီးမြှင့်ကြသည်။
အခမ်းအနားများသို့  ယဉ်ကျေးမှု ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ ဒုတိယဝန်ကြီးများ၊တာဝန်ရှိသူများ၊ လာအိုနိုင်ငံသဘာဝ အရင်းအမြစ်များနှင့်   ပတ်ဝန်းကျင် ဝန်ကြီးဌာန      ဒုတိယဝန်ကြီး  Mrs.   Bounkham   Vorachit၊ ထိုင်းနိုင်ငံ    သဘာဝအရင်းအမြစ် များနှင့်  ပတ်ဝန်းကျင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအကြံပေးအရာ ရှိ General Ekachai Chansre၊ ဂျပန်နိုင်ငံ သံအမတ်ကြီး၊ ကမ္ဘော ဒီးယားနိုင်ငံ၊    အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ် ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ  ပတ်ဝန်းကျင် ဆိုင်ရာအရာရှိကြီးများနှင့် အာဆီယံ မိတ်ဖက်သုံးနိုင်ငံမှ   ပတ်ဝန်းကျင် ဆိုင်ရာ အရာရှိကြီးများ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၊ ဟန်ဆိုက်ဒယ်လ် ဖောင်ဒေးရှင်းနှင့် ဖိတ်ကြားထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ မှ ဧည့်သည်တော်များ၊ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ယနေ့   နံနက် ၉ နာရီတွင်  အထိမ်းအမှတ်  သစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနားကို နေပြည်တော်ရှိ အမှတ်(၁၄)အခြေခံပညာ အထက် တန်းကျောင်းဝင်းအတွင်း၌ ကျင်းပ ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း နှင့် ဒုတိယဝန်ကြီးများ၊ အာဆီယံနှင့် မိတ်ဖက်သုံးနိုင်ငံများမှ ကိုယ်စားလှယ် များက  အမှတ်တရသစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း  သိရ သည်။  

(သတင်းစဉ်)

No comments:

Post a Comment