Friday, July 31, 2015

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် ရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်


The Mirror Daily's photo.

ပုသိမ် ဇူလိုင် ၃ဝ

အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုများဖြင့် ရေဘေးကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၂၈ ရက် မွန်းလွဲ၂ နာရီက ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ တံခွန်တိုင် ကျေးရွာတွင် ပြည်သူလူထုအင်အား၂၅ဝ ဖြင့် ကျင်းပခဲ့သည်။အဆိုပါ ဇတ်တိုက်လေ့ကျင့်မှုတွင် ရွှေ့ပြောင်းမှုများ ဇာတ်တိုက်လေ့ကျင့်ခန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ ကာ ယင်းဇာတ်တိုက်လေ့ကျင့်ခြင်းသို့ သာပေါင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသန်းစိုး၊ တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ရီ၊ တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ ဒုတိယတိုင်းဦးစီးဌာနမှူး ဦးကျော်ကျော်၊ သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထွဋ်နှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် များ၊ ကရုဏာမြန်မာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ ရေဘေးဇာတ်တိုက်လေ့ကျင့် မှုပြုလုပ်ခြင်းကြောင့် ကျေးရွာသဘာဝဘေးအန္တရာယ်လျော့ပါးရေး စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်ကို လက်တွေ့ဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်မ ဖြစ်မီ၊ ဖြစ်နေစဉ်နှင့် ဖြစ်ပွားပြီးနောက် ကျေးရွာနေပြည်သူများ တစ်ဦးချင်း၊ တစ်ယောက်ချင်းမှသည် အဖွဲ့လိုက်၊ တစ်ရွာချင်းအလိုက် ကိုယ်စီဆောင်ရွက်ကြရမည့်တာဝန်များကို သိရှိကြရပြီး ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ စနစ်တကျဖြင့် တုံ့ပြန်ဆောင်ရွက်နိုင် မည်ဖြစ်ပါသဖြင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများကို လျော့နည်းသက်သာစေမည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
မောင်စော(ပြန်/ဆက်)

No comments:

Post a Comment