Friday, July 31, 2015

အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ ကျွန်းပင်ကြီးပြိုလဲ



The Mirror Daily's photo.

ရန်ကုန် ဇူလိုင် ၃ဝ

ရန်ကုန်တိုင်းဒေသကြီး အနောက် ပိုင်းခရိုင် အလုံမြို့နယ် ဆင်မင်းရပ်ကွက် အလုံလမ်းပေါ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့မှ လုံးပတ်လေးပေ၊ အရှည် ပေ ၆ဝ ရှိသော ကျွန်းပင်ကြီးသည် ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီ ခွဲက မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် အမြစ်ပါလှန်၍ ရုံးတွင်းသို့ ပြိုလဲခဲ့ကြောင်း သိရသည်။

သစ်ပင်ပြိုလဲရာ နေရာသို့ သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် ပန်းခြံနှင့် ဥယျာဉ်ဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး ရှင်းလင်းပေးခဲ့သည်။ သစ်ပင်ပြိုလဲခြင်းကြောင့် ထိခိုက်ဒဏ်ရာနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။
(ရွှေတိုင်လွင်)

No comments:

Post a Comment