Friday, July 31, 2015

မြန်အောင်မြို့နယ် နန်းတော်ကျွန်းတွင် လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်



The Mirror Daily's photo.


မြန်အောင် ဇူလိုင် ၃ဝ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မဲခင်ချောင်ကျေးရွာအုပ်စု နန်းတော်ကျွန်းကျေးရွာတွင် ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှ ၁နာရီ မိနစ် ၅ဝ အထိ လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ရာ ဘုန်းတော်ကြီးကျောင်းတစ် ကျောင်းနှင့် နေအိမ် ၃၃ လုံး ပျက်စီးသွားခဲ့ကြောင်း မဲခင်ချောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မိုးကပြောပြသည်။

လူအသေအပျောက်၊ ကျွဲနွားအသေအပျောက်မရှိကြောင်း၊ ဆုံးရှုံးမှုကာလ တန်ဖိုးမှာ ငွေကျပ်၃၅ သိန်းခန့်ရှိမည်ဖြစ်ကြောင်း၊ နန်းတော်ကျွန်းအခြေခံပညာမူလတန်းကျောင်းတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စုများကို စောင့်ရှောက်ထားကြောင်း၊ လေဆင်နှာမောင်းတိုက်ခတ်ပြီး ညနေ ၃ နာရီခန့်တွင် ရွှေကျင်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းမင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးရောက်ရှိ၍ ကယ်ဆယ် ရေးလုပ်ငန်းများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရွာသူရွာသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မဲခင်ချောင်အုပ်စု အုပ်ချုပ်ရေးမှူးကဆက်လက်ပြောဆိုသည်။

နန်းတော်ကျွန်းကျေးရွာတွင် အိမ်ခြေ ၈၇ လုံးရှိပြီး လွန်ခဲ့သည့် ငါးရက်ခန့်ကတည်းက ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း၊ နှစ်စဉ်မြစ်ရေတက်ပါက နန်းတော်ကျွန်းသို့ မြစ်ရေဝင်ရောက်လေ့ရှိကြောင်း ဒေသခံတစ်ဦးကပြောပြသည်။
နေဝင်းဇော်(မြန်အောင်)

No comments:

Post a Comment