Friday, July 31, 2015

လှုပ်ရှား-၁(နောင်ချို) Mobile Team က Pajero ယာဉ်ပေါ်မှ မြွေမျိုးစုံ သိမ်းဆည်း



The Mirror Daily's photo.

နောင်ချို ဇူလိုင် ၃ဝ

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ စီမံ ကြီးကြပ်မှုဖြင့် တရားမဝင်ကုန်သွယ်မှု တားဆီးရေးနှင့် စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်းများကို ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့်အညီ စခန်းများ၊ လမ်းကြောင်းများ၊ ဆိပ်ကမ်းများနှင့် လေဆိပ်များတွင် ဖြန့်ခွဲဆောင်ရွက် လျက်ရှိသည်။

ဤသို့ဆောင်ရွက်လျက်ရှိရာတွင် ဇူလိုင် ၂၅ ရက်က လှုပ်ရှား-၁ (နောင်ချို) Mobile Team အဖွဲ့ အခြေပြုနေရာ၏ မြောက်ဘက် ရှောင်ကွင်းလမ်းသို့ Pajero ယာဉ် တစ်စီးဝင်ရောက်ကြောင်း သတင်းရရှိသဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ပိတ်ဆို့ရှာဖွေရာ ရှောင်ကွင်းလမ်းအထွက်၌ အဆိုပါယာဉ်အား တွေ့ရှိပြီး လမ်း၏ယာဘက် ပြောင်းဖူးခင်းအတွင်းသို့ မောင်းနှင်သွားကာ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားသည်။

အဆိုပါယာဉ်အား Mobile Team အဖွဲ့ အခြေပြုရာနေရာသို့ လယ်ထွန်စက်ဖြင့် ဆွဲထုတ်သယ် ဆောင်ခဲ့ပြီး စစ်ဆေးရာ ပလတ်စတစ် ကော်ခြင်းများအတွင်း အဝတ်ဖြင့်သော ထည့်ထားသော မြွေမျိုးစုံပါရှိလာကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် အမှုတွဲဖွင့်၍ နောင်ချိုမြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)

No comments:

Post a Comment