Friday, July 31, 2015

လီဗာပူးနောက်တန်းကစားသမား ဝစ်ဒန်းအား နော့ဝှစ်ခ်ျခေါ်ယူ




The Mirror Daily's photo.


နော့ဝှစ်ခ်ျအသင်းသည် လီဗာပူးနောက်တန်းကစားသမား ဝစ်ဒန်းအား တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက်(၂၂)နှစ်အရွယ်ရှိ နောက်တန်းကစားသမား ဝစ်ဒန်းသည် မေလက လီဗာပူး အသင်းနှင့် ကာလရှည်စာချုပ်သစ်တစ်ရပ်ကိုချုပ် ဆိုခဲ့သူဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီတွင် ဝက်စ်ဘရွန်း အသင်းသို့ အငှားဖြင့် သွားရောက်ကစားစဉ် ပရီမီယာလိဂ်ပွဲပေါင်း ၂၄ ပွဲအထိ ပါဝင်ကစားပေးခဲ့သူဖြစ်သည်။

နောက်တန်း ကစားသမား ဝစ်ဒန်းသည် လီဗာပူးလူငယ်အသင်းမှ မွေးဖွားပေးလိုက်သည့် ကစား သမားတစ်ဦးဖြစ်ပြီး ၂ဝ၁၃-၂ဝ၁၄ ဘောလုံးရာသီက ဒါဘီအသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက် ကစားခဲ့သူဖြစ်သည်။ နောက်တန်းကစားသမား ဝစ်ဒန်းသည် အင်္ဂလန်လူငယ်အသင်း အသက်အရွယ် ပေါင်းစုံပြိုင်ပွဲများတွင် ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး နော့ဝှစ်ခ်ျအသင်း၏ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း လေးဦးမြောက်ခေါ်ယူခဲ့သည့် ကစားသမားလည်း ဖြစ်လာခဲ့သည်။

နော့ဝှစ်ခ်ျအသင်းသည် တောင်ပံကစားသမား ရော်ဘီဘရက်ဒီ၊ ကွင်းလယ်ကစားသမားများဖြစ် ကြသည့် ဂရေဟမ်ဒေါ်ရန်နှင့် မူလမ်ဘူတို့ကိုလည်း ခေါ်ယူထားခဲ့ပြီးဖြစ်သည်။ နော့ဝှစ်ခ်ျ အသင်းသည် မေလ အတွင်းက ချန်ပီယံရှစ် Play Off နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် အနိုင်ရရှိခဲ့ ပြီးနောက် ပရီမီယာလိဂ်သို့ ပြန်လည် တန်းတက်ခွင့် ရရှိခဲ့သည့်အသင်းလည်းဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment