နေပြည်တော် ဇူလိုင် ၃ဝ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့် လေတပ် ဦးစီးချုပ်Air Chief Marshal Arup Raha, PVSM, AVSM, VM ဂုဏ်ပြုကြိုဆိုသည့်အခမ်းအနားကို ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၄၅ မိနစ်က အိန္ဒိယ သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနSouth Block Lawns ရင်ပြင် မြက်ခင်းပြင်၌ ကျင်းပသည်။
အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အိန္ဒိယ နိုင်ငံ တပ်မတော်(ကြည်း၊ရေ၊လေ) ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့ သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော်(ကြည်း၊ ရေ၊ လေ) ပူးတွဲစစ်ဦးစီးချုပ်နှင့် လေတပ် ဦးစီးချုပ်တို့သည် အိန္ဒိယလေတပ် ဦးစီးချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးကြ သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့အား အိန္ဒိယတပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက အိန္ဒိယလေတပ်ဦးစီးချုပ်ရုံးရှိ Subroto Hall ၌ အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအမြင်အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Dalbir Singh, PVSM, UYSM, AVSM, VSM, ADC အား အိန္ဒိယ ကြည်းတပ်ဦးစီးချုပ်ရုံး၌ သွားရောက် တွေ့ဆုံသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့အား အိန္ဒိယ တပ်မတော် ကြည်းတပ်ဦးစီးချုပ်က Army Battle Honour Mess ၌ အလုပ်သဘောနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ယင်းနောက် ကြည်းတပ်ဦးစီးချုပ် အစည်းအဝေးခန်းမ၌ ဆက်လက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အား အိန္ဒိယတပ်မတော်ကြည်းတပ်ဦးစီး ချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်း ဆောင်၌ Integration of Indian Army နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် အိန္ဒိယတပ်မတော် ရေတပ်ဦးစီးချုပ် Admiral RK Dhowan, PVSM, AVSM, YSM,ADC အား အိန္ဒိယရေတပ် ဦးစီးချုပ်ရုံး၌ သွားရောက်တွေ့ဆုံ သည်။
ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ခွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့အား အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနSouth Block ရှိ အခန်းအမှတ် (၂ဝ၃)၌ National Institute of Public Finance and Policy ညွှန်ကြားရေး မှူး Dr. Rathin Roy က Federal System of Governance ဆိုင်ရာ များအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယ သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Rao Inderjit Singh တို့ တွေ့ဆုံဆွေးနွေးကြသည်။
ဒေသစံတော်ချိန် ညနေ ၅ နာရီ ခွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အိန္ဒိယသမ္မတနိုင်ငံ၏ ၁၁ ဦးမြောက် သမ္မတရာထူးတာဝန် ထမ်းဆောင်ခဲ့သည့် Mr. APJ Abdul Kalam ကွယ်လွန်သည့်အတွက် နယူး ဒေလီမြို့ရှိ Mr. Abdul Kalam နေထိုင်ခဲ့သည့်နေအိမ်၌ ဖွင့်လှစ် ထားသည့် ဝမ်းနည်းခြင်းအထိမ်း အမှတ် မှတ်တမ်းစာအုပ်တွင် သွား ရောက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။
(မြဝတီ)
No comments:
Post a Comment