Friday, July 31, 2015

ကမ္ဘောဇဘဏ်လီမိတက် (ကမ္ဘောဇအုပ်စုအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း)မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း


 
ရန်ကုန် ဇူလိုင် ၃ဝ
နိုင်ငံတော်အတွင်း တိုင်းဒေသကြီး နှင့်ပြည်နယ်အချို့တွင် လတ်တလော ဖြစ်ပေါ်နေသော ရေကြီး၊ ရေလျှံမှုများ ခံစားနေရသည့် ရေဘေးသင့်ပြည်သူ များအတွက် ကမ္ဘောဇဘဏ်လီမိတက် (ကမ္ဘောဇအုပ်စုအနာဂတ်အလင်း တန်းမြန်မာဖောင်ဒေးရှင်း)မှ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရေဘေး ထောက်ပံ့လှူဒါန်းရေး လုပ်ငန်းကော်မတီသို့ ကယ်ဆယ်ရေး ရန်ပုံငွေကျပ်သိန်း ၁၅ဝဝ အား ပေးအပ်လှူဒါန်းခဲ့သည်။
အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကို ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏နာယက ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကိုယ်စား အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နှင့် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ကျော် မျိုးတို့က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ရေဘေးထောက်ပံ့လှူဒါန်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်း အောင်က လက်ခံသည်။
ထို့အပြင် ကမ္ဘောဇဘဏ်လီမိတက် (ကမ္ဘောဇအုပ်စုအနာဂတ်အလင်း တန်းမြန်မာဖောင်ဒေးရှင်း)အနေဖြင့် ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရသော စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကောလင်းမြို့၊ ဝန်းသိုမြို့၊ ကန့်ဘလူ မြို့၊ ကျွန်းလှမြို့၊ ချပ်သင်းမြို့နှင့် ဘုတလင်မြို့၊ ကချင်ပြည်နယ် မိုးကောင်းမြို့တို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ဇူလိုင် ၂၂ ရက်တွင် ကျပ်သိန်း ၂ဝဝဝ၊ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ တွင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်နေသော ဝေဠုကျော် ဖောင်ဒေးရှင်း လူမှုကူညီကယ်ဆယ် ရေးအသင်းအတွက် ဇူလိုင် ၂၉ ရက်တွင် ကျပ်သိန်း ၃ဝဝ အပါအဝင် ယနေ့အထိ စုစုပေါင်း ကျပ်သိန်း ၃၈ဝဝ ပေးအပ်လှူဒါန်းခဲ့သည့်အပြင် ရေဘေးသင့်ဒေသများရှိ ကမ္ဘောဇ ဘဏ်လီမိတက် ဘဏ်ခွဲအသီးသီးမှ အရာထမ်း၊ ဝန်ထမ်းများက ကူညီ စောင့်ရှောက်ရေးစခန်းများ၌ နေ့စဉ် အစားအသောက်များ ချက်ပြုတ် ကျွေးမွေးခြင်း၊ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ထမင်းထုပ်များ ဝေငှ လှူဒါန်းခြင်းနှင့် လိုအပ်သည့် အကူအညီများ ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ကမ္ဘောဇဘဏ်လီမိတက်(ကမ္ဘောဇ အုပ်စုအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း)အနေဖြင့် နိုင်ငံတော် အစိုးရသစ်လက်ထက် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အားကစား၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့်နေရာများ၊ နိုင်ငံတော် နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ နှင့် အခြားကဏ္ဍအသီးသီးတို့အတွက် လှူဒါန်းငွေကျပ် စုစုပေါင်းမှာ ၆၄ ဘီလီယံကျော်ရှိပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment