Friday, July 31, 2015

လယ်မြေများရက်ရှည်ရေနစ်မြုပ်နေသဖြင့် မျိုးစပါးအတွက် တောင်သူများအခက်တွေ့နေ



 


 ရေတာရှည် ဇူလိုင် ၃ဝ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ နယ်အတွင်း ရက်ဆက်မိုးရွာသွန်းမှု ကြောင့် လယ်ယာမြေများတွင် ရေဝင်နစ်မြုပ်လျက်ရှိကာ လယ်စိုက် တောင်သူများအနေဖြင့် ပြန်လည် စိုက်ပျိုးလိုသော်လည်း မျိုးစပါးမရှိ သည့် အခက်အခဲနှင့် ကြုံတွေနေရ ကြောင်း သိရသည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်းက ရေဝင်နစ်မြုပ်ခဲ့သော လယ်ယာမြေ များတွင် စိုက်ပျိုးပြီးစပါးစိုက်ခင်းများ လည်းပါဝင်ခဲ့ပြီး ယခုအခါ ပြန် လည်စိုက်ပျိုးရန်အတွက် မျိုးစပါး များဝယ်ယူရန် အခက်တွေ့နေရခြင်း ဖြစ်ကြောင်း တောင်သူများက ပြော ပြသည်။

''အခုရက်ပိုင်း မိုးကတအားရွာ နေတော့ စိုက်ပျိုးပြီးတဲ့ လယ်တွေက နစ်လိုက်ပေါ်လိုက် ဖြစ်နေတယ်။ မျိုးစပါးဈေးကလည်း စပါးအလိုက် ခုနစ်ထောင့်ငါးရာဆိုတော့ မသက် သာဘူးပေါ့။ တစ်ဧကကို မျိုးစပါး စရိတ်၊ ထွန်ယက် စရိတ်နဲ့ဆို ကျပ် ခုနှစ်သောင်းခွဲ လောက်ကုန်တယ်''ဟု ညောင်ပင်သာကျေးရွာမှ လယ် မြေပိုင်ရှင်တောင်သူတစ်ဦးက ပြောပြ သည်။

မိုးစပါးစိုက်တောင်သူများအနေ ဖြင့် ပျိုးထောင်စိုက်ပျိုးရန် အချိန် မမီတော့သည့်အတွက် အစေ့ချစိုက် ပျိုးခြင်းကိုသာ အားထားကြရပြီး လက်ရှိလိုအပ်နေသော မျိုးစပါးမှာ ဈေးနှုန်းအရ အခက်အခဲရှိသည့် အပြင် ဝယ်ယူလိုသည့်တိုင်အောင် ရောင်းချသူမရှိသလောက် နည်းပါး နေခြင်းက တောင်သူများအတွက် အဓိကအခက်အခဲဖြစ်နေကြောင်း သိရသည်။
ကိုတာရှည်

No comments:

Post a Comment