Saturday, March 31, 2018

ဟွာလ်ငိုချင်းမျိုးနွယ်စု၏ကုတ်ပွီးပွဲတော်နှင့်ဟွာလ်ငိုချင်းစာပေနှင့်ယဉ်ကျေးမှုအသင်းနှစ် (၅ဝ) ပြည့်ရွှေရတုပွဲတော်ကျင်းပ

Image may contain: 1 person, text
ကလေး မတ် ၃ဝ
ချင်းမျိုးနွယ်စုများ၏ပွဲတော်များတွင် တစ်ခု အပါအဝင်ဖြစ်သော မြန်မာနိုင်ငံရှိ ဟွာလ်ငို ချင်းမျိုးနွယ်စုများ၏ အထွတ်အမြတ်အထားရှိ ဆုံးဖြစ်သည့် ကွတ်ပွီး(Kutpui)ရိုးရာပွဲတော် နှင့် ဟွာလ်ငိုချင်းစာပေနှင့် ယဉ်ကျေးမှုအသင်း နှစ် (၅ဝ)ပြည့် ရွှေရတုပွဲတော်ကို မတ် ၂၈ ရက် ည ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ စမ်းမြို့ရပ်ကွက် စတောင်မ်အားကစားကွင်းအတွင်း၌ စည်ကား သိုက်မြိုက်စွာကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးညီညီ၊ ဟွာလ်ငိုစာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးခေါသွလာနှင့် ချင်းစာပေ နှင့် ယဉ်ကျေးမှုနာယက ဦးထန်ဘီလ်လွယ် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သိက္ခာတော်ရဆရာတော် ဗန်လားလ်ဒင်းအာ က အဖွင့်ဆုတောင်းပေးကာ ဟွာလ်ငိုချင်း စာပေနှင့် ယဉ်ကျေးမှုအသင်း နှစ်(၅ဝ)ပြည့် အထိမ်းအမှတ်အဖြစ် တာဝန်ရှိသူတို့က ဂျူဗလီကမ္ပည်းကျောက်စာအား ဖတ်ကြား ခြင်းနှင့် ဂျူဗလီမောင်း အချက် ၅ဝ တီးခတ် ကြသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် ဟွာလ်ငိုစာပေ နှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးခေါသွလာ တို့က အမှာစကားပြောကြားကြပြီးနောက်

အင်းတော်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် ကဒူးတိုင်းရင်းသားများရိုးရာပွဲတော် ကျင်းပ


Image may contain: one or more people, sky and outdoor


အင်းတော် မတ် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နံ့သာအုပ်စု အင်ပင်ကျေးရွာတွင် ကဒူး တိုင်းရင်းသားများရိုးရာပွဲတော်ကို မတ် ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ကဒူးတိုင်းရင်းသားများ ရိုးရာပွဲတော် မုခ်ဦးကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်၊ ချင်းတိုင်းရင်း သားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊ ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုန်၊ အင်းတော်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ ကဒူးအမျိုးသားအဖွဲ့နာယက ဦးပြည်သိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်မုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းက အမှာစကား ပြောကြားခြင်း၊ ကဒူးအမျိုးသားအဖွဲ့နာယက ဦးပြည်သိန်း၊ ပင်လည်ဘူးမြို့နယ် ကဒူး တိုင်းရင်းသားများခေါင်းဆောင် ဦးချင်းအောင်၊
ဗန်းမောက်မြို့နယ် ကဒူးတိုင်းရင်းသားများခေါင်းဆောင် ဦးဝင်းရွှေတို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ အင်းတော်မြို့နယ် ကဒူးတိုင်းရင်းသားများခေါင်းဆောင် ဦးကံအောင်က ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသော စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖွဲ့နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖွဲ့တို့အား ကဒူးတိုင်းရင်းသားရိုးရာအမှတ်တရ လက်ဆောင်များကို ပေးအပ်သည်။
ထို့နောက် အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက်မြို့နယ်များမှ ကဒူးတိုင်းရင်းသားများ၏ အသုံးအဆောင်ပစ္စည်းများပြခန်း၊ မြို့နယ်ဌာနဆိုင်ရာအသီးသီးမှပြခန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်သည် ဒုတိယအကြိမ်မြောက် ကဒူးတိုင်းရင်းသားများရိုးရာပွဲတော်ဖြစ်ပြီး မတ် ၂၅ ရက်မှ ၂၇ ရက်ထိ သုံးရက်တိုင် ကဒူးကနန်း၊ ကချင်၊ သက် စသော တိုင်းရင်းသားများ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ ကဒူးမောင် ကဒူးမယ်ရွေးချယ်ပွဲ၊ ကဒူးဝတ်စုံဖက်ရှင်ပြိုင်ပွဲများ နှင့် ပင်လည်ဘူး၊ ဗန်းမောက်၊ အင်းတော်မြို့နယ်တို့မှ ကဒူးရိုးရာပြခန်းများ၊ ဌာနဆိုင်ရာများမှ ပြခန်းများပြသပြီး ကဒူးတိုင်းရင်းသားများ၏ ဗဟိုစည်၊ ကဒူးတိုင်းရင်းသားခေါင်းဆောင်ဟု ပြောရမည့် ရွှေဝန်ဦးကွတ္တိ၏ ဆင်ခြေတိုင်ကြီးကိုစိုက်ထူပြီး အထိမ်းအမှတ်ပြုလုပ်ခဲ့ကြောင်း ကဒူးအမျိုးသားအဖွဲ့ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ဦးဇော်မျိုးထွန်းက ပြောသည်။
မောင်ချစ်လင်း (အင်းတော်)

မီဇိုး(ချင်း)မျိုးနွယ်စုများ၏ ကြပ်ကြာရ်ကုသ်ပွဲတော်(Chap Char Kut)ကျင်းပ

Image may contain: 2 people, people smiling, outdoor
ကလေး မတ် ၃ဝ
ချင်းမျိုးနွယ်စုများ၏ပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်သော မြန်မာနိုင်ငံရှိ မီဇိုး(ချင်း)မျိုးနွယ်စုများ၏ အထွတ်အမြတ်အထားရှိဆုံးဖြစ်သည့် ကြပ်ကြာရ်ကုသ်ရိုးရာပွဲတော်(Chap Char Kut)-၂ဝ၁၈ ကို မတ် ၂၃ ရက် နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ တာဟန်းရပ်ကွက် အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဗိုလ်မှူးကြီးဖြိုးသန့်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုး၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးလားနွန်ဆန်အာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဧည့်သည်တော်များနှင့်အတူ မီဇိုး(ချင်း) မျိုးနွယ်စုများ၏ တိုင်းရင်းသားရိုးရာ ဝါးညှပ်အကများဖြင့် ကပြဖျော်ဖြေမှုများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဝေလွင်ဖြိုးက အမှာစကားပြောကြား ကာ ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက မီဇိုးမျိုးနွယ်စုများ၏ ကြပ်ကြာရ် ကုသ်ရိုးရာပွဲတော်နှင့်ပတ်သက်၍အသီးသီးရှင်းလင်းပြောကြားကြပြီး ကြပ်ကြာရ်ကုသ်ရိုးရာ ပွဲတော်အား တိုင်းရင်းသားရိုးရာဝါးညှပ်အကအဖွဲ့ ခုနစ်ဖွဲ့အပါအဝင် ခေတ်ပေါ်တေးသရုပ်ဖော် အကများနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့က ရိုးရာတေးသီချင်းများဖြင့် အခမ်းအနားအစီအစဉ်များ အတိုင်း ဆက်လက်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ချင်းတွင်းသား

ဂေဘားစာပေပြန့်ပွားစေရေးသင်တန်းနှင့် ဂေဘားစာပေ နှစ် (၁၅ဝ) ပြည့် ဂျူဗလီပွဲ ကျင်းပ

Image may contain: one or more people
လိပ်သို မတ် ၃ဝ
ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့တွင် ဂေဘားတိုင်းရင်းသားများ အများဆုံးနေထိုင် လျက်ရှိရာ ဂေဘားစာပေနှင့် ယဉ်ကျေးမှု မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက် ရေးနှင့် ပြန့်ပွားစေရေးအတွက် နွေရာသီ တိုင်းရင်းသား ဂေဘားစာပေမွမ်းမံသင်တန်း နှင့် ဂေဘားစာပေ နှစ်(၁၅ဝ)ဂျူဗလီပွဲကို မတ် ၂၃ ရက် နံနက် ၉ နာရီတွင် လိပ်သိုမြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ လိပ်သိုမြို့ ယေဇူးရွှေနှလုံးတော် ဘုရားကျောင်း ဘုန်းတော်ကြီး ဖာသာ ဒါညေး လယ်က အမှာစကားပြောကြားပြီး သံတောင် ကြီးမြို့နယ် ပညာရေးမှူး ဦးဥာဏ်ထွန်းက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ တို့ကို ရှင်းလင်းပြောကြာသည်။ ထို့နောက် ဂေဘားစာပေသမိုင်းအကျဉ်း၊ ဂေဘားလူမျိုး များ ဆင်းသက်လာပုံနှင့် ယဉ်ကျေးမှု၊ ၂ဝ၁၈ ခုနှစ် မတ် ၂၃ ရက်တွင် ကျရောက်သည့် ဂေဘား အမျိုးသားနေ့အကြောင်း သိကောင်း စရာ စာတမ်းများကို ဂေဘားတိုင်းရင်သား တိုင်းရင်းသူများက အသီးသီးဖတ်ကြားကြ သည်။
ဂေဘားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင် ဦးစောဂျော့လှဒင်က ''ဂေဘား စာပေမွမ်းမံသင်တန်းကို ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် တတိယအကြိမ်မြောက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ဂေဘားစာပေ နှစ် (၁၅ဝ) ဂျူဗလီပွဲနဲ့ တစ်ပေါင်းတည်းပြုလုပ် ခြင်း ဖြစ်ပါတယ်၊ စာပေနဲ့ ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ခြင်းဟာ ကောင်းမွန်တဲ့စနစ်တစ်ခု ဖြစ်ပါ တယ်၊ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ပညာ ရေးနှင့် တိုင်းရင်းသားလူမျိုးတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ် လက်ဆင့်ကမ်း သင်ကြားပေးရမယ့် ဆရာ ဆရာမတွေသာ ဖြစ်တာမို့ ဆရာဖြစ်မွမ်းမံအနေနဲ့ သင်ကြား ပေးရခြင်း ဖြစ်ပါတယ်၊ သင်ကြားရေးပိုင်းမှာ သူငယ်တန်းမှ စတုတ္ထတန်းအထိ သင်ကြားပေး နိုင်ဖို့ ဘာသာရပ်အနေနဲ့ ဘာသာစကား၊ စာပေအရေးအသားအရည်အသွေး ပိုမို တိုးတက်စေဖို့ ပြုပြင်ပြောင်းလဲနေတဲ့ နိုင်ငံတော်အစိုးရရဲ့ ပညာရေးစနစ်နှင့်အညီ သင်ကြားပေးမှာ ဖြစ်ပါတယ်''ဟု ပြောကြား သည်။
အဆိုပါသင်တန်းကို ဂေဘားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကကြီးမှူး၍ ဂေဘားစာပေ ကို ပြန်လည်ထပ်ဆင့်သင်ကြားပေးနိုင် မည့် လိပ်သို့မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ များမှ အခြေခံပညာမူလတန်းကျောင်းပေါင်း ၁ဝ၈ ကျောင်းမှ ဆရာ ဆရာမ ၆၇ ဦးတို့အား မတ် ၂၃ ရက်မှ ၂၈ ရက်ထိ ခြောက်ရက်ကြာ ဂေဘားစာပေသင်ကြားမှုအပြင် ဂေဘား ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများကိုပါ ထည့်သွင်းသင်ကြားပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

ညောင်ချဉ်ဖူးသုပ်

Image may contain: food
ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကချင်ပြည်နယ်ဘက်တွေကို ခရီးထွက် ရတဲ့အခါ ဈေးတွေရောက်ရင် ဈေးကြိုဈေးကြားတွေထဲမှာ ညောင်ချဉ်ဖူးလေး တွေကို အပုံလေးတွေပုံပြီး ရောင်းနေတာကို တွေ့ရတတ်ပါတယ်။ အဲဒီ ညောင်ချဉ်ဖူးကို အောက်ဘက်အရပ်ဒေသတွေမှာ မတွေ့ရသလောက် ရှိပေမယ့် ညောင်ပင်အမျိုးအစား အများအပြားပေါက်ရောက်လေ့ရှိတဲ့ ပြည်နယ် ဘက်တွေမှာတော့ ညောင်ချဉ်ဖူးကို ရိုးရာအစားအစာအဖြစ် ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိကြတာကို တွေ့ရပါတယ်။ ညောင်ချဉ်ဖူးဆိုတာက အရွက် ဖြစ်မလာမီ ရွက်နုထိုးတဲ့အဖူးကလေးတွေ ဖြစ်ပါတယ်။
အဲဒီ ပြည်နယ်ဒေသတွေရဲ့ ဈေးနေ့တွေမှာဆိုရင် ညောင်ချဉ်ဖူးကို အစိမ်း အတိုင်းဖြစ်စေ၊ အချဉ်တည်ပြီးသားဖြစ်စေ ဖက်ကလေးတွေနဲ့ပုံပြီး ရောင်းကြ တာကို တွေ့ဖူးကြမှာပါ။ ဘယ်လိုစားရသလဲ မေးမြန်းတဲ့အခါ ဒေသခံတွေက ညောင်ချဉ်ဖူးကို ထောင်းစား၊ သုပ်စားကြပါသတဲ့။ ကိုယ်တွေမစားဖူးတဲ့ အထူး အဆန်း ဟင်းလျာဖြစ်တာမို့ သုပ်ပုံသုပ်နည်းကိုမေးမြန်းပြီး သုပ်စားကြည့်ရာမှာ အမှန်တကယ်လည်း လျှာရင်းမြက်စေတဲ့ ဟင်းလျာတစ်ခွက်ဖြစ်နေပါတယ်။
ညောင်ချဉ်ဖူးအစိမ်းအတိုင်းဆိုရင် ရေနွေးဖျောသုပ်ရမှာဖြစ်ပြီး အချဉ် တည်ပြီးသားဆိုရင်တော့ အနေတော်အရွယ်ကလေးတွေလှီးပြီး မြေပဲဆန် ထောင်း၊ ပုစွန်ခြောက်နိုင်နိုင်၊ ကြက်သွန်စိမ်းနဲ့ ငရုတ်သီးပါးပါးလှီးလို့ ဆား ထည့်ကာ ဆီချက်လောင်းသုပ်ရတာပါ။ ညောင်ချဉ်ဖူးမှာက ပင်ကိုသဘာဝ အချဉ်ဓာတ်ကလေးပါပြီးသားမို့ သံပရာရည်ကူစရာမလိုဘဲ သုပ်စားကြည့်ရင် ချဉ်ဖြုံးဖြုံးအရသာရှိတဲ့ ညောင်ချဉ်ဖူးသုပ်ကို လျှာလည်ကာ ခံတွင်းတွေ့ သွားကြမှာ အသေအချာပါလို့ ဆိုလိုက်ပါရစေ။
စံလွင်(ငါးဦးစီး)

မကွေးအသင်း မထင်မှတ်ဘဲ ရှုံးပွဲတွေ့

Image may contain: 5 people, people playing sports and outdoor
ရန်ကုန် မတ် ၃ဝ
၂ဝ၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၉)ပထမနေ့ကို ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပသည်။
GFA - တစ်ဂိုး
မကွေး - ဂိုးမရှိ
ရန်ကုန်၊ ရတနာပုံ၊ ဧရာဝတီနှင့် ဟံသာဝတီ စသည့် အသင်းကြီးများကို အနိုင်ကစားထားသည့် မကွေးအသင်းသည် ဇယားအောက်ပိုင်းမှGFA အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့သည်။ ပြီးခဲ့သည့်ရာသီတွင် မကွေးအသင်းကို တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားသည့် GFA အသင်းသည် ယခုရာသီ တွင်လည်း နိုင်ပွဲထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်သည်။GFA အသင်းသည် ယခုပွဲ အနိုင်ရလဒ်ကြောင့် တန်းဆင်းဇုန်မှလွတ်ရန် မျှော်လင့်ချက်ရှိလာခဲ့သည်။
မကွေးအသင်းသည် ပွဲပယ်ခံထားရသည့် တိုက်စစ်မှူး အောင်မြင့်ထွန်းမှ လွဲ၍ လူစုံပါဝင်ခဲ့ပြီး GFA အသင်းတွင်လည်း နိုင်ငံခြားသားကစားသမားနှစ်ဦး နှင့် လူစုံခဲ့သည်။ မကွေးအသင်းသည် ခြေအသာဖြင့် ဖိကစားနိုင်ခဲ့သော်လည်းGFAအသင်း၏ ခံစစ်ကစားပုံကြောင့် ရုန်းကန်ခဲ့ရသလို အောင်မြင့်ထွန်းမပါသည့် တိုက်စစ်မှာလည်း အားနည်းခဲ့ သည်။ ထို့ကြောင့် ပထမပိုင်းတွင် မကွေးအသင်း ထိရောက်သည့် ဂိုးသွင်းခွင့် မရခဲ့ဘဲ ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင်လည်း မကွေးအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီးGFAအသင်းက တန်ပြန်တိုက်စစ်ဖြင့်သာ ကစားခဲ့ သည်။ သို့သော်GFA အသင်း၏ တန်ပြန်တိုက်စစ်မှာ ထိရောက်ခဲ့ပြီး ဂိုးရလု အခြေအနေများ ပိုရခဲ့သည်။ မကွေးအသင်းသည် ဂိုးရရေးကြိုးပမ်းခဲ့သော်လည်းGFAနောက်တန်းကို မကျော်နိုင်ခြင်း၊ ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ သော်လည်း တိုက်စစ်အား တက်မလာခြင်းကြောင့် ဂိုးပေါက်ပျောက်ဆုံးခဲ့ရသည်။GFA အသင်းအတွက် အနိုင်ဂိုးကို ၈၁ မိနစ်တွင် မန်ထိပ်ပေါင်က သွင်းယူခဲ့ သည်။ မကွေးအသင်းသည် ယခုပွဲအရှုံးကြောင့် ထိပ်ဆုံးမှ ရန်ကုန်အသင်းကို ဆက်လက်ဖိအားပေးနိုင်ရန် ခက်ခဲသွားပြီဖြစ်သည်။
ပွဲစဉ် (၉) ဒုတိယနေ့ကို မတ် ၃၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်နှင့် ရခိုင်၊ သုဝဏ္ဏကွင်း၌ မြဝတီနှင့် ရန်ကုန်၊ မုံရွာကွင်း၌ စစ်ကိုင်းနှင့်Southern အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဖိုးသော်ဇင်

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လည်ပတ်

Image may contain: 1 person, sky, tree, motorcycle and outdoor
နေပြည်တော် မတ် ၃ဝ
နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ သည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝ အလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ် ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက် များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ်ဝင် ထွက်သွားလာ လည်ပတ်လျက်ရှိသည်။
မတ် ၂၃ ရက်မှ ၂၉ ရက်အထိ တာချီလိတ်နယ် စပ်ဝင်ထွက်ပေါက်မှတစ်ဆင့် နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီး သွားဧည့်သည် ၁၉၅ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် ၄ဝ၉ ဦး၊ ဗီဇာဖြင့်လာရောက်လည်ပတ် ကြသည့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် ၁၆၃ ဦးရှိကြောင်း သိရသည်။
နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည် တာချီလိတ်မြို့ ရှိ အထင်ကရနေရာများဖြစ်သောတာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေတိဂုံစေတီတော်၊ တိုင်းရင်းသားကျေးရွာ၊ အာခါ ဈေး၊ တရုတ်ဘုံကျောင်းများသို့ သွားရောက် လည် ပတ်ကြသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာ စေတီ၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခိုကျောင်း၊ ဝတ် အင်း ကျောင်း၊ စွန်တောင်စေတီ၊ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ် တစ်ပင်တောင်၊ ကမ္ဘာအေးစေတီစသည့် အထင် ကရနေရာများသို့ သွားရောက်လည်ပတ်ကြသည်။
တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင် ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၂၉ ရက်အထိ နေ့ချင်းပြန် ခရီးသည် စုစု ပေါင်းမှာ ၉၃၂၄၃ဝ ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ခရီးသည် စုစုပေါင်း ၁၅၈၂၄ ဦး နှင့် ဗီဇာဖြင့် တာချိတ်လိတ်မှတစ်ဆင့် လေယာဉ် ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက် လည်ပတ်သည့် ခရီးသည်စုစုပေါင်း ၇၉၃၂ ဦးတို့ ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
ကြေးမုံ

နန့်မြစ်ခချောင်းကူးတံတားတည်ဆောက်မှု ၈၂ ရာခိုင်နှုန်းပြီးစီး

Image may contain: outdoor
ဝိုင်းမော် မတ် ၃ဝ
ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်း မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းအပိုင်းရှိ မိုင်တိုင်အမှတ် (၄၈ဝ/၇) နှင့် (၄၈၁/ဝ)အကြားတည်ဆောက်လျက်ရှိသည့် နန့်မြစ်ခချောင်းကူးတံတားတွင် အကျယ် ၂၄ ပေရှိ အပိုင်း အား တည်ဆောက်ရေးလုပ်ငန်းခွင်မှာ မတ်၃ဝရက်အထိ ၈၂ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာဦးကျော်ဇင်ထွေးထံမှသိရသည်။
''ကျွန်တော်တို့တည်ဆောက်နေတဲ့ နန့်မြစ်ခချောင်းကူး တံတားကတော့ အကျယ် ၄၈ ပေရှိ သံကူကွန်ကရစ်၊ သံမဏိ ရက်မသံကူကွန်ကရစ်ကြမ်းခင်းတံတားအဖြစ် တည် ဆောက်ရာမှာ ယာဉ်သွားလာမှုမပြတ်တောက်စေရေး ၂၄ ပေအကျယ် လမ်းပိုင်းကို စတင်တည်ဆောက်နေရာမှာ ဒီနေ့အထိတံတားတစ်စင်းလုံးရဲ့ လုပ်ငန်းပမာဏ ၈၂ ရာခိုင်နှုန်းပြီးစီးနေပါပြီ၊ ကျန်တဲ့ ၂၄ ပေ အကျယ် တံတားအပိုင်းအတွက်လည်း အောက်ခြေရေလယ်တိုင်တူးဖော်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီး အခုပြီးစီး သွားတဲ့တံတားအပိုင်းကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၄ဝဝ အကုန်အကျခံ တည်ဆောက်ခြင်းဖြစ်ပါတယ်'' ဟု တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁)မှ စီမံကိန်းလုပ်ငန်း တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဇင်ထွေးကပြောကြားသည်။
အဆိုပါ တံတားတည်ဆောက်ရေး လုပ်ငန်းအား တာဝန်ခံအင်ဂျင်နီယာ ဦးသက်မိုးဝင်းက တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ကျန်ရှိသည့် အကျယ် ၂၄ ပေရှိ သံကူကွန်ကရစ်တံတားအား ၂ဝ၁၈-၂ဝ၁၉ခု ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေ ၁၂၄၈ ဒသမ ၆၄၁ သန်းဖြင့် ဆက် လက်တည်ဆောက်သွားမည်ဖြစ်ကာ အဆိုပါတံတားမှာ ယာဉ်တစ်စီးချင်းအလေးချိန် ၇၅ တန် ဖြတ်သန်းမောင်းနှင် နိုင်မည်ဖြစ်ကြောင်းသိရသည်။
ဦးလေးကြီး

နယူးယောက်မှာ အိမ်ခန်းဝယ်လိုက်တဲ့ ဂျနီဖာလိုပက်ဇ်

Image may contain: 2 people, people standing and shoes
ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲ တစ်တွဲဖြစ်တဲ့ တေးသံရှင်နဲ့ သရုပ်ဆောင် တစ်ဦးဖြစ်သူ ဂျနီဖာလိုပက်ဇ်နဲ့ အားကစား ကြယ်ပွင့်တစ်ဦးဖြစ်သူ အဲလက်ဇ်ရိုဒရီ ဂွက်စ်တို့ဟာ လတ်တလောမှာတော့ နယူးယောက်မှာ ပြောင်းရွှေ့နေထိုင်ကြ ကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါ တယ်။ လက်ရှိမှာ ကြယ်ပွင့်နှစ်ဦး အတူ နေထိုင်နေတဲ့ နယူးယောက်က တိုက်ခန်း ဟာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ သန်းရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဝယ်ယူခဲ့တာဖြစ် ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ချစ်သူတွေအဖြစ် အချိန်အတော်ကြာ လက်တွဲလာခဲ့ကြတဲ့ ဂျနီဖာလိုပက်ဇ်နဲ့ အဲလက်ဇ်ရိုဒရီဂွက်စ်တို့ဟာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို နောက်တစ်ဆင့် တိုးမြှင့် တဲ့အနေနဲ့ ယခုလို တိုက်ခန်းသစ်ကို ဝယ်ယူကာ အတူပြောင်းရွှေ့နေထိုင်ခဲ့ ကြတာဖြစ်ပြီး မင်္ဂလာပွဲဆင်နွှဲဖို့ရာ စဉ်းစား နေပြီဖြစ်ကြောင်းလည်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။
အေးပြည့်

ချွာဂျီဝူးရဲ့ မင်္ဂလာဓာတ်ပုံများ ထုတ်ဖော်ပြသ

Image may contain: 1 person, wedding and outdoor
လတ်တလောမှာ မင်္ဂလာပွဲဆင်နွှဲခဲ့တဲ့ မင်းသမီး ချွာဂျီဝူးဟာ လတ်တလောမှာတော့ သူ့ရဲ့ မင်္ဂလာဝတ်စုံဆင်မြန်းထားတဲ့ ပုံရိပ်တွေကို ထုတ်ဖော်ပြသလာတာ တွေ့ရပါတယ်။ ယင်း ဓာတ်ပုံတွေမှာတော့ မင်းသမီးက သူ့ရဲ့ သတို့သားကို ဖော်ပြခဲ့ရာမှာ နောက် ဘက်က မြင်ရတဲ့ တစ်ခြမ်းပုံလေးကိုသာ ထည့်သွင်းဖော်ပြခဲ့တာကိုလည်း တွေ့ခဲ့ရ ပါတယ်။
ချွာဂျီဝူးဟာ မင်္ဂလာဝတ်စုံနဲ့ ရိုက်ကူး ထားတဲ့ ဓာတ်ပုံသုံးပုံကို သူ့ရဲ့အေဂျင်စီဖြစ်တဲ့ ဝိုင်ဂျီအန်တာတိန်းမန့်ကနေတစ်ဆင့် ထုတ် ဖော်ပြသလာခဲ့တာဖြစ်ကြောင်း ဟန်စင်း နီးမားဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေ အရ သိရပါတယ်။
''ဟေမန်ဆောင်းရဲ့ ချစ်သံဇဉ်''ဇာတ်လမ်း တွဲနဲ့ အာရှပရိသတ်တွေကို အထူးဆွဲဆောင် နိုင်ခဲ့တဲ့ မင်းသမီး ချွာဂျီဝူးဟာ အများကို ထုတ်ဖော်အသိပေးခဲ့ခြင်း မရှိခဲ့ဘဲ သူ့ရဲ့ ချစ်သူနဲ့ တိတ်တဆိတ် လက်ထပ်ထားတာဖြစ် ကြောင်း ပြီးခဲ့တဲ့ရက်က သတင်းတွေ ပေါ်ထွက် လာခဲ့ရာ ကြယ်ပွင့်ရဲ့ အေဂျင်စီကလည်း အဆိုပါ သတင်းတွေဟာ မှန်ကန်ကြောင်း ချက်ချင်းအတည်ပြုပေးတာဖြစ်တယ်လို့ သိရ ပါတယ်။
ဒီလို လက်ထပ်ခဲ့ပြီးဖြစ်ကြောင်း ထုတ် ဖော်ပြောကြားလာခဲ့သူကတော့ ချွာဂျီဝူး ကိုယ်တိုင်ဖြစ်ပါတယ်။ မင်းသမီးက ပြီးခဲ့တဲ့ မတ် ၂၉ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သူဟာ အနုပညာအသိုင်း အဝိုင်းက မဟုတ်တဲ့သူနဲ့ လက်ထပ်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါ တယ်။ ချွာဂျီဝူးဟာ လက်ရှိမှာ အနုပညာ လှုပ်ရှားမှုတွေ နည်းပါးသွားခဲ့ပေမယ့် လတ်တလော သူဖော်ပြခဲ့တဲ့သတင်းဟာ ပရိသတ်တွေရဲ့အာရုံကို အတော်လေးဖမ်းစား ထားနိုင်ခဲ့တာ တွေ့ရပါတယ်။
လတ်တလောမှာ အသက် ၄၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ချွာဂျီဝူးက မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ သူ့ရဲ့ဓာတ်ပုံနဲ့အတူ လက်ရေးနဲ့ ရေးသားထားတဲ့ စာတစ်စောင်ကိုဖော်ပြခဲ့ပြီး လက်ထပ်ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လာခဲ့တာ ဖြစ်ပါတယ်။ ယင်းစာမှာ ချွာဂျီဝူးက သူနဲ့ လက်ထပ်ခဲ့သူဟာ အနုပညာအသိုင်း အဝိုင်းက မဟုတ်ကြောင်း၊ စိုးရိမ်စိတ်နဲ့စာကို ရေးသားခဲ့ရတာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ မတ် ၂၉ ရက်မှာ လက်ထပ်ခဲ့တာဖြစ်ကြောင်း၊ သူတို့နှစ်ဦးကို ဆုတောင်းပေးစေလိုကြောင်း စသည်ဖြင့် ထည့်သွင်းရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။
ချွာဂျီဝူးဟာ ချစ်သူရှိနေကြောင်း ကောလာဟလတွေ မထွက်ခဲ့တဲ့အတွက်လည်း သူ့ရဲ့မင်္ဂလာသတင်းဟာ ပရိသတ်ကို အတော် လေးအံ့အားသင့်စေခဲ့ပါတယ်။ လက်ရှိအချိန် အထိတော့ ချွာဂျီဝူးရဲ့ ခင်ပွန်းဖြစ်သူနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိထားတာ မရှိသေးကြောင်းလည်း သိရပါတယ်။
အေးပြည့်

ချစ်သူငယ်ငယ်လေးနဲ့ လက်ချင်းတွဲလာတဲ့ လီယိုနာဒိုဒီကာပရီယို

Image may contain: one or more people, people standing and shoes
အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အော်စကာဆုရှင် မင်းသားကြီး လီယိုနာဒိုဒီကာပရီယိုဟာ လတ်တလော မှာတော့ အသက် ၂ဝ အရွယ်သာရှိသေးတဲ့ ချစ်သူသစ် လေးနဲ့ လက်ချင်းတွဲကာ အလည်အပတ်ထွက်ခဲ့တာကို တွေ့ခဲ့ရကြောင်း မေးလ်အွန်လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက် တွေအရ သိရပါတယ်။
''Titanic'' မင်းသား လီယိုနာဒိုနဲ့ ဟောလိဝုဒ် ကြယ်ပွင့်တစ်ဦးရဲ့ သမီးဖြစ်သူ ကမ်မီလာမော်ရုန်းတို့ဟာ နံနက်စာ အတူစားဖို့အတွက် ချိန်းဆိုတွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ဟောလိဝုဒ်အနောက်ပိုင်းက စားသောက်ဆိုင် တစ်ဆိုင်ကို အတူဝင်သွားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီလို စားသောက်ဆိုင်ကို အတူလာရောက်ခဲ့ကြတဲ့ သူတို့ စုံတွဲဟာ မီဒီယာတွေကိုတော့ ရှောင်ရှားလိုခြင်းမရှိဘဲ ကမ်မီလာက လီယိုနာဒိုရဲ့ လက်မောင်းကို တစ်ချိန်လုံး တွဲထားတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ ယခုနှစ် နှစ်စပိုင်းကတည်းက ချစ်သူတွေအဖြစ် စတင်လက်တွဲ ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်

ရုပ်ရှင်လောကမှ အနားယူထားကြောင်း ကမ်မရွန်းဒီရက်ဇ် အတည်ပြု

Image may contain: 1 person
ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ ''Charlie's Angels'' မှာ ဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ကမ္ဘာတစ်လွှားက ပရိသတ်တွေ ရဲ့ အားပေးမှုကို စတင်ရရှိလာခဲ့တဲ့ မင်းသမီး ကမ်မရွန်းဒီရက်ဇ်ဟာ ရုပ်ရှင်လောကမှ အနားယူတော့မှာဖြစ်ကြောင်း သတင်းတွေဟာ သီတင်းပတ် အတော်ကြာကတည်းက ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ ကမ်မရွန်းဒီရက်ဇ်ကိုယ်တိုင်က သူဟာ ရုပ်ရှင်လောကကနေ အနားယူထားကြောင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးက လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူဟာ အနုပညာလောကမှ အနား ယူထားကြောင်း၊ လက်ရှိမှာတော့ လက်ခံဆောင်ရွက်ပေးနေတဲ့ အနုပညာ လှုပ်ရှားမှုမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကာ သူ့ရဲ့ အနုပညာခရီးနဲ့ ပတ်သက်ပြီး ပေါ်ထွက်လာခဲ့တဲ့ ကောလာဟလတွေကို အတည်ပြုပေးခဲ့ တာလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း အနုပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ရခြင်း မရှိခဲ့ပါဘူး။ လက်ရှိမှာတော့ သူဟာ မိခင်တစ်ဦးအဖြစ်သာ ရပ်တည်နေတာဖြစ်တယ်လို့လည်း ဒီရက်ဇ်က ဆိုပါတယ်။ ဒါ့အပြင် သူဟာ အဆိုပါအင်တာဗျူးကို လုပ်ဖော်ကိုင်ဖက်နဲ့ အတူ ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ တစ်ချိန်က သူနဲ့လက်တွဲလုပ်ဆောင် ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မကြာခဏ တွေ့ဆုံလိုကြောင်းလည်း ရင်ဖွင့်ခဲ့ပါတယ်။
အေးပြည့်

ညောင်သုံးပင်ကျေးရွာ၌ နွေစပါး စံကွက်ရိတ်သိမ်း

Image may contain: one or more people, people standing, outdoor and nature
ရန်ကုန် မတ် ၃ဝ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာ ကွင်းအမှတ် ၆၆၈ ဦးပိုင်အမှတ် (၈/ခ) မိုးကောင်းကွင်း တောင်သူဦးကြာဝင်း၏ဧရိယာ ၁ ဒသမ ၅၇ ဧကတွင် မတ် ၃ဝ ရက် နံနက် ၉ နာရီက နွေစပါးစံကွက် သုည ဒသမ ၁ဝ ဧကရိတ်သိမ်းရာ တစ်ဧက အစိုထွက်နှုန်း ၁၃၅ ဒသမ ၁၂ တင်းထွက်ရှိကြောင်း သိရသည်။
အဆိုပါ နွေစပါးရိတ်သိမ်းပွဲသို့ ခရိုင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောအောင်နှင့် စံကွက် ရိတ်သိမ်းတောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း နွေစပါးလျာထားဧက ၁၇၉ဝ လျာထားပြီး စိုက်ပျိုးဧက ၂၃၅၇ ဧက စိုက်ပျိုးနိုင်သည့်အတွက် သတ်မှတ်လျာထားဧကထက်ပြည့်မီကျော်လွန်စိုက် ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
သက်ခိုင်(သန်လျင်)

ဟင်္သာတမြို့၌ ကလေးစာပေပွဲတော်၊ ကလေးစာပေပြခန်းနှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ

Image may contain: 4 people, people standing, outdoor and food
ဟင်္သာတ မတ် ၃ဝ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြခန်းနှင့် စာအုပ်ဈေးရောင်း ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ် ၃ဝ ရက် နံနက် ၉ နာရီက ဟင်္သာတမြို့ ရွှေစေတီလမ်းရှိ အထက (၃) ကျောင်း၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုး အောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေး၊ လူမှုရေးဝန်ကြီးဒေါက်တာ လှမြတ်သွေး၊ ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းတို့ကကလေးစာပေပွဲတော်(ဟင်္သာတ) အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးဝန်ကြီးချုပ်နှင့်ဧည့်သည် တော်များက ကျောင်းသား၊ ကျောင်းသူလေးများနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများ နှင့်အတူ စုပေါင်း၍မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို အထက(၃)ပြည်ထောင်စုခန်းမ၌ ဆက်လက်ကျင်းပရာ ဟင်္သာတခရိုင်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများက''ကလေး စာပေပွဲတော်Theme Song'' သီချင်းကို သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာ စကား ပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူးဦးငွေထွန်းက ကလေးစာပေပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။ ထို့နောက် အခြေခံပညာ ဦးစီးဌာန ခရိုင် ပညာရေးမှူး ဦးမြင့်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိ သူများက အထက၊ အလက၊ ကိုယ်ပိုင်ကျောင်းနှင့် အမက ကျောင်းများမှကျောင်းသား ကျောင်းသူ လေးများ၏ အကပဒေသာ၊ တေးသရုပ်ဖော်များဖြင့်ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအား ပေးခဲ့ကြပြီး အထက(၃)မြေညီထပ်၊ ပထမထပ်နှင့် မြဝတီ ဆောင်၊ နဝဒေးဆောင်နှင့် ဘောလုံးကစား ကွင်းတို့တွင် ခင်းကျင်းပြသထားသည့် ပြိုင်ပွဲများ၊ စာဖတ်ခန်းများ၊ ပြခန်းများနှင့်စာအုပ်အရောင်း ဆိုင်များ ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
အဆိုပါကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို မတ် ၃၁ ရက်ထိ နှစ်ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကလေးစာပေပြခန်း၊ အသိပညာပေးပြခန်း၊ စာအုပ် အရောင်းဆိုင်ခန်းပေါင်း ၅ဝ ကျော်နှင့် ဆရာကြီး မင်းသုဝဏ်၏ ဘဝဖြစ်စဉ်မှတ်တမ်း၊ ကလေးကဗျာ များနှင့် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
နိုင်ငံ၏နောင်အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာကြမည့် ကလေးများ၏ဥာဏ်ရည်ဥာဏ် သွေးနှင့် အယူအဆများထက်မြက်လာစေရန်၊ ကလေးများ၏တီထွင်ဖန်တီးလိုစိတ်များ ရင့်သန် လာစေရန်နှင့်နှုတ်မှုရေးရာပြောဆိုနိုင်သည့် စွမ်း ရည်များမြင့်မားလာစေရန်၊ ကလေးများစာပေနှင့် ထိတွေ့ရင်းနှီးခွင့်ရပြီး စာဖတ်ဝါသနာပါလာစေ ရန်၊ကလေးများ၏ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် ကလေးစာပေ ပွဲတော်များကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)

ဟင်္သာတမြို့၌ ကလေးစာပေပွဲတော်၊ ကလေးစာပေပြခန်းနှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ

Image may contain: 4 people, people standing, outdoor and food
ဟင်္သာတ မတ် ၃ဝ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြခန်းနှင့် စာအုပ်ဈေးရောင်း ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ် ၃ဝ ရက် နံနက် ၉ နာရီက ဟင်္သာတမြို့ ရွှေစေတီလမ်းရှိ အထက (၃) ကျောင်း၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုး အောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေး၊ လူမှုရေးဝန်ကြီးဒေါက်တာ လှမြတ်သွေး၊ ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းတို့ကကလေးစာပေပွဲတော်(ဟင်္သာတ) အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးဝန်ကြီးချုပ်နှင့်ဧည့်သည် တော်များက ကျောင်းသား၊ ကျောင်းသူလေးများနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများ နှင့်အတူ စုပေါင်း၍မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို အထက(၃)ပြည်ထောင်စုခန်းမ၌ ဆက်လက်ကျင်းပရာ ဟင်္သာတခရိုင်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများက''ကလေး စာပေပွဲတော်Theme Song'' သီချင်းကို သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာ စကား ပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူးဦးငွေထွန်းက ကလေးစာပေပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။ ထို့နောက် အခြေခံပညာ ဦးစီးဌာန ခရိုင် ပညာရေးမှူး ဦးမြင့်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိ သူများက အထက၊ အလက၊ ကိုယ်ပိုင်ကျောင်းနှင့် အမက ကျောင်းများမှကျောင်းသား ကျောင်းသူ လေးများ၏ အကပဒေသာ၊ တေးသရုပ်ဖော်များဖြင့်ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအား ပေးခဲ့ကြပြီး အထက(၃)မြေညီထပ်၊ ပထမထပ်နှင့် မြဝတီ ဆောင်၊ နဝဒေးဆောင်နှင့် ဘောလုံးကစား ကွင်းတို့တွင် ခင်းကျင်းပြသထားသည့် ပြိုင်ပွဲများ၊ စာဖတ်ခန်းများ၊ ပြခန်းများနှင့်စာအုပ်အရောင်း ဆိုင်များ ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
အဆိုပါကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို မတ် ၃၁ ရက်ထိ နှစ်ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကလေးစာပေပြခန်း၊ အသိပညာပေးပြခန်း၊ စာအုပ် အရောင်းဆိုင်ခန်းပေါင်း ၅ဝ ကျော်နှင့် ဆရာကြီး မင်းသုဝဏ်၏ ဘဝဖြစ်စဉ်မှတ်တမ်း၊ ကလေးကဗျာ များနှင့် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
နိုင်ငံ၏နောင်အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာကြမည့် ကလေးများ၏ဥာဏ်ရည်ဥာဏ် သွေးနှင့် အယူအဆများထက်မြက်လာစေရန်၊ ကလေးများ၏တီထွင်ဖန်တီးလိုစိတ်များ ရင့်သန် လာစေရန်နှင့်နှုတ်မှုရေးရာပြောဆိုနိုင်သည့် စွမ်း ရည်များမြင့်မားလာစေရန်၊ ကလေးများစာပေနှင့် ထိတွေ့ရင်းနှီးခွင့်ရပြီး စာဖတ်ဝါသနာပါလာစေ ရန်၊ကလေးများ၏ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် ကလေးစာပေ ပွဲတော်များကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)

၃၃ ကေဗွီလိုင်းSectionalizer တပ်ဆင်ပေးခြင်းကြောင့် ဓာတ်အားသုံးစွဲသူများပျော်ရွှင်

Image may contain: one or more people, sky and outdoor
ကျောက်ဆည် မတ် ၃ဝ
ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်
ရန်အောင်မြင်ရပ်ကွက်အတွင်းရှိ လျှပ်စစ်
ခွဲရုံ၌ မတ် ၂၉ ရက်က မန္တလေးလျှပ်စစ်
ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ စဥ့်ကိုင်
မြို့နယ် တာဝန်ခံများသည် အဆိုပါ
လျှပ်စစ်ခွဲရုံမှ လျှပ်မီးသုံးစွဲနေသာ ပြည်သူ
များ လျှပ်စစ်မီးပိုမိုပြည့်ဝစွာ သုံးစွဲနိုင်ရေး
အတွက် ၃၃ ကေဗွီလိုင်းSectionalizerအသစ်တစ်လုံး တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို စဥ့်ကိုင်မြို့အား
တာဝန်ယူ ဓာတ်အားဖြန့်ဖြူးပေးနေသည့်
နယူးအဲလ်ဗားလိုက်ကုမ္ပဏီ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး စုစုပေါင်းကုန်ကျငွေ
မှာ ကျပ်သန်း ၂ဝ ခန့်ဖြစ်ကာ ယခုအခါ
လုပ်ငန်းများ ပြီးစီးပြီဖြစ်သဖြင့် ယခင်က ၃၃ ကေဗွီလိုင်းပေါ်မှ အတူသုံးစွဲနေသည့် ပလိပ်မြို့နယ်နှင့် တံတားဦးမြို့နယ်တို့ လိုင်းအပြစ်ဖြစ်ပါက ၃၃ ကေဗွီလိုင်းSectionalizer ၌သာTrip ဖြစ်ပြီး Sim card အသုံးပြုကာ လျှပ်စစ်ဓာတ်အား အဖွင့်
အပိတ်ပြုလုပ်နိုင်သဖြင့် ဓာတ်အားပြတ်
တောက်ချိန် နည်းပါးသွားမည်ဖြစ်သဖြင့် အဆိုပါလိုင်းမှ လျှပ်စစ်သုံးစွဲနေသော ပြည်သူများ ပျော်ရွှင်နေလျက်ရှိကြောင်း သိရသည်။
သက်မောင် (ခရိုင်ပြန်/ဆက်)

မိတ္ထီလာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ လမ်းလျှောက်ရေသဘင်ပွဲတော် ကျင်းပ

Image may contain: 2 people, crowd, tree and outdoor
မိတ္ထီလာ မတ် ၃ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ
မြို့နယ် မိတ္ထီလာတက္ကသိုလ် ဘာသာရပ်
ပေါင်းစုံ လမ်းလျှောက်ရေသဘင်ပွဲ
တော်ကို မတ် ၂၉ ရက် နံနက် ၈ နာရီ
က အဆိုပါ တက္ကသိုလ်ကျောင်းဝင်း အတွင်း ရေကစားမဏ္ဍပ်များ တည်
ဆောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ရေကစားခဲ့ကြောင်း သိရသည်။
မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာဘဟန်က ဖဲကြိုးဖြတ်ဖွင့်
လှစ်ပေးပြီး ဆရာ၊ ဆရာများနှင့်
ကျောင်းသူ၊ ကျောင်းသားများက
သင်္ကြန်သီချင်းများ ဖျော်ဖြေ၍ ပျော်
ရွှင်စွာ ရေကစားခဲ့သည်။
ထို့နောက် ဘာသာရပ်အလိုက် မဏ္ဍပ် ၁၂ ခု ဆောက်လုပ်၍ ဆရာ၊
ဆရာမများနှင့် ကျောင်းသူ၊ ကျောင်း
သားများက စတုဒိသာများဖြင့် ကျွေး
မွေးဧည့်ခံခဲ့ပြီး တက္ကသိုလ် ဘာသာရပ်
ပေါင်းစုံ လမ်းလျှောက်သင်္ကြန်ပွဲတော် ကို နံနက် ၈ နာရီမှစ၍ ပျော်ရွှင်စွာ
ရေကစားခဲ့ကြကြောင်း တက္ကသိုလ်မှ
တာဝန်ရှိသူတစ်ဦးက ပြောကြား
သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ ဦးဆောင်းအပ်နှင်းပွဲကျင်းပ

Image may contain: 15 people, people standing and indoor
ကလေး မတ် ၃ဝ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး သူနာပြုနှင့်
သားဖွားသင်တန်းကျောင်း(ကလေး)၏အပတ်စဉ် (၃) ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်း ပထမနှစ်သင်တန်းသူ ၅၆ ဦးတို့အား ဦးဆောင်းအပ်နှင်းပွဲ
အခမ်းအနားကို မတ် ၂၉ ရက် နံနက် ၉ နာရီ
က အဆိုပါကျောင်း အစည်းအဝေး
ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သူနာပြုနှင့် သားဖွား
သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ
ကြီး ဒေါ်စန်းစန်းဌေးက အဖွင့်အမှာစကား
ပြောကြားပြီး သူနာပြုနှင့် သားဖွားသင်တန်း
ကျောင်းမှကျောင်းအုပ်ဒေါ်ဝေဝေလွင်က ဦးဆောင်းအပ်နှင်းခြင်း၏ရည်ရွယ်ချက်
နှင့် သင်တန်းကျောင်း၏သမိုင်းအကျဉ်း
နှင့် လက်ရှိဆောင်ရွက်လျက်ရှိသော
လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ဦးဆောင်းများကို ကျောင်းအုပ်
ဆရာမကြီးအပါအဝင် သက်ဆိုင်ရာ သူနာ ပြုဆရာ ဆရာမကြီးများက အပတ်စဉ် (၃)
ဘက်စုံ သားဖွားသင်တန်းသူများအား အပ်နှင်းကြကာ သင်တန်းသူများက
သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ အဓိဋ္ဌာန်
ပြုပြီးနောက် ကရုဏာအလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ သင်တန်းသူများထဲမှ ပညာရည်ထူးချွန်ဆုများ ရရှိသူများကို
ကလေးမြို့ အထွေထွေရောဂါကုဆေးရုံ
ကြီးမှ (သင်တန်းကျောင်း စီမံဥက္ကဋ္ဌ)
ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင် မျိုးဝင်း၊ ကလေးမြို့နယ် စီမံခန့်ခွဲမှု
ကော်မတီဥက္ကဋ္ဌ ဦးညီညီတို့က ဂုဏ်ပြုဆု များ အသီးသီးပေးအပ်ချီးမြှင့်ကာ အပတ်
စဉ် (၃) ဘက်စုံသားဖွားဒီပလိုမာနှစ်နှစ်
သင်တန်းမှ သင်တန်းသူများကိုယ်စား သင်တန်းသူ မငြိမ်းစန္ဒာဌေးက ကျေးဇူး
တင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ကလေးမြို့သူနာပြုနှင့် သားဖွား
သင်တန်းကျောင်းတွင် ဘက်စုံသားဖွား ဒီပလိုမာ နှစ်နှစ်သင်တန်းသူ ၁၁ဝ၊ သူနာပြု
သားဖွား ဒီပလိုမာသုံးနှစ် သင်တန်းသူ ၂၁၂
ဦး စုစုပေါင်း ၃၂၂ ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။
ချင်းတွင်းသား