Saturday, March 31, 2018

၃၃ ကေဗွီလိုင်းSectionalizer တပ်ဆင်ပေးခြင်းကြောင့် ဓာတ်အားသုံးစွဲသူများပျော်ရွှင်

Image may contain: one or more people, sky and outdoor
ကျောက်ဆည် မတ် ၃ဝ
ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်
ရန်အောင်မြင်ရပ်ကွက်အတွင်းရှိ လျှပ်စစ်
ခွဲရုံ၌ မတ် ၂၉ ရက်က မန္တလေးလျှပ်စစ်
ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ စဥ့်ကိုင်
မြို့နယ် တာဝန်ခံများသည် အဆိုပါ
လျှပ်စစ်ခွဲရုံမှ လျှပ်မီးသုံးစွဲနေသာ ပြည်သူ
များ လျှပ်စစ်မီးပိုမိုပြည့်ဝစွာ သုံးစွဲနိုင်ရေး
အတွက် ၃၃ ကေဗွီလိုင်းSectionalizerအသစ်တစ်လုံး တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို စဥ့်ကိုင်မြို့အား
တာဝန်ယူ ဓာတ်အားဖြန့်ဖြူးပေးနေသည့်
နယူးအဲလ်ဗားလိုက်ကုမ္ပဏီ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး စုစုပေါင်းကုန်ကျငွေ
မှာ ကျပ်သန်း ၂ဝ ခန့်ဖြစ်ကာ ယခုအခါ
လုပ်ငန်းများ ပြီးစီးပြီဖြစ်သဖြင့် ယခင်က ၃၃ ကေဗွီလိုင်းပေါ်မှ အတူသုံးစွဲနေသည့် ပလိပ်မြို့နယ်နှင့် တံတားဦးမြို့နယ်တို့ လိုင်းအပြစ်ဖြစ်ပါက ၃၃ ကေဗွီလိုင်းSectionalizer ၌သာTrip ဖြစ်ပြီး Sim card အသုံးပြုကာ လျှပ်စစ်ဓာတ်အား အဖွင့်
အပိတ်ပြုလုပ်နိုင်သဖြင့် ဓာတ်အားပြတ်
တောက်ချိန် နည်းပါးသွားမည်ဖြစ်သဖြင့် အဆိုပါလိုင်းမှ လျှပ်စစ်သုံးစွဲနေသော ပြည်သူများ ပျော်ရွှင်နေလျက်ရှိကြောင်း သိရသည်။
သက်မောင် (ခရိုင်ပြန်/ဆက်)

No comments:

Post a Comment