Saturday, March 31, 2018

နယူးယောက်မှာ အိမ်ခန်းဝယ်လိုက်တဲ့ ဂျနီဖာလိုပက်ဇ်

Image may contain: 2 people, people standing and shoes
ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ ကြယ်ပွင့်စုံတွဲ တစ်တွဲဖြစ်တဲ့ တေးသံရှင်နဲ့ သရုပ်ဆောင် တစ်ဦးဖြစ်သူ ဂျနီဖာလိုပက်ဇ်နဲ့ အားကစား ကြယ်ပွင့်တစ်ဦးဖြစ်သူ အဲလက်ဇ်ရိုဒရီ ဂွက်စ်တို့ဟာ လတ်တလောမှာတော့ နယူးယောက်မှာ ပြောင်းရွှေ့နေထိုင်ကြ ကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါ တယ်။ လက်ရှိမှာ ကြယ်ပွင့်နှစ်ဦး အတူ နေထိုင်နေတဲ့ နယူးယောက်က တိုက်ခန်း ဟာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ သန်းရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဝယ်ယူခဲ့တာဖြစ် ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ချစ်သူတွေအဖြစ် အချိန်အတော်ကြာ လက်တွဲလာခဲ့ကြတဲ့ ဂျနီဖာလိုပက်ဇ်နဲ့ အဲလက်ဇ်ရိုဒရီဂွက်စ်တို့ဟာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို နောက်တစ်ဆင့် တိုးမြှင့် တဲ့အနေနဲ့ ယခုလို တိုက်ခန်းသစ်ကို ဝယ်ယူကာ အတူပြောင်းရွှေ့နေထိုင်ခဲ့ ကြတာဖြစ်ပြီး မင်္ဂလာပွဲဆင်နွှဲဖို့ရာ စဉ်းစား နေပြီဖြစ်ကြောင်းလည်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။
အေးပြည့်

No comments:

Post a Comment