Saturday, March 31, 2018

မီဇိုး(ချင်း)မျိုးနွယ်စုများ၏ ကြပ်ကြာရ်ကုသ်ပွဲတော်(Chap Char Kut)ကျင်းပ

Image may contain: 2 people, people smiling, outdoor
ကလေး မတ် ၃ဝ
ချင်းမျိုးနွယ်စုများ၏ပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်သော မြန်မာနိုင်ငံရှိ မီဇိုး(ချင်း)မျိုးနွယ်စုများ၏ အထွတ်အမြတ်အထားရှိဆုံးဖြစ်သည့် ကြပ်ကြာရ်ကုသ်ရိုးရာပွဲတော်(Chap Char Kut)-၂ဝ၁၈ ကို မတ် ၂၃ ရက် နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ တာဟန်းရပ်ကွက် အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဗိုလ်မှူးကြီးဖြိုးသန့်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုး၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးလားနွန်ဆန်အာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဧည့်သည်တော်များနှင့်အတူ မီဇိုး(ချင်း) မျိုးနွယ်စုများ၏ တိုင်းရင်းသားရိုးရာ ဝါးညှပ်အကများဖြင့် ကပြဖျော်ဖြေမှုများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဝေလွင်ဖြိုးက အမှာစကားပြောကြား ကာ ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက မီဇိုးမျိုးနွယ်စုများ၏ ကြပ်ကြာရ် ကုသ်ရိုးရာပွဲတော်နှင့်ပတ်သက်၍အသီးသီးရှင်းလင်းပြောကြားကြပြီး ကြပ်ကြာရ်ကုသ်ရိုးရာ ပွဲတော်အား တိုင်းရင်းသားရိုးရာဝါးညှပ်အကအဖွဲ့ ခုနစ်ဖွဲ့အပါအဝင် ခေတ်ပေါ်တေးသရုပ်ဖော် အကများနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့က ရိုးရာတေးသီချင်းများဖြင့် အခမ်းအနားအစီအစဉ်များ အတိုင်း ဆက်လက်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ချင်းတွင်းသား

No comments:

Post a Comment