Saturday, March 31, 2018

ဟင်္သာတမြို့၌ ကလေးစာပေပွဲတော်၊ ကလေးစာပေပြခန်းနှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ

Image may contain: 4 people, people standing, outdoor and food
ဟင်္သာတ မတ် ၃ဝ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ကလေးစာပေ ပွဲတော်၊ ကလေးစာပေပြခန်းနှင့် စာအုပ်ဈေးရောင်း ပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ် ၃ဝ ရက် နံနက် ၉ နာရီက ဟင်္သာတမြို့ ရွှေစေတီလမ်းရှိ အထက (၃) ကျောင်း၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုး အောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေး၊ လူမှုရေးဝန်ကြီးဒေါက်တာ လှမြတ်သွေး၊ ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းတို့ကကလေးစာပေပွဲတော်(ဟင်္သာတ) အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးဝန်ကြီးချုပ်နှင့်ဧည့်သည် တော်များက ကျောင်းသား၊ ကျောင်းသူလေးများနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများ နှင့်အတူ စုပေါင်း၍မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို အထက(၃)ပြည်ထောင်စုခန်းမ၌ ဆက်လက်ကျင်းပရာ ဟင်္သာတခရိုင်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများက''ကလေး စာပေပွဲတော်Theme Song'' သီချင်းကို သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးလှမိုးအောင်က အဖွင့်အမှာ စကား ပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူးဦးငွေထွန်းက ကလေးစာပေပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။ ထို့နောက် အခြေခံပညာ ဦးစီးဌာန ခရိုင် ပညာရေးမှူး ဦးမြင့်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိ သူများက အထက၊ အလက၊ ကိုယ်ပိုင်ကျောင်းနှင့် အမက ကျောင်းများမှကျောင်းသား ကျောင်းသူ လေးများ၏ အကပဒေသာ၊ တေးသရုပ်ဖော်များဖြင့်ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအား ပေးခဲ့ကြပြီး အထက(၃)မြေညီထပ်၊ ပထမထပ်နှင့် မြဝတီ ဆောင်၊ နဝဒေးဆောင်နှင့် ဘောလုံးကစား ကွင်းတို့တွင် ခင်းကျင်းပြသထားသည့် ပြိုင်ပွဲများ၊ စာဖတ်ခန်းများ၊ ပြခန်းများနှင့်စာအုပ်အရောင်း ဆိုင်များ ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
အဆိုပါကလေးစာပေပွဲတော်၊ ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို မတ် ၃၁ ရက်ထိ နှစ်ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကလေးစာပေပြခန်း၊ အသိပညာပေးပြခန်း၊ စာအုပ် အရောင်းဆိုင်ခန်းပေါင်း ၅ဝ ကျော်နှင့် ဆရာကြီး မင်းသုဝဏ်၏ ဘဝဖြစ်စဉ်မှတ်တမ်း၊ ကလေးကဗျာ များနှင့် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
နိုင်ငံ၏နောင်အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာကြမည့် ကလေးများ၏ဥာဏ်ရည်ဥာဏ် သွေးနှင့် အယူအဆများထက်မြက်လာစေရန်၊ ကလေးများ၏တီထွင်ဖန်တီးလိုစိတ်များ ရင့်သန် လာစေရန်နှင့်နှုတ်မှုရေးရာပြောဆိုနိုင်သည့် စွမ်း ရည်များမြင့်မားလာစေရန်၊ ကလေးများစာပေနှင့် ထိတွေ့ရင်းနှီးခွင့်ရပြီး စာဖတ်ဝါသနာပါလာစေ ရန်၊ကလေးများ၏ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ရန် ဟူသည့် ရည်ရွယ်ချက်များဖြင့် ကလေးစာပေ ပွဲတော်များကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)

No comments:

Post a Comment