Saturday, March 31, 2018

ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ ဦးဆောင်းအပ်နှင်းပွဲကျင်းပ

Image may contain: 15 people, people standing and indoor
ကလေး မတ် ၃ဝ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး သူနာပြုနှင့်
သားဖွားသင်တန်းကျောင်း(ကလေး)၏အပတ်စဉ် (၃) ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်း ပထမနှစ်သင်တန်းသူ ၅၆ ဦးတို့အား ဦးဆောင်းအပ်နှင်းပွဲ
အခမ်းအနားကို မတ် ၂၉ ရက် နံနက် ၉ နာရီ
က အဆိုပါကျောင်း အစည်းအဝေး
ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သူနာပြုနှင့် သားဖွား
သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ
ကြီး ဒေါ်စန်းစန်းဌေးက အဖွင့်အမှာစကား
ပြောကြားပြီး သူနာပြုနှင့် သားဖွားသင်တန်း
ကျောင်းမှကျောင်းအုပ်ဒေါ်ဝေဝေလွင်က ဦးဆောင်းအပ်နှင်းခြင်း၏ရည်ရွယ်ချက်
နှင့် သင်တန်းကျောင်း၏သမိုင်းအကျဉ်း
နှင့် လက်ရှိဆောင်ရွက်လျက်ရှိသော
လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ဦးဆောင်းများကို ကျောင်းအုပ်
ဆရာမကြီးအပါအဝင် သက်ဆိုင်ရာ သူနာ ပြုဆရာ ဆရာမကြီးများက အပတ်စဉ် (၃)
ဘက်စုံ သားဖွားသင်တန်းသူများအား အပ်နှင်းကြကာ သင်တန်းသူများက
သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ အဓိဋ္ဌာန်
ပြုပြီးနောက် ကရုဏာအလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ သင်တန်းသူများထဲမှ ပညာရည်ထူးချွန်ဆုများ ရရှိသူများကို
ကလေးမြို့ အထွေထွေရောဂါကုဆေးရုံ
ကြီးမှ (သင်တန်းကျောင်း စီမံဥက္ကဋ္ဌ)
ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင် မျိုးဝင်း၊ ကလေးမြို့နယ် စီမံခန့်ခွဲမှု
ကော်မတီဥက္ကဋ္ဌ ဦးညီညီတို့က ဂုဏ်ပြုဆု များ အသီးသီးပေးအပ်ချီးမြှင့်ကာ အပတ်
စဉ် (၃) ဘက်စုံသားဖွားဒီပလိုမာနှစ်နှစ်
သင်တန်းမှ သင်တန်းသူများကိုယ်စား သင်တန်းသူ မငြိမ်းစန္ဒာဌေးက ကျေးဇူး
တင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ကလေးမြို့သူနာပြုနှင့် သားဖွား
သင်တန်းကျောင်းတွင် ဘက်စုံသားဖွား ဒီပလိုမာ နှစ်နှစ်သင်တန်းသူ ၁၁ဝ၊ သူနာပြု
သားဖွား ဒီပလိုမာသုံးနှစ် သင်တန်းသူ ၂၁၂
ဦး စုစုပေါင်း ၃၂၂ ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။
ချင်းတွင်းသား

No comments:

Post a Comment