Saturday, March 31, 2018

ညောင်သုံးပင်ကျေးရွာ၌ နွေစပါး စံကွက်ရိတ်သိမ်း

Image may contain: one or more people, people standing, outdoor and nature
ရန်ကုန် မတ် ၃ဝ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာ ကွင်းအမှတ် ၆၆၈ ဦးပိုင်အမှတ် (၈/ခ) မိုးကောင်းကွင်း တောင်သူဦးကြာဝင်း၏ဧရိယာ ၁ ဒသမ ၅၇ ဧကတွင် မတ် ၃ဝ ရက် နံနက် ၉ နာရီက နွေစပါးစံကွက် သုည ဒသမ ၁ဝ ဧကရိတ်သိမ်းရာ တစ်ဧက အစိုထွက်နှုန်း ၁၃၅ ဒသမ ၁၂ တင်းထွက်ရှိကြောင်း သိရသည်။
အဆိုပါ နွေစပါးရိတ်သိမ်းပွဲသို့ ခရိုင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောအောင်နှင့် စံကွက် ရိတ်သိမ်းတောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း နွေစပါးလျာထားဧက ၁၇၉ဝ လျာထားပြီး စိုက်ပျိုးဧက ၂၃၅၇ ဧက စိုက်ပျိုးနိုင်သည့်အတွက် သတ်မှတ်လျာထားဧကထက်ပြည့်မီကျော်လွန်စိုက် ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
သက်ခိုင်(သန်လျင်)

No comments:

Post a Comment