Saturday, March 31, 2018

နန့်မြစ်ခချောင်းကူးတံတားတည်ဆောက်မှု ၈၂ ရာခိုင်နှုန်းပြီးစီး

Image may contain: outdoor
ဝိုင်းမော် မတ် ၃ဝ
ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်း မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းအပိုင်းရှိ မိုင်တိုင်အမှတ် (၄၈ဝ/၇) နှင့် (၄၈၁/ဝ)အကြားတည်ဆောက်လျက်ရှိသည့် နန့်မြစ်ခချောင်းကူးတံတားတွင် အကျယ် ၂၄ ပေရှိ အပိုင်း အား တည်ဆောက်ရေးလုပ်ငန်းခွင်မှာ မတ်၃ဝရက်အထိ ၈၂ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာဦးကျော်ဇင်ထွေးထံမှသိရသည်။
''ကျွန်တော်တို့တည်ဆောက်နေတဲ့ နန့်မြစ်ခချောင်းကူး တံတားကတော့ အကျယ် ၄၈ ပေရှိ သံကူကွန်ကရစ်၊ သံမဏိ ရက်မသံကူကွန်ကရစ်ကြမ်းခင်းတံတားအဖြစ် တည် ဆောက်ရာမှာ ယာဉ်သွားလာမှုမပြတ်တောက်စေရေး ၂၄ ပေအကျယ် လမ်းပိုင်းကို စတင်တည်ဆောက်နေရာမှာ ဒီနေ့အထိတံတားတစ်စင်းလုံးရဲ့ လုပ်ငန်းပမာဏ ၈၂ ရာခိုင်နှုန်းပြီးစီးနေပါပြီ၊ ကျန်တဲ့ ၂၄ ပေ အကျယ် တံတားအပိုင်းအတွက်လည်း အောက်ခြေရေလယ်တိုင်တူးဖော်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီး အခုပြီးစီး သွားတဲ့တံတားအပိုင်းကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၄ဝဝ အကုန်အကျခံ တည်ဆောက်ခြင်းဖြစ်ပါတယ်'' ဟု တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁)မှ စီမံကိန်းလုပ်ငန်း တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဇင်ထွေးကပြောကြားသည်။
အဆိုပါ တံတားတည်ဆောက်ရေး လုပ်ငန်းအား တာဝန်ခံအင်ဂျင်နီယာ ဦးသက်မိုးဝင်းက တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ကျန်ရှိသည့် အကျယ် ၂၄ ပေရှိ သံကူကွန်ကရစ်တံတားအား ၂ဝ၁၈-၂ဝ၁၉ခု ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေ ၁၂၄၈ ဒသမ ၆၄၁ သန်းဖြင့် ဆက် လက်တည်ဆောက်သွားမည်ဖြစ်ကာ အဆိုပါတံတားမှာ ယာဉ်တစ်စီးချင်းအလေးချိန် ၇၅ တန် ဖြတ်သန်းမောင်းနှင် နိုင်မည်ဖြစ်ကြောင်းသိရသည်။
ဦးလေးကြီး

No comments:

Post a Comment