Saturday, March 31, 2018

ရုပ်ရှင်လောကမှ အနားယူထားကြောင်း ကမ်မရွန်းဒီရက်ဇ် အတည်ပြု

Image may contain: 1 person
ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ ''Charlie's Angels'' မှာ ဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ကမ္ဘာတစ်လွှားက ပရိသတ်တွေ ရဲ့ အားပေးမှုကို စတင်ရရှိလာခဲ့တဲ့ မင်းသမီး ကမ်မရွန်းဒီရက်ဇ်ဟာ ရုပ်ရှင်လောကမှ အနားယူတော့မှာဖြစ်ကြောင်း သတင်းတွေဟာ သီတင်းပတ် အတော်ကြာကတည်းက ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ ကမ်မရွန်းဒီရက်ဇ်ကိုယ်တိုင်က သူဟာ ရုပ်ရှင်လောကကနေ အနားယူထားကြောင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးက လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူဟာ အနုပညာလောကမှ အနား ယူထားကြောင်း၊ လက်ရှိမှာတော့ လက်ခံဆောင်ရွက်ပေးနေတဲ့ အနုပညာ လှုပ်ရှားမှုမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကာ သူ့ရဲ့ အနုပညာခရီးနဲ့ ပတ်သက်ပြီး ပေါ်ထွက်လာခဲ့တဲ့ ကောလာဟလတွေကို အတည်ပြုပေးခဲ့ တာလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း အနုပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ရခြင်း မရှိခဲ့ပါဘူး။ လက်ရှိမှာတော့ သူဟာ မိခင်တစ်ဦးအဖြစ်သာ ရပ်တည်နေတာဖြစ်တယ်လို့လည်း ဒီရက်ဇ်က ဆိုပါတယ်။ ဒါ့အပြင် သူဟာ အဆိုပါအင်တာဗျူးကို လုပ်ဖော်ကိုင်ဖက်နဲ့ အတူ ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ တစ်ချိန်က သူနဲ့လက်တွဲလုပ်ဆောင် ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မကြာခဏ တွေ့ဆုံလိုကြောင်းလည်း ရင်ဖွင့်ခဲ့ပါတယ်။
အေးပြည့်

No comments:

Post a Comment