Saturday, March 31, 2018

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လည်ပတ်

Image may contain: 1 person, sky, tree, motorcycle and outdoor
နေပြည်တော် မတ် ၃ဝ
နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ သည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝ အလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ် ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက် များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ်ဝင် ထွက်သွားလာ လည်ပတ်လျက်ရှိသည်။
မတ် ၂၃ ရက်မှ ၂၉ ရက်အထိ တာချီလိတ်နယ် စပ်ဝင်ထွက်ပေါက်မှတစ်ဆင့် နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီး သွားဧည့်သည် ၁၉၅ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် ၄ဝ၉ ဦး၊ ဗီဇာဖြင့်လာရောက်လည်ပတ် ကြသည့် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် ၁၆၃ ဦးရှိကြောင်း သိရသည်။
နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည် တာချီလိတ်မြို့ ရှိ အထင်ကရနေရာများဖြစ်သောတာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေတိဂုံစေတီတော်၊ တိုင်းရင်းသားကျေးရွာ၊ အာခါ ဈေး၊ တရုတ်ဘုံကျောင်းများသို့ သွားရောက် လည် ပတ်ကြသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာ စေတီ၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခိုကျောင်း၊ ဝတ် အင်း ကျောင်း၊ စွန်တောင်စေတီ၊ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ် တစ်ပင်တောင်၊ ကမ္ဘာအေးစေတီစသည့် အထင် ကရနေရာများသို့ သွားရောက်လည်ပတ်ကြသည်။
တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင် ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၂၉ ရက်အထိ နေ့ချင်းပြန် ခရီးသည် စုစု ပေါင်းမှာ ၉၃၂၄၃ဝ ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ခရီးသည် စုစုပေါင်း ၁၅၈၂၄ ဦး နှင့် ဗီဇာဖြင့် တာချိတ်လိတ်မှတစ်ဆင့် လေယာဉ် ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ဝင်ရောက် လည်ပတ်သည့် ခရီးသည်စုစုပေါင်း ၇၉၃၂ ဦးတို့ ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment