Saturday, March 31, 2018

ချွာဂျီဝူးရဲ့ မင်္ဂလာဓာတ်ပုံများ ထုတ်ဖော်ပြသ

Image may contain: 1 person, wedding and outdoor
လတ်တလောမှာ မင်္ဂလာပွဲဆင်နွှဲခဲ့တဲ့ မင်းသမီး ချွာဂျီဝူးဟာ လတ်တလောမှာတော့ သူ့ရဲ့ မင်္ဂလာဝတ်စုံဆင်မြန်းထားတဲ့ ပုံရိပ်တွေကို ထုတ်ဖော်ပြသလာတာ တွေ့ရပါတယ်။ ယင်း ဓာတ်ပုံတွေမှာတော့ မင်းသမီးက သူ့ရဲ့ သတို့သားကို ဖော်ပြခဲ့ရာမှာ နောက် ဘက်က မြင်ရတဲ့ တစ်ခြမ်းပုံလေးကိုသာ ထည့်သွင်းဖော်ပြခဲ့တာကိုလည်း တွေ့ခဲ့ရ ပါတယ်။
ချွာဂျီဝူးဟာ မင်္ဂလာဝတ်စုံနဲ့ ရိုက်ကူး ထားတဲ့ ဓာတ်ပုံသုံးပုံကို သူ့ရဲ့အေဂျင်စီဖြစ်တဲ့ ဝိုင်ဂျီအန်တာတိန်းမန့်ကနေတစ်ဆင့် ထုတ် ဖော်ပြသလာခဲ့တာဖြစ်ကြောင်း ဟန်စင်း နီးမားဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေ အရ သိရပါတယ်။
''ဟေမန်ဆောင်းရဲ့ ချစ်သံဇဉ်''ဇာတ်လမ်း တွဲနဲ့ အာရှပရိသတ်တွေကို အထူးဆွဲဆောင် နိုင်ခဲ့တဲ့ မင်းသမီး ချွာဂျီဝူးဟာ အများကို ထုတ်ဖော်အသိပေးခဲ့ခြင်း မရှိခဲ့ဘဲ သူ့ရဲ့ ချစ်သူနဲ့ တိတ်တဆိတ် လက်ထပ်ထားတာဖြစ် ကြောင်း ပြီးခဲ့တဲ့ရက်က သတင်းတွေ ပေါ်ထွက် လာခဲ့ရာ ကြယ်ပွင့်ရဲ့ အေဂျင်စီကလည်း အဆိုပါ သတင်းတွေဟာ မှန်ကန်ကြောင်း ချက်ချင်းအတည်ပြုပေးတာဖြစ်တယ်လို့ သိရ ပါတယ်။
ဒီလို လက်ထပ်ခဲ့ပြီးဖြစ်ကြောင်း ထုတ် ဖော်ပြောကြားလာခဲ့သူကတော့ ချွာဂျီဝူး ကိုယ်တိုင်ဖြစ်ပါတယ်။ မင်းသမီးက ပြီးခဲ့တဲ့ မတ် ၂၉ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သူဟာ အနုပညာအသိုင်း အဝိုင်းက မဟုတ်တဲ့သူနဲ့ လက်ထပ်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါ တယ်။ ချွာဂျီဝူးဟာ လက်ရှိမှာ အနုပညာ လှုပ်ရှားမှုတွေ နည်းပါးသွားခဲ့ပေမယ့် လတ်တလော သူဖော်ပြခဲ့တဲ့သတင်းဟာ ပရိသတ်တွေရဲ့အာရုံကို အတော်လေးဖမ်းစား ထားနိုင်ခဲ့တာ တွေ့ရပါတယ်။
လတ်တလောမှာ အသက် ၄၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ချွာဂျီဝူးက မင်္ဂလာဝတ်စုံ ဝတ်ထားတဲ့ သူ့ရဲ့ဓာတ်ပုံနဲ့အတူ လက်ရေးနဲ့ ရေးသားထားတဲ့ စာတစ်စောင်ကိုဖော်ပြခဲ့ပြီး လက်ထပ်ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လာခဲ့တာ ဖြစ်ပါတယ်။ ယင်းစာမှာ ချွာဂျီဝူးက သူနဲ့ လက်ထပ်ခဲ့သူဟာ အနုပညာအသိုင်း အဝိုင်းက မဟုတ်ကြောင်း၊ စိုးရိမ်စိတ်နဲ့စာကို ရေးသားခဲ့ရတာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ မတ် ၂၉ ရက်မှာ လက်ထပ်ခဲ့တာဖြစ်ကြောင်း၊ သူတို့နှစ်ဦးကို ဆုတောင်းပေးစေလိုကြောင်း စသည်ဖြင့် ထည့်သွင်းရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။
ချွာဂျီဝူးဟာ ချစ်သူရှိနေကြောင်း ကောလာဟလတွေ မထွက်ခဲ့တဲ့အတွက်လည်း သူ့ရဲ့မင်္ဂလာသတင်းဟာ ပရိသတ်ကို အတော် လေးအံ့အားသင့်စေခဲ့ပါတယ်။ လက်ရှိအချိန် အထိတော့ ချွာဂျီဝူးရဲ့ ခင်ပွန်းဖြစ်သူနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သိရှိထားတာ မရှိသေးကြောင်းလည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment