Thursday, November 30, 2017

လူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့များ ပေးအပ်ရန်စေတနာ့ဝန်ထမ်းလူငယ်များ ဒုတိယအသုတ်စစ်တွေမြို့သို့ရောက်ရှိ

Image may contain: sky, outdoor and nature
စစ်တွေ နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏လုပ်ငန်းစဉ်များအနက်မှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိထိရောက်ရောက် ပေးအပ်ဆောင်ရွက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်း လူငယ်များသည် ဒုတိယအသုတ်အဖြစ် ယနေ့နံနက် ၁၁ နာရီခွဲတွင် ကစ္ဆပမော်တော်ယာဉ်များဖြင့် စစ်တွေမြို့သို့ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသက်လှိုင်ထွန်း၊ တာဝန်ရှိ သူများနှင့် ဒေသခံများက ကြိုဆိုကြသည်။
ဆက်လက်ပြီး စေတနာ့ဝန်ထမ်းလူငယ်များသည် နိုဝင်ဘာ ၃ဝ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့မှ အမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ ဆက်လက်ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့အစည်းများတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေနှင့်HCYI၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊Regional၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံစေတနာ့ဝန်ထမ်းလူငယ်များ စုစုပေါင်း ၆၅ ဦး ပါရှိကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)

ကားသုံးစီးဆင့်တိုက်မှုမှာပါဝင်ခဲ့တဲ့ တေးယွန် ဆေးရုံသို့ ပို့ဆောင်ခဲ့ရ

Image may contain: 1 person
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''Girls' Generation''ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ တေးယွန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က ကားသုံးစီးဆင့်တိုက်မှုမှာ ပါဝင်ခဲ့ပြီး ရင်ဘတ်အောင့်တဲ့ဒဏ်ရာကြောင့် ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးရဲ့ ထုတ်ဖော် ပြောကြားချက်ကို ကိုးကားကာ ကိုရီးယားဘိုးဒေါ့ကွန်းက ပြန်လည်ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်မှာ ကားသုံးစီးဆင့် တိုက်မှုဖြစ်ပွားခဲ့ပြီး ယင်းယာဉ်တိုက်မှုမှာ တေးယွန် လည်းပါဝင်ခဲ့ကာ ထိခိုက်မှုကြောင့် လူလေးဦးကို ဆေးရုံ သို့ ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါယာဉ်တိုက်မှု နဲ့ပတ်သက်ပြီး သတင်းတွေပေါ်ထွက်လာချိန်မှာတော့ အများစုက တေးယွန်ရဲ့ ပေါ့ဆမှုကြောင့်ဖြစ်ခဲ့ရကြောင်း ပြစ်တင်ဝေဖန်ရေးသားခဲ့ကြပါတယ်။ ဒီလိုရေးသားမှုတွေ ကြောင့် တေးယွန်ရဲ့ ဖျော်ဖြေရေးအေဂျင်စီက တရားဝင် ရှင်းလင်းချက် ထုတ်ပြန်ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။
ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့နေ့မှာပဲ အက်စ်အမ်အန်တာ တိန်းမန့်က ''သူ့ရဲ့ပုဂ္ဂိုလ်ရေးချိန်းဆိုမှုတစ်ခုနဲ့ ခရီးသွား နေရင်း တေးယွန်ဟာ ဒီနေ့ ၇ နာရီ မိနစ် ၄ဝ ခန့်မှာ နန်ဟွန်ဒုံအနီးမှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ၊ သူ့ရဲ့ပေါ့ဆမှု ကြောင့် ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ၊ တေးယွန်ကလည်း သူ့ကြောင့် ထိခိုက်ခဲ့ရတဲ့ ယာဉ်မောင်းနဲ့ အငှားယာဉ်ပေါ် က ခရီးသည်တွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်၊ ဒီယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး သူ့အနေနဲ့ အကောင်းဆုံး ဖြေရှင်းသွားမှာပါ''လို့ ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။
နောက်ပိုင်းမှာ တေးယွန်ရဲ့အခြေအနေဟာ ပြန်လည်ကောင်းမွန်လာခဲ့တာကြောင့် လက်ရှိမှာတော့ နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီး အနားယူနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ယာဉ်တိုက်မှုကို တွေ့မြင်ခဲ့တဲ့ မျက်မြင်တစ်ဦးရဲ့ ပြောကြားချက်အရ တေးယွန်မောင်းလာတဲ့ မာစီဒီးစ်ဟာ ရှေ့မှာသွားနေတဲ့ အငှားကားကို ဝင်တိုက်မိခဲ့ပြီးနောက် သူ့ရှေ့မှာရှိနေတဲ့ နောက်ထပ်ကားတစ်စီးကိုလည်း ဝင်တိုက်ခဲ့တာ ဖြစ်ပါ တယ်။ အဆိုပါယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး လတ်တလော အချိန်အထိ ပေါ်ထွက်ခဲ့တဲ့သတင်းတွေ အရတော့ ဆိုးဆိုးရွားရွားထိခိုက်တာ၊ သေကျေတာမျိုး မရှိဘူးလို့ လည်း သိရပါတယ်။
အေးပြည့်

ဆောင်းဟေကိုအတွက် မွေးနေ့ပွဲ ကျင်းပပေးခဲ့တဲ့ ဆောင်ဂျွန်ကီ

Image may contain: 2 people, people smiling, people sitting
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျရောက်ခဲ့တဲ့ ဆောင်းဟေကိုရဲ့ ၃၆ နှစ်ပြည့်မြောက် မွေးနေ့မှာ ခင်ပွန်းဖြစ်သူ ဆောင်ဂျွန်ကီက သူငယ်ချင်းတွေကိုဖိတ်ကြားကာ မွေးနေ့ပွဲ ကျင်းပပေးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက လက်ထပ်ခဲ့ ကြပြီး ဥရောပကို ဟန်းနီးမွန်းခရီးထွက် ခဲ့ကြတဲ့ ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ တောင်ကိုရီးယားကို ပြန်လည်ရောက်ရှိခဲ့ကြ တာဖြစ်ပါတယ်။ အဲဒီနောက် ဆောင်းဟေကို ရဲ့ မွေးနေ့မှာတော့ သူတို့ရဲ့ ဖျော်ဖြေရေး အေဂျင်စီမှ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် ညစာ အတူ စားခဲ့ကြတာဖြစ်တယ်လို့ ဒရမ်မာဖီဗာ ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
လတ်တလော ကျင်းပခဲ့တဲ့ ဆောင်းဟေကိုရဲ့ မွေးနေ့အခမ်းအနားဟာ ကြယ်ပွင့်စုံတွဲရဲ့ လက်ထပ်ပြီးနောက် ပထမဆုံးပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခု လည်း ဖြစ်ပါတယ်။
ဒီလိုမွေးနေ့ပွဲကျင်းပခဲ့ကြောင်းကို တော့ ပရိသတ်တစ်ဦးက မမျှော်လင့်ဘဲ တွေ့ခဲ့ရပြီးနောက် မီဒီယာကို အသိပေး ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပရိသတ် ဟာ မွေးနေ့ပွဲကျင်းပမယ့် ဟိုတယ်ဧည့်ခန်း မှာရပ်နေစဉ် စုံတွဲတစ်တွဲဟာ လက်ချင်းတွဲ ကာ ဟိုတယ်အတွင်း ဝင်ရောက်လာခဲ့တာ ကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါစုံတွဲက အမျိုးသားဟာ မျက်နှာကို လှည့်လိုက်ချိန် မှာတော့ ဆောင်ဂျွန်ကီ ဖြစ်နေတာကို တွေ့ခဲ့ရပြီး သူ့ရဲ့ဘေးမှာ လိုက်ပါလာသူက လည်း ဆောင်းဟေကို ဖြစ်နေတာကို တွေ့ခဲ့ရ ပါတယ်။ ဆောင်းဟေကိုဟာ လည်စည်းပဝါ အထူကိုစည်းထားရာ နှာခေါင်းနားရောက်သည် အထိ ကွယ်နေတာကိုလည်း တွေ့ရခဲ့တယ်လို့ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆက်လက် ပြီး သူက ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ဟာ လက်ထပ်ပြီးစ အခြားသော စုံတွဲတွေလို တစ်ချိန်လုံးတွဲကာတွေ့နေရပြီး တကယ့်ကို ကြည်နူး နှစ်သက်ဖွယ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆောင်ဂျွန်ကီရဲ့ နောက်ဆုံးကျရောက် ခဲ့တဲ့ မွေးနေ့ကတော့ ၃၃ နှစ်ပြည့်မွေးနေ့ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာ ပြည့်ခဲ့တာဖြစ်ပါတယ်။ ဆောင်ဂျွန်ကီရဲ့မွေးနေ့ မှာတော့ ဆောင်းဟေကိုက မွေးနေ့ အထိမ်း အမှတ်အဖြစ် ဘားတစ်ခုမှာ မွေးနေ့ပါတီ ကျင်းပပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်မှာ ဆိုးလ်မှာရှိတဲ့ ရှီလာဟိုတယ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ မင်္ဂလာပွဲ ကိုတော့ ရင်းနှီးသူတွေနဲ့ မိသားစုတွေ နဲ့သာ အကျဉ်းချုံးကျင်းပခဲ့တာဖြစ်ပြီး မီဒီယာသမားတွေကိုတော့ မင်္ဂလာပွဲမှာ ဝင်ရောက်ခွင့်မပေးခဲ့တာကြောင့် ဒရုန်း နဲ့သာ ရိုက်ကူးခွင့်ရခဲ့ကာ တောင်ကို ရီးယားမှာ ဒရုန်းနဲ့သာ ရိုက်ကူးခဲ့ရတဲ့ ကြယ်ပွင့်တွေရဲ့ ပထမဆုံးသော မင်္ဂလာပွဲ ဖြစ်လာခဲ့ကြောင်းလည်း သိရပါတယ်။ မင်္ဂလာပွဲပြီးနောက်မှာတော့ ဆောင်းဟေကို နဲ့ ဆောင်ဂျွန်ကီတို့ဟာ စပိန်ကို ဟန်းနီးမွန်းခရီးထွက်ခဲ့ကြတာ ဖြစ်ပါ တယ်။
လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ တောင်ကိုရီးယားရဲ့ အထင်ကရဒေသတစ်ခု ဖြစ်တဲ့ အီတေးဝန်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။ ခေတ်မီနေအိမ်ဖြစ်တဲ့ နှစ်ထပ်အိမ်တစ်လုံးကိုတော့ အီတေးဝန်မှာ မင်္ဂလာပွဲမတိုင်မီ ဆောင်ဂျွန်ကီက ဝယ်ယူ ခဲ့တာဖြစ်ပြီး နှစ်ဦးသားပြောင်းရွှေ့နေထိုင် ခဲ့ကာ ဆောင်းဟေကိုနဲ့အတူရှိနေရတဲ့ သူ့ရဲ့ဘဝဟာ အလွန်မှကို ပျော်စရာ ကောင်းကြောင်းကိုလည်း ဆောင်ဂျွန်ကီက မကြာသေးမီက မြေငန ဃူငေမန မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တယ်လို့လည်း သိရ ပါတယ်။
အေးပြည့်

ဟိုင်းကြီးကျွန်းတွင် ဆူနာမီ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်

Image may contain: one or more people, tree, sky, grass, mountain, outdoor and nature
ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်း မြို့ ဒီးဒူးကုန်းကျေးရွာအုပ်စု မေဒါအိုင်ကျေးရွာတွင် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ဆူနာမီသဏ္ဌာန် တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ဧရာဝတီတိုင်း ဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနက ကြီးမှူး၍ ဒေသခံ များနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းတစ်ခု ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဆူနာမီသဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်း ကို ဒီးဒူးကုန်း အုပ်စုအတွင်းမှ ဒေသခံ ၃ဝဝ ခန့် တက်ရောက်ခဲ့သည်။
ဆူနာမီသဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်း နှင့်ပတ်သက်၍ နိုဝင်ဘာ ၂၇ ရက်က ဒေသခံ များနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းမှစ၍ ဇာတ်တိုက်လေ့ကျင့်ခန်း ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ လေ့ကျင့်ခန်း ဆောင်ရွက်ပြီးနောက် ဒေသခံများနှင့် တွေ့ဆုံကာ တိုင်းဒေသကြီး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ကျရောက်သော ကမ္ဘာ့ ဆူနာမီ အသိပညာပြန့်ပွားရေးနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ထို့အပြင် ဆူနာမီဘေးအား ပြည်သူများ လက်တွေ့ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ဆူနာမီဘေးဒဏ်ခံစား ခဲ့ရဖူးသည့် ဒီးဒူးကုန်းကျေးရွာအုပ်စုရှိ ပြည်သူများ ပါဝင်၍ ဆူနာမီသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့် ခန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဆွေးနွေး
ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလ ဗေဒ ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးလှမြင့်က သဘာဝဘေးနှင့် ပတ်သက်၍ ဆွေးနွေးကာ ဟိုင်းကြီးကျွန်းမြို့၊ အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီး ဌာန ဦးစီးမှူး၊ တိ/မွေးကုဦးစီးဌာန ဦးစီးမှူးတို့က အသီးသီး ပညာပေး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံ များကိုယ်စား ဒီးဒူးကုန်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးက တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက လှူဒါန်းသည့် အသက်ကယ်အင်္ကျီများကို လက်ခံရ ယူခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
ထို့နောက် ဒေသခံများအား တီရှပ်အင်္ကျီများ၊ စားသောက်ဖွယ်ရာများကိုလည်း ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။
ကျော်သူဟိန်း (ဟိုင်းကြီးကျွန်း)

သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် သင်တန်း ကော့မှူးတွင် ဖွင့်လှစ်

Image may contain: one or more people, people sitting and indoor
ကော့မှူး နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကော့မှူးမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များဆောင်ရွက်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် (ESMF) သင်တန်းဖွင့်ပွဲကို မကျီးကန်ကျေးရွာ အောင်သိဒ္ဓိ ရန်ကင်းတောင် တောင်ပေါ်ကျောင်း၌ နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့သည်။
သင်တန်းအား ရန်ကုန်တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံးမှ တိုင်း ဒေသကြီးအဆင့် အခြေခံ အဆောက်အအုံဆိုင်ရာ နည်းပညာအကြံပေး ဒေါ်မြတ်ဖြူစင်က လာရောက်ပို့ချပြီး လက်ထောက်နည်းပညာမှူး ၂ဝ နှင့် လူထုစည်းရုံးရေးမှူး ၃၂ ဦးတို့ သင်တန်း တက်ရောက်ခဲ့ကြောင်း သိရ
သည်။
သက်မှူး

ကိုယ့်အားကိုယ်ကိုး မဟော်သဓာ စာကြည့်တိုက် ဖွင့်

Image may contain: 19 people, people standing and outdoor
ကျောက်တန်း နိုဝင်ဘာ ၂၉
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တံတားမြို့ အခြေခံပညာအထက် တန်းကျောင်းတွင် နိုဝင်ဘာ ၂၉ ရက် နံနက် ၁ဝ နာရီက ကိုယ့်အားကိုယ်ကိုး မဟော်သဓာစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ တံတား အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမေအောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံစာကြည့် တိုက်အသင်းဥက္ကဋ္ဌ ဦးသန်းအောင်နှင့် တောင်ပိုင်းခရိုင်ပညာရေးမှူးရုံး (ပညာ) မှ လက်ထောက်ညွှန်ကြားရေးမှူးဦးလှသိန်း၊ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင် ဒေးရှင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါ်အိကေသွယ်မင်း၊ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆရာမဒေါ်ခင်နှင်းဦး၊ စာရေးဆရာမောင်ဇေယျာ၊ စာရေးဆရာမ ဒေါ်ယမင်း မြတ်အေးတို့က အသီးသီးအမှာစကားပြောကြားသည်။ စာကြည့်တိုက်နှင့် သက်ဆိုင်သောမှတ်တမ်းများအား စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မေမေအောင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ကျောင်းသူ ကျောင်းသားများနှင့် ဒေသခံပြည်သူများ စာပေဗဟုသုတ ပြည့်ဝစေရန်ရည်ရွယ်၍ တံတားမြို့အမှတ် ၁ ရပ်ကွက်မှ ဦးဆွေတင့်-ဒေါ်အိအိခိုင်မိသားစုက မတည်အလှူငွေကျပ် ၁၅ သိန်း၊ တံတားမြို့ပညာ ရည်မြှင့်တင်မှုကော်မတီက ငွေကျပ် ငါးသိန်းတို့ဖြင့် ကျောင်းသားဟောင်းများနှင့် စာပေဝါသနာရှင်များ စုပေါင်းထည့်ဝင်လှူဒါန်းငွေဖြင့် ကိုယ့်အားကိုယ်ကိုး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စာကြည့်တိုက်တွင် ရသစုံစာအုပ် ခြောက်ထောင်ကျော် ထားရှိသည်။
စာကြည့်တိုက်အား ကျောက်တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်သက်သက်မူနှင့် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။
အောင်ဆွေ(ရွှေတံတား)

မန္တလေးတိုင်းဒေသကြီးသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှု ၈ဝ ရာခိုင်နှုန်းကျော် တိုးတက်

Image may contain: 2 people, people smiling, bicycle and outdoor
မန္တလေး နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၈ဝ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ကြောင်း တိုင်းဒေသ ကြီး ဟိုတယ်နှင့် ခရီးသွားလာရေး
ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
''နိုင်ငံခြားသားဝင်ရောက်မှုက ဒီဘက်နှစ်မှာလည်း သိသိသာသာတိုးတက်လာတာရှိ တယ်၊ ပြီးခဲ့တဲ့နှစ်က သုံးသိန်းကျော် ဝင်ရောက်တဲ့အခါမှာ ဒီနှစ်ကတော့ လေးသိန်းကျော်ဝင်မယ်လို့ခန့်မှန်းထားပါတယ်၊ လက်ရှိအချိန်ထိ
တော့ မန္တလေးတိုင်းဒေသကြီးအနေနဲ့ ရာခိုင် နှုန်းနဲ့တွက်မယ်ဆိုရင် ၈ဝ ရာခိုင်နှုန်းကျော် တိုးတက်ပါတယ်''ဟု အဆိုပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိနိုင်ငံတကာခရီးသွား ဝင်ရောက်မှုစာရင်းများ အရ ၃၇၄၂၂၁ ဦး ဝင်ရောက်ခဲ့ပြီး တရုတ်၊ထိုင်း၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဂျာမနီစသည့် နိုင်ငံ များအနက် တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက်ခဲ့ကြောင်း ၎င်းဌာနမှ သိရသည်။
ကမ္ဘာလှည့်ခရီးသွားများသည် မန္တလေးမြို့၏ ထင်ရှားသောရှေးဟောင်းယဉ်ကျေးမှုနယ်မြေများဖြစ်သည့် တောင်သမန်အင်း၊ ဦးပိန်တံတား၊ မဟာမုနိဘုရားကြီး၊ မြနန်းစံကျော် ရွှေနန်းတော်၊ ရွှေကျောင်းကြီး၊ မန္တလေးတောင်
တော်စသည်တို့အပြင် မင်းကွန်း၊ အင်းဝနှင့် ပုဂံဒေသများသို့ အများဆုံးသွားရောက် လည်ပတ်ကြပြီး ပြင်ဦးလွင်မြို့သို့လည်း အပန်းဖြေ လည်ပတ်လျက်ရှိကြသည်။
''မန္တလေးတိုင်းဒေသကြီးက ခရီးသွားဝင်ရောက်တဲ့အခါမှာ ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့အတွက် မန္တလေးက မဖြစ်မနေလာတယ်၊ ကျွန်တော်တို့ဆီမှာ တခြားနိုင်ငံတွေထက် ထူးခြားတာက ခရီးသွားရဲ့ဆွဲဆောင်မှု Tourism
Products တွေက သူများတွေက ဖန်တီးရတာ၊ ကျွန်တော်တို့ဆီမှာက ဖန်တီးစရာမလိုဘူး၊ သဘာဝကပေးထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ဓလေ့ထုံးတမ်းတွေရှိတဲ့အတွက် ခရီးသွားဧည့်သည်က မဖြစ်မနေဝင်ရောက်လာတာ ရှိပါတယ်'' ဟု လက်ထောက်ညွှန်ကြားရေးမှူး က ဆက်လက်ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နှစ်အလိုက် နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှု အနေဖြင့် ၂ဝ၁ဝ ခုနှစ်တွင် ၇၅၇၂၇ ဦး၊ ၂ဝ၁၁ ခုနှစ်တွင် ၉၉ဝ၁၆ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၁၆ဝ၉၇၅ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် ၂၁၉၅၁၈ ဦး၊ ၂ဝ၁၄ ခုနှစ်တွင် ၂၄၂၅၆၆ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ၃ဝ၆၄၃၂ ဦးနှင့် ၂ဝ၁၆ ခုနှစ်တွင် ၃၈၅ဝ၃၁ ဦးတို့ရှိကြောင်း ၎င်းဌာနစာရင်းများအရ သိရသည်။
နဒီလှိုင်း

မန္တလေးရတနာပုံဈေးမီးဘေးကာကွယ်ရေး မီးငြှိမ်းသတ်မှုနှင့် ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များ ဇာတ်တိုက်လေ့ကျင့်

Image may contain: sky and outdoor
ချမ်းအေးသာစံ နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူတို့ ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ၊ ဈေးများ မီးဘေးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ပြည်သူများအား ကူညီဆောင်ရွက်ပေး ရန်အတွက် မီးသတ်ဦးစီးဌာန၏ မိုးမှာ လေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ နွေမှာအသင့်ဆောင်ပုဒ်နှင့်အညီ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသည် သန္ဓေနှင့်ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်သင်ကြား ပေးခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့သည်။
မန္တလေး ချမ်းအေးသာစံမြို့နယ် ၇၈ လမ်း၊၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ အဆင့်မြင့်ရတနာပုံဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းနှင့်ရှာဖွေကယ်ဆယ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်
ခြင်းကို နိုဝင်ဘာ၂၈ ရက် ည ၁၁ နာရီက ဆောင်ရွက်ခဲ့သည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့်အဆောက် အအုံ မီးငြှိမ်းသတ်ရေးယာဉ်များ အသုံးပြုပြီးမီးငြှိမ်းသတ်ခြင်း၊ ဈေးအတွင်း ပိတ်မိနေသူ များအား အဆင့်မြင့်အသက်ကယ်ကိရိယာများအသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းများကိုသန္ဓေနှင့် ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ဝ၊မီးသတ်ယာဉ် ၂၅ စီးဖြင့် ဈေးပတ်လည်တွင် စုပေါင်းလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ မန္တလေးခရိုင် မီးသတ်ဦးစီးမှူးဦးသန်းနိုင်နှင့် မြို့နယ် မီးသတ် ဦးစီးမှူးများ၊ မန္တလေးခရိုင်ဒေသ
အရန်မီးသတ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဗိုလ်မင်းနှင့်ကော်မတီဝင်များ၊ တပ်ခွဲမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးနှင့် သားသတ်ဌာန၊ ဈေးဌာနမှူးဦးခင်အောင်နှင့်
ဝန်ထမ်းများ၊ ရတနာပုံဈေးအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ တက် ရောက်ကြသည်။
သီဟကိုကို(မန္တလေး)

လူကာကူ၏ဂိုးပေါက်ပျောက်ဆုံးမှုမှာ ဘောလုံးကန်ဖိနပ်ကြောင့်ဟု မော်ရင်ဟိုယူဆ

Image may contain: 1 person, outdoor
မန်ယူနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူး လူကာကူ၏ ဂိုးပေါက် ပျောက်ဆုံးနေမှု ပြဿနာမှာ ဝတ်ဆင်သည့် ဘောလုံးကန်ဖိနပ်ကြောင့်ဟု ယူဆပြီး လူကာကူ အနေဖြင့် ဘောလုံးကန်ဖိနပ်ကုမ္ပဏီများနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ လူကာကူမှာ မန်ယူအတွက် ရာသီအစတွင် သွင်းဂိုးများ တရစပ်သွင်းယူကာ ခြေစွမ်းပြခဲ့သော်လည်း နောက်ပိုင်းတွင် ဂိုးသွင်းခြေလျော့နည်းလာရာ ဝေဖန်မှုများ ကြုံတွေ့ နေသူဖြစ်သည်။ ဂိုးသွင်းခွင့် မြောက်မြားစွာရရှိခဲ့သော်လည်း လူကာကူမှာ နောက်ဆုံးကစားခဲ့သည့် ၁၁ ပွဲတွင် တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းအပေါ် ယူဆချက်အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
အားကစားသုံးသပ်သူအချို့က မော်ရင်ဟိုမှာ လူကာကူကို ပွဲစဉ်တိုင်း အသုံးပြုနေသဖြင့် ပွဲပန်းကာ ခြေစွမ်းကျဆင်းခြင်းဖြစ်နိုင်သည်ဟု ထောက်ပြ နေချိန်တွင် မော်ရင်ဟိုက ''သူ့ဖိနပ်အတွက် ကြီးမားတဲ့ စာချုပ်တွေ ချုပ်ဖို့ လိုအပ်နေတယ်လို့ ကျွန်တော်မြင်ပါတယ်၊ သူက ဘယ်အမှတ်တံဆိပ်နဲ့မှ စာချုပ်ချုပ်ထားခြင်းမရှိပါဘူး၊ ဒါကြောင့် သူဟာ ဘောကန်ဖိနပ်အနက်ရောင်ကို စီးနေရတာပါ''ဟု သူ၏အမြင်ကို ပြောကြားသည်။
မေလဲ့သင်း

မက်ဆီ၏ ခြေစွမ်းက ကိုယ့်မျက်လုံးကို ကိုယ်မယုံနိုင်ဖြစ်ခဲ့ရသည်ဟု ဇာဗီပြော

Image may contain: 3 people, people playing sports and outdoor
ဘာစီလိုနာ ကွင်းလယ်လူဟောင်း ဇာဗီက မက်ဆီကို လေ့ကျင့်ရေးကွင်းမှာ စတင်တွေ့ဆုံချိန်က သူ့မျက်လုံး ကိုပင် သူမယုံနိုင်အောင် ဖြစ်ခဲ့ရကြောင်း မက်ဆီနဲ့ ပတ်သက်ပြီး ချီးမွမ်းခန်းဖွင့်လိုက်ပါတယ်။ ဇာဗီက မက်ဆီနဲ့ အပြင်မှာ မဆုံခင်ကတည်းက မက်ဆီအကြောင်း ချီးမွမ်းမှုများ မကြာခဏကြားခဲ့ရပြီး ဖြစ်ပေမယ့် အာဂျင် တီးနားသားတစ်ဦး ကောင်းလွန်းတယ်လို့သာ မှတ်သား ထားမိပြီး နာမည်ကိုတော့ မှတ်မိခြင်းမရှိခဲ့ဘူးလို့ အဲဒီတုန်း က အခြေအနေကို ပြန်ပြောင်းပြောခဲ့ပါတယ်။ လေ့ကျင့် ရေးမှူးတွေက အသစ်ခေါ်ယူထားတဲ့ အာဂျင်တီးနား သားလေးဟာ ခြေစွမ်း အတော့်ကိုကောင်းတယ်လို့ သူတို့ကို သတိပေးပြောကြားထားခဲ့ပြီးဖြစ်ပေမယ့် ဇာဗီက မက်ဆီရဲ့နာမည်ကို အမှတ်တမဲ့သာ ဖြစ်ခဲ့တာပါ။
မက်ဆီဟာ လာမာစီယာအကယ်ဒမီမှာ ခြေစွမ်းပြ နိုင်ခဲ့လို့ အသက် ၁၆ နှစ်နဲ့ ဘာစီလိုနာ အသင်းကြီးအတွက် ခေါ်ယူခြင်းခံခဲ့ရပါတယ်။ ဇာဗီကလည်း ဘာစီလိုနာလူငယ် အသင်းက ပေါ်ထွက်လာတဲ့သူဖြစ်ကာ အဲဒီအချိန်တုန်းက မက်ဆီရဲ့ တိုးတက်နေမှုတွေကို ကြားသာကြားသိထားပြီး မျက်မြင်ဒိဋ္ဌ မြင်တွေ့ဖူးခြင်းမရှိခဲ့ပေမယ့် လေ့ကျင့်ရေး ကွင်းမှာ အတူတကွလေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်ပြီး ချိန်မှာတော့ အဲဒီအချိန်ကို တစ်သက်မမေ့နိုင်အောင် ဖြစ်ခဲ့ ရတယ်လို့ ပြောပါတယ်။
ဇာဗီက ''ကျွန်တော်တို့ဟာ ပူယိုးလ်၊ သူရမ်တို့လို ကစားသမားတွေနဲ့ တစ်ဦးချင်း ရင်ဆိုင်ကြရတာဖြစ်ပါတယ်၊ မက်ဆီက သူတို့နှစ်ယောက်ကို ကျော်ဖြတ်ပြနေတော့ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဘူးဖြစ်နေတယ်၊ ၁၆ နှစ်သားလေးက ပရော်ဖက်ရှင် နောက်ခံကစားသမား၊ လက်ရွေးစင်ကစားသမားတွေကို ကျော်ဖြတ်နိုင်လို့လေ၊ အဲဒီအချိန်ကတည်းက သူဟာ အခြားသူတွေနဲ့ ကွဲပြားတဲ့ သူဆိုတာ ကျွန်တော်တို့ ပြောနိုင်တယ်၊ တစ်ဦးချင်း ကျော် ဖြတ်ပြတဲ့နေရာမှာကိုက သူက ပင်ကိုအရည်အသွေး ပါလာပြီးသားဆိုတာ ထင်ရှားတယ်၊ သူက လျင်မြန်တယ်၊ ဂိုးသွင်းနိုင်တယ်၊ သူက ကျော်ဖြတ်ပြတယ်၊ ပြီးတော့ ကန်သွင်းမှုပြုတယ်''လို့ အဲဒီတုန်းက အခြေအနေကို ပြန်ပြောင်းပြောပါတယ်။
မေလဲ့သင်း

ဒေးဗစ်လုဇ်ကို လာမည့်ဇန်နဝါရီလအတွင်း ရီးယဲလ်ခေါ်ယူရန် ကြိုးပမ်းမည်

Image may contain: 1 person, smiling, outdoor
ရီးယဲလ်မက်ဒရစ်အသင်းက လာမယ့်ဇန်နဝါရီဈေးကွက်ဖွင့်လှစ်ချိန်မှာ ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်ကို ခေါ်ယူနိုင်ရန်အတွက် လုဇ်၏ ချယ်လ်ဆီးနှင့် အခြေအနေကိုစောင့်ကြည့်နေပြီဖြစ်သည်။ ဒေးဗစ်လုဇ်မှာ ရိုးမားနှင့် သရေကျသည့်ပွဲစဉ်အတွင်း သူ့ကို လူစားလဲချိန်၌ တုံ့ပြန်ခဲ့မှုပုံစံက နည်းပြ ကွန်တီကို အမျက်သင့်စေ ခဲ့ကာ သူတို့နှစ်ဦးအကြား ဆက်ဆံရေးဆိုးရွားမှုကို အစပြုခဲ့ပြီး ရိုးမားနှင့် ဒုတိယအကျော့ပွဲစဉ်တွင်လည်း လုဇ်မှာ ကစားပုံဆိုးရွားခဲ့သဖြင့် ကွန်တီက ယင်းပွဲစဉ်နောက်ပိုင်း လုဇ်ကို အသင်းလူစာရင်းမှပင် ချန်လှပ်ခဲ့သည်။
ကွန်တီက လုဇ်၏အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းချက်အပေါ် သူမသိရှိကြောင်း ဖြေကြားခဲ့ရာ ကွန်တီ၏ အပြောကို မီဒီယာများက မီးမောင်းထိုးဖော်ပြခဲ့ကြသည်။ ကွန်တီက ဒေးဗစ်လုဇ်ကို မန်ယူ၊ ဝက်စ်ဘရွန်း၊ လီဗာပူးတို့နှင့်ပွဲစဉ်များတွင် ချန်လှပ်ခဲ့သော်လည်း ကာရာဘတ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသုံးပြုခဲ့သည်။ သို့သော် လုဇ်မှာ လတ်တလောတွင် ဒူးဒဏ်ရာရရှိထားရာ ချယ်လ်ဆီးနှင့် ပွဲစဉ်များကို ထပ်မံလွဲချော်ရန် ရှိနေပြီ ဖြစ်သည်။ ရီးယဲလ်က လက်ရှိတွင် ဇန်နဝါရီဈေးကွက်တွင် ခေါ်ယူမည့် ကစားသမားစာရင်းကို ရေးဆွဲထားပြီး ဖြစ်ကာ လုဇ်ကို ခေါ်ယူရန် လွယ်ကူနိုင်ဖွယ်ရှိသူအဖြစ် ရီးယဲလ်ဘက်မှ သတ်မှတ်ထားကြောင်း တယ်လီဂရပ်က ဖော်ပြခဲ့သည်။
မေလဲ့သင်း

ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် သေဆုံးသူ ကျန်နှစ်ဦးကို ထုတ်ယူ

Image may contain: 1 person, standing and outdoor
မင်းဘူး နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဘုရားကျေးရွာအုပ်စု မန်းရွှေစက် တော်အနီး ဟန်ထက်ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီလီမိတက်မှ တူးဖော် လျက်ရှိသည့် ကျောက်မီးသွေးတွင်း၌ နိုဝင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းက လေပိုက်ပေါက်ကွဲမှုဖြစ်ပွားရာမှ တွင်းထဲ၌ပိတ်မိနေသူ ရှစ်ဦးအနက် ကျန်နှစ်ဦးတွင် နိုင်ဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ က တရုတ် နိုင်ငံသား ချန်ချောင်းရွှေကိုလည်းကောင်း၊ ညနေ ၄ နာရီက ကိုဖိုးချမ်း (၃၃)နှစ် အိုမြေတွင်းကျေးရွာ ငဖဲမြို့နယ်နေသူကိုလည်းကောင်း သေဆုံးလျက် ထပ်မံဆယ်ထုတ်နိုင်ခဲ့ပြီး တွင်းအတွင်း၌ပိတ်မိသူ ရှစ်ဦးမှာ အသက်သေဆုံး လျက်သာ ဆယ်ထုတ်နိုင်ခဲ့ပြီး အဆိုပါကျောက်မီးသွေးလုပ်ကွက်အား ပိတ်လိုက်ကြောင်း သိရသည်။
ဖိုးပြည့်(မင်းဘူး)

ရခိုင်ပြည်နယ် UEHRDလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အဖွဲ့ မြေပြင်ကွင်းဆင်းကြည့်ရှု

Image may contain: 4 people, people standing, sky, outdoor and nature
မောင်တော နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တစ်ဖက်နိုင်ငံမှ ပြန်လည်ရောက်ရှိလာမည့်သူများအား လက်ခံစိစစ်ပေးမည့် ငါးခူရနှင့် တောင်ပြိုလက်ဝဲစိစစ်ရေးစခန်းတို့အား အကောင် အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကွင်းဆင်းကြည့်ရှုသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တစ်ဖက် နိုင်ငံမှ ရေလမ်းကြောင်းဖြင့် ပြန်လည်ရောက်ရှိလာလျှင် လက်ခံမည့် ငါးခူရနယ်စပ် လက်ခံစိစစ်ရေးစခန်းသို့ ရောက်ရှိကာ စိစစ်လက်ခံပေးမည့် ရုံးဝန်ထမ်းများနေထိုင် မည့်အဆောက်အအုံများ၊ စိစစ်လက်ခံမှုပြုမည့် စခန်း နေရာများနှင့် တစ်ဖက်နိုင်ငံမှ ပြန်လည်ရောက်ရှိလာမည့် သူများကို ယာယီခိုလှုံထားရှိနိုင်ရန် တည်ဆောက်ပေးမည့် အဆောက်အအုံနေရာများအား လိုက်လံကြည့်ရှုသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ကြိမ်ချောင်း-ဂုပ္ပိတောင်ကျော်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုပြီး လောင်းတုံ-ငါးခူရ လမ်းပိုင်းနှင့်ကျီးကန်းပြင်-ကြိမ်ချောင်း-ငါးခူရ လမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး သည်။
မွန်းလွဲပိုင်းတွင် ကုန်းတွင်း လမ်းကြောင်းဖြင့် တစ်ဖက်နိုင်ငံမှ ပြန်လည်ရောက်ရှိလာမည့်သူများအား စိစစ်လက်ခံပေးမည့် စခန်းတည်ဆောက်ရာ တောင်ပြို လက်ဝဲမြို့၌ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက် ၍ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း အဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက် နေမှု အပိုင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ Modular House များ ဆောက်လုပ်နေမှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း ပေါင်းစပ် ညှိနှိုင်းပေးသည်။ ဆက်လက်၍ မောင်တောဒေသဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် ကျီးကန်းပြင်-ဇင်ပိုင်ညာ-လှဖိုးခေါင် လမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများနှင့်ဆွေးနွေးပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။
သတင်းစဉ်၊ သတင်းအဖွဲ့၊ ဓာတ်ပုံ- မင်းထက်

ဘက်စုံပွဲတော်မှာ လူငယ်တွေ ပူးပေါင်းပါဝင်ပြီး စုပေါင်းလုပ်ဆောင်နိုင်တဲ့ အလေ့အကျင့်တွေ ရသွားမယ်လို့ မျှော်လင့်ပါတယ်

Image may contain: 1 person, outdoor
ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်
မြန်မာလူငယ်များအတွက် ကြုံတောင့်ကြုံခဲ တစ်သက်တာအမှတ်ရစေမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပချိန်က နီးသည်ထက်နီးလာခဲ့ချေပြီ။
ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်တက္ကသိုလ်အတွင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည့် သုံးရက်တာ ပွဲတော်ကာလအတွင်း စာပေဆိုင်ရာလှုပ်ရှားမှုများ၊ အနုပညာဆိုင်ရာလှုပ်ရှားမှုများ၊ အားကစားဆိုင်ရာ လှုပ်ရှား မှုများ၊ITနှင့် သိပ္ပံနည်းပညာဆိုင်ရာလှုပ်ရှားမှုများပါဝင်ပြီး စာအုပ်ဈေးရောင်းပွဲများ၊ လူငယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ ဆွေးနွေးပွဲများ၊ အဆို၊ အက၊ အတီးများနှင့် ဖျော်ဖြေမှုများ စသည့်အစီအစဉ်များကို ကဏ္ဍအလိုက် ဆောင်ရွက်သွားမည်ဖြစ်ရာ တာဝန်ရှိသူအဆင့်ဆင့်၏ ပွဲမဝင်ခင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သတင်းစဉ်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်-
ဦးရဲနိုင်
ညွှန်ကြားရေးမှူးချုပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေးဦးစီးကော်မတီ တွဲဖက် အတွင်းရေးမှူး)
ဒီဘက်စုံပွဲတော်မှာ လူငယ်တွေ အတွက် အသိပညာ၊ အတတ်ပညာ၊ တီထွင်မှု စွမ်းရည်၊ ဖျော်ဖြေရေး စသဖြင့် ကဏ္ဍပေါင်းစုံပါဝင်အောင် ဆောင်ရွက်ထားပါတယ်။ ကဏ္ဍအလိုက် ဆောင်ရွက်ထားမှုက ၉ဝ ရာခိုင်နှုန်းပြီးစီးနေပါပြီ။
ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းက အထက်တန်း ကျောင်းသားတွေ၊ တက္ကသိုလ်တွေက ကျောင်းသားတွေကို ဦးစားပေးပြီး အင်အား ၄ဝဝ ခန့် ဖိတ်ကြားပြီး ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။
ကျန်တဲ့ရက်တွေမှာ ပညာရေး ဝန်ကြီးဌာနက စီစဉ်တဲ့ တက္ကသိုလ် အလိုက် လာရောက်ကြည့်ရှုနိုင် အောင် မော်တော်ယာဉ်တွေ စီစဉ်ပေး ထားတာ၊ ကျောင်းသားတွေ စာရင်းပေးတာ၊ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်းကို မီဒီယာ ကနေ ကြော်ငြာထားတာကြောင့် နေ့စဉ် အင်အားတစ်သောင်းအထက် ကျော်မယ်လို့ထင်ပါတယ်။
လုံခြုံရေးအနေနဲ့ လွတ်လပ်စွာ ပါဝင်ကြည့်ရှု လေ့လာနိုင်အောင် လည်း သက်ဆိုင်ရာ စစ်ဆေးရေးဂိတ် တွေမှာ လူနဲ့ပစ္စည်းကို စစ်ဆေးတာ တွေ တပ်ဆင်ဆောင်ရွက်ထားတယ်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့ပြီး ထင်သာမြင်သာ ရှိအောင် လုပ်ထားပါ တယ်။
အဓိကလူငယ်တွေ ပွဲမှာ ဝင်ရောက် ကြည့်ရှုရင်း ပျော်ရွှင်အောင် ဆောင် ရွက်ထားမှာ ဖြစ်တာကြောင့် ပျော်ရွှင် မှုနဲ့ လုံခြုံရေးကိုမျှတအောင် စီစဉ် ဆောင်ရွက်ထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာပေဆိုင်ရာ လှုပ်ရှားမှုတွေကို အဓိကထား ဆောင်ရွက်မှာဖြစ်ပါ တယ်၊ ECO မှာ လူငယ်တွေနဲ့ ဆွေးနွေးပွဲတွေ၊RCမှာ ထင်ရှား ကျော်ကြားတဲ့အနုပညာရှင်တွေနဲ့ လူငယ် တွေ့ဆုံပွဲတွေ၊ ဒါ့အပြင် စာပေလှုပ်ရှားမှုအနေနဲ့ သစ်ပုတ်ပင် တစ်ဝိုက်မှာ ခင်းကျင်းပြသမှုတွေ အပြင် ကဗျာရွတ်ဆိုပွဲတွေလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။ စာပေဆိုင်ရာ ပေါင်းစပ်မှုအနေနဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တီးဝိုင်းနဲ့ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။
သစ်ပုတ်ပင်နဲ့မျက်နှာချင်းဆိုင်မှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာနက ဝိဇ္ဇာခန်းမမှာ ဖျော်ဖြေရေး အစီအစဉ်တွေ တင်ဆက်ထားပါ တယ်။ ပွဲတော်ကို ဝင်လာကတည်းက ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ၊ မိမိနှစ်သက်ရာနေရာက ကြည့်ရှုနိုင်ဖို့ စီစဉ်ထားပါတယ်။ အထူးသဖြင့် အနု ပညာခန်းမမှာ ဖျော်ဖြေရေးအပိုင်းကို စီစဉ်ထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အားကစား လှုပ်ရှားမှုကို အဓိကတာဝန်ယူပါ တယ်။ စစ်ကိုင်းဆောင်နဲ့ အဓိပတိ လမ်းဝဲ/ယာမှာ အားကစားကွင်း နေရာ သတ်မှတ်ထားပြီး ပြိုင်ပွဲတွေ သတ်မှတ်ပေးထားပါတယ်။ ဒီဇင်ဘာ ၂ ရက် မနက် ၆ နာရီမှာ စုပေါင်း လမ်းလျှောက်ပွဲကို အားလုံးပါဝင် ဆင်နွှဲဖို့စီစဉ်ထားပါတယ်။
အထိမ်းအမှတ် လိုဂိုပါတဲ့ တီရှပ် အင်္ကျီ နှစ်ထောင် ဝေငှဖို့စီစဉ်ထား တယ်။ ဝတ်စုံတူနဲ့ လမ်းလျှောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အဓိပတိ လမ်းကနေ စတင်တာထွက်မှာ ဖြစ်ပြီး အဓိပတိမုခ်ဦးမှာ ပန်းဝင်ဖို့စီစဉ်ထား ပါတယ်။ လမ်းကြောင်းအနေနဲ့ အဓိပတိလမ်းကနေ တက္ကသိုလ်ရိပ် သာလမ်းအတိုင်း လှည်းတန်းလမ်းဆုံ၊ အင်းလျားလမ်း၊ ပြည်လမ်းအတိုင်း ဖြစ်ပါတယ်။ ဒီဘက်စုံပွဲတော်မှာ လူငယ်တွေ ပူးပေါင်းပါဝင်ပြီး စုပေါင်း လုပ်ဆောင်နိုင်တဲ့ အလေ့အကျင့်တွေ ရသွားမယ်လို့ မျှော်လင့်ပါတယ်။ လူငယ်တွေအနေနဲ့ ကြုံတောင့်ကြုံခဲ အခွင့်အရေးပါ။ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်။ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို လူငယ်တွေ အသိပညာ၊ အတတ် ပညာအပြင် အနုပညာစွမ်းရည်၊ အားကစားလှုပ်ရှားမှုတွေမှာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပခြင်းဖြစ်ပါတယ်။ ပွဲတော်ရဲ့ အစီအစဉ်တွေကိုMOIက လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် လူမှုကွန်ရက် စာမျက်နှာထားရှိတယ်။ ကြည့်ရှုသူ ဦးရေ ခြောက်သောင်းကျော်ရှိပြီး စိတ်ပါဝင်စားသူတွေရဲ့ မေးမြန်းမှုတွေ ကိုလည်း ဖြေကြားပေးနေပါတယ်။ ဒီ စာမျက်နှာမှာ အသေးစိတ် ဝင်ရောက် ကြည့်ရှုပြီး လိုအပ်သလို မေးမြန်းနိုင်ပါ တယ်။
ဒေါက်တာဖိုးကောင်း (ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်)
ဒီပွဲတော်မှာ ပြခန်းကျင်းပရေး ကော်မတီ အတွင်းရေးမှူးတာဝန်ယူ ထားပါတယ်။ နည်းပညာပြခန်းအနေနဲ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမနဲ့ စီးပွားရေးတက္ကသိုလ်ကြားက ကွက်လပ်မှာ ပြခန်းပေါင်း ၁၅ ခုထား ရှိပါတယ်။ တက္ကသိုလ် ကောလိပ် တွေရဲ့ ပြခန်း ၁၃ ခုနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ပြခန်း နှစ်ခု စုစုပေါင်း ၁၅ ခု ပြသထားမှာဖြစ်ပါ တယ်။ တက္ကသိုလ်ကောလိပ်အနေနဲ့ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်တွေလည်း ပါ တယ်။ ရန်ကုန်တက္ကသိုလ်အပါအဝင် ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ရန်ကုန်ပတ်ဝန်းကျင်မှာရှိတဲ့ နည်း ပညာတက္ကသိုလ်၊ ကွန်ပျူတာတက္က သိုလ်တွေလည်း ပါပါတယ်။ ဝိဇ္ဇာ/ သိပ္ပံဘက်ကတော့ သိပ္ပံဆိုင်ရာပြကွက် တွေကို ပြသမှာဖြစ်ပြီး နည်းပညာ တက္ကသိုလ်အနေနဲ့ တီထွင်ထားတဲ့စက် တွေ၊ ကွန်ပျူတာနည်းပညာတွေကို ပြသသွားမှာဖြစ်ပါတယ်။
ပြသမယ့်ပွဲက လူငယ်တွေနဲ့ သက် ဆိုင်ပြီး လူငယ်တွေအထူးစိတ်ဝင်စား မယ့် ပြကွက်တွေ ပြသသွားမှာဖြစ်တာ ကြောင့် စိတ်ဝင်စားစေမယ့်ပွဲပါ။ ပြပွဲ ရဲ့ ရည်ရွယ်ချက်ကိုက ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကာယဗလ၊ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့အတိုင်း အားကစား ပြိုင်ပွဲတွေလည်း ပါဝင်တာကြောင့် လာရောက်ကြည့်ရှုခြင်းဖြင့် အချင်းချင်း ဗဟုသုတတွေ လေ့လာဖလှယ်နိုင် မယ်၊ ချိတ်ဆက်နိုင်မှုအားတွေလည်း ရမယ်၊ ဒါကြောင့် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေရလာမယ်။ အကျိုးကျေးဇူး တွေရမယ်။
ရန်ကုန်တက္ကသိုလ်ကို ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှာ စတင်တည်ထောင် တာဖြစ်ပြီး ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ရန်ကုန် တက္ကသိုလ်မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁ ရက်မှ စတင်ကျင်းပမှာဖြစ်တဲ့ အတွက် ရန်ကုန်တက္ကသိုလ်အနေနဲ့ ဂုဏ်ယူပါတယ်။
ဒေါက်တာကေသီကျော် (ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး)
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ဝန်ကြီးဌာန ငါးခု ပူးပေါင်းပြီး လုပ်ကြ တဲ့အခါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနက လူငယ်တွေအတွက် လူငယ် ရေးရာမူဝါဒရေးရာ ရေးဆွဲတဲ့နေရာ မှာ အဓိကအနေနဲ့ တာဝန်ယူ ထားရတာကြောင့် ပွဲတော်မှာ ပြခန်း တွေ၊ ဖျော်ဖြေရေးကဏ္ဍ၊ ဟောပြောပွဲ တွေ ပါဝင်ပြသသွားမှာဖြစ်ပါတယ်။
ပြခန်းပိုင်းမှာ လူမှုဝန်ထမ်းဦးစီး ဌာနက အသိအမှတ်ပြုထားတဲ့ တောင်ကြီး မင်္ဂလာဦးစံပြလူငယ် ရိပ်သာရဲ့ သမိုင်းကြောင်း၊ မီးပုံးပျံပြု လုပ်နည်း၊ ရှမ်းရိုးရာဝတ်စုံ၊ ရိုးရာကြာ ချည်လုပ်တဲ့နည်း၊ ရှမ်းစက္ကူလုပ်တဲ့ နည်းတွေ ပြသပေးမယ့်အပြင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လှုပ်ရှားမှုတွေ၊ ရခိုင်ဒေသနဲ့ပတ်သက်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက် ပံ့ခြင်းမှာ လူငယ်တွေပါဝင်မှုကို ပြသတဲ့ပြခန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီရဲ့ အောက်မှာ လုပ်ဆောင်နေတဲ့ အမျိုး သမီးများအကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေးပြခန်း၊ မွေးကင်းစ ကလေးစွန့်ပစ်ခြင်းမှ ကာကွယ်တား ဆီးရေးပြခန်းတွေ ပါဝင်မှာဖြစ်တယ်။
ဒါ့အပြင် လူမှုဝန်ထမ်းဦးစီးဌာန အောက်မှာရှိတဲ့ အမျိုးသမီးများ ကျောင်းက အထည်တွေ၊ ရက်ကန်း ထည်၊ ပန်းထိုးတာတွေကို သရုပ်ပြသ ခြင်းနဲ့ ရောင်းချမှုတွေလည်း ပြုလုပ် မှာဖြစ်တယ်။ အိမ်တွင်းမှုကျောင်းက ထုတ်လုပ်တဲ့ မြန်မာ့ရိုးရာ အစားအစာ တွေကို ပြုလုပ်ပုံတွေပြသမှာဖြစ်တဲ့အပြင် ရောင်းချသွားမှာလည်းဖြစ်ပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ မူးယစ် ဆေးစွဲပြီးတဲ့သူတွေကို ပြန်လည်ထူ ထောင်ရေးပြခန်းတွေ၊ လူငယ်မူဝါဒ ရေးဆွဲတဲ့အခါ လှုပ်ရှားမှုတွေလည်း ပါဝင်ပြသမှာဖြစ်တယ်။ လူမှုဝန်ထမ်း ဦးစီး ဌာနရဲ့လက်အောက်မှာ စောင့် ရှောက်ပေးထားတဲ့ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။
မသန်စွမ်းကလေးများကျောင်းနဲ့ လူငယ်ကျောင်းတွေရဲ့ သတင်းအချက် အလက်တွေ ပေးမယ်။ အမေးအဖြေနဲ့ ဆုပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်မယ်။ ဟောပြောပွဲအနေနဲ့ဆိုရင် အပန်းဖြေရိပ်သာမှာ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ မနက် ၉ နာရီကနေ ၁၂ နာရီတွင်း အမျိုးသမီးများအကြမ်းဖက် ခြင်းအကြောင်းနဲ့ မွေးကင်းစကလေး စွန့်ပစ်ခြင်းအကြောင်းကို သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ချိတ်ဆက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတင်ဆက်မှာဖြစ်တယ်။ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့အကြောင်း အရာကို ခိုင်နှင်းဝေဦးစီးတဲ့အဖွဲ့ရဲ့ ဟောပြောပွဲနဲ့ သရုပ်ဆောင်တာတွေ၊ အမေး/အဖြေကဏ္ဍတွေပါဝင်မှာ ဖြစ်ပါတယ်။
ဖျော်ဖြေရေးအနေနဲ့ဆိုရင် ဝိဇ္ဇာ ခန်းမမှာ လူမှုဝန်ထမ်းဦးစီးဌာနမှာရှိတဲ့ မသန်စွမ်းကလေးတွေ ၊မျက်မမြင် ကျောင်းသား ကျောင်းသူတွေရဲ့ သီဆို ကပြဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်တယ်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရဲ့ ပြခန်းတွေက အပန်းဖြေရိပ်သာရဲ့ မျက်နှာချင်းဆိုင် တက္ကသိုလ်များ စာကြည့်တိုက်နှင့် သိပ္ပံဆောင်ဘက် ခြမ်းမှာရှိပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ပြခန်းကို အချိန်အပိုင်းအခြားနဲ့ ပြုလုပ်မှာဖြစ်ပါ တယ်။ နားမကြားကျောင်းဆိုရင် လက်သင်္ကေတဆိုင်ရာ သတင်းအချက် အလက်တွေ အရင်ပေးမယ်။ မေးခွန်း လေးတွေမေးမယ်။ ဆုချီးမြှင့်မယ့် အပိုင်းတွေပါဝင်တယ်။ သက်ငယ် သင်တန်းကျောင်းက ကလေးတွေဆို ရင်လည်း ကွန်ပျူတာအသုံးပြုပြီး ဓာတ်ပုံရိုက်ပေးမယ်။ ပြီးရင် ကင်မရာ ရိုက်ပေးမယ့်အစီအစဉ်ကို သက်ဆိုင် ရာ ရက်တွေမှာ ထည့်သွင်းပေးသွား မှာ ဖြစ်တယ်။
ဒီပွဲတော်က ကျောင်းသားကျောင်း သူ လူငယ်တွေတင်မက ရပ်ရွာ လူထုက လူငယ်အားလုံးကို ရည်ရွယ် တာဖြစ်ပါတယ်။
သက်ဆိုင်တဲ့ဝန်ကြီးဌာနအားလုံးကလည်း ကဏ္ဍအလိုက် ပြည့်ပြည့်စုံစုံ တင်ပြ တင်ဆက်သွားမှာဖြစ်တဲ့ အတွက် လူငယ်တွေအတွက်လဲ တစ်နေ့တည်းမှာ ပြည့်စုံစွာ လေ့လာ သွားနိုင်မှာဖြစ်ပါတယ်။
ဦးလှိုင်ဝင်းမောင် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အနုပညာဦးစီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
ဒီပွဲတော်မှာ အနုပညာလှုပ်ရှားမှု ဆပ်ကော်မတီအတွင်းရေးမှူး တာဝန် ထမ်းဆောင်ပါတယ်။ ဖျော်ဖြေရေး ကဏ္ဍ၊ ပန်းချီရေးဆွဲခြင်းဆိုင်ရာကဏ္ဍ၊ ပညာပေးကဏ္ဍဆိုပြီး ပါဝင်ပါတယ်။ ဖျော်ဖြေရေးကဏ္ဍအနေနဲ့ ဒီဇင်ဘာ ၁ ရက်မှာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)က ကျောင်းသား ကျောင်းသူတွေက ဖျော်ဖြေမှာဖြစ်တယ်။ ဒီဇင်ဘာ ၂ ရက်၊ ၃ ရက်မှာနေ့ဆိုရင် အနုပညာ အထက်တန်းကျောင်း(ရန်ကုန်)က ကျောင်းသား ကျောင်းသူတွေအပြင် အနုပညာဦးစီးဌာနက လူငယ် ဝန်ထမ်းတွေရယ်၊ အနုပညာရှင်တွေ ရယ် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ သုံးရက်လုံးမှာ လူမှုဝန်ထမ်းက မသန် စွမ်းကလေးလူငယ်တွေ ထည့်သွင်း ဖျော်ဖြေသွားမှာဖြစ်ပါတယ်။
ပန်းချီရေးဆွဲခြင်းမှာဆိုရင် ဒီဇင် ဘာ ၁ ရက်မှာ အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ ဒီဇင်ဘာ ၂ ရက်နဲ့ ၃ ရက်မှာ အနုပညာအထက်တန်းကျောင်းက ကျောင်းသားကျောင်းသူတွေက လူပုံ တူရေးဆွဲရာမှာ ခဲ၊ ရေဆေး၊ရုပ် ပြောင်၊ ပို့စကတ်တွေပါမယ်။ ပို့စကက် ဆိုရင် တက္ကသိုလ်နဲ့ပတ်သက်တဲ့ ကဗျာတွေချပေးမယ်။ ဒါတွေကို သူတို့ကရွေးပြီး သူတို့ကြိုက်တဲ့ပုံစံကို ချက်ချင်း ရေးဆွဲတဲ့ပုံစံမျိုးတွေလုပ် ပေးမယ်။ ပညာပေးအစီအစဉ်ဆိုရင် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား လူမျိုးစုတွေရဲ့ ရိုးရာအထိမ်းအမှတ်၊ ယဉ်ကျေးမှု၊ အစားအစာ၊ ဝတ်စား ဆင်ယင်မှုတွေကို ပြတိုက်ပုံသဏ္ဌာန် ရုပ်တုတွေခင်းကျင်းပြီး ဓာတ်ပုံတွေ၊LEDနဲ့ ဗီဒီယိုနဲ့ပါ ပြသမှာဖြစ်တယ်။
ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ လူငယ် နဲ့ပတ်သက်တဲ့ဥာဏ်စမ်းပဟေဠိ အစီ အစဉ်တွေကို ဖျော်ဖြေရေးခန်းမထဲမှာ လုပ်မယ်။ လက်ဆောင်ပေးမယ့် အစီ အစဉ်တွေလည်း ပါတယ်။ တိုင်းရင်း သားရိုးရာဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက် ချင်သူတွေအတွက် ဓာတ်ပုံ စတူဒီယို လေးလုပ်ပေးထားတယ်။ မြက်ခင်းပြင် မှာဆိုရင် တိုင်းရင်းသားဝတ်စုံ ဝတ် ထားတဲ့ လူငယ်တွေပုံမှာ ကိုယ့်မျက်နှာ လေးတွေဝင်ပြီး ရိုက်ရင်ရတဲ့အစီ အစဉ်တွေလည်း လုပ်ပေးထားတယ်။ အပြင်မှာလည်း ပန်းချီကားတွေ၊ ယဉ်ကျေးမှုရိုးရာအမွေအနှစ်နဲ့ ပတ်သက်တဲ့ ရိုးရာပစ္စည်းတွေလည်း ချပြထားတယ်။
ကလေးတွေပျော်ပျော်ရွှင်ရွှင် မက်ခ်ကော့ရုပ်ကြီးတွေနဲ့ ဓာတ်ပုံရိုက် လို့ရအောင်လည်း လုပ်ပေးတယ်။ ဝိဇ္ဇာခန်းမဧရိယာအတွင်းမှာ ဥာဏ်စမ်း ပဟေဠိတွေ၊ ဖျော်ဖြေပွဲတွေလုပ်မယ်။ အပြင်ဘက်မှာ ပန်းချီ၊ ပန်းပု၊ ရုပ်တုတွေ၊ အနုပညာပစ္စည်းတွေ၊ ဓာတ်ပုံရိုက်တဲ့အစီအစဉ် တွေပြုလုပ် မယ်။ လာရောက်ကြည့်ရှုသူတွေ အနေနဲ့ အားလုံးမှာ ပါဝင်လို့ရပါ တယ်။ ဖျော်ဖြေရေးမှာ ပါဝင်ချင် တယ်ဆိုရင် စိစစ်ပြီး တီးနိုင်ဆိုနိုင် အောင်လုပ်ပေးမယ်။ ပန်းချီဆွဲတဲ့နေရာ မှာ ထိုင်ပြီးဆွဲချင်တယ်ဆိုရင် နေရာ လေးလုပ်ပေးမယ့်အစီအစဉ်တွေ ဆောင်ရွက်ထားပါတယ်။ ဒီပွဲကပညာ ပေးရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းစေမယ်။အတွေးအမြင်သစ် တွေလည်း ရနိုင်မယ်လို့ ထင်ပါတယ်။
ဦးသိန်းစိုး(သိန်းစိုးသီဟရတနာ)
၂ဝ ရာစု မြန်မာစာရေးဆရာ၊ ဆရာမကြီးတွေရဲ့ပုံကိုပြသဖို့ တာဝန် ယူထားပါတယ်။ စာရေးဆရာမကြီး တွေရဲ့ ဓာတ်ပုံတွေနဲ့ သူတို့ရဲ့ဆောင် ရွက်ချက်တွေကို ဓာတ်ပုံနဲ့တွဲပြီး ပြသ ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ပြခန်း သုံးခန်းမှာ ဓာတ်ပုံ ၃ဝဝ လောက်ပြသ ဖို့ စီစဉ်နေပါတယ်။
မြန်မာနိုင်ငံစာပေထုတ်ဝေသူများအသင်းက ဦးဆောင်ပြီး စာပေတိုက် တွေက ဆိုင်ခန်း ၇ဝ ကျော်ကနေ အထူးဈေးနှုန်းအနေနဲ့ လျှော့ဈေးနဲ့ စာအုပ်စာပေ အစုံအလင်ကို ရောင်း ချမှာဖြစ်တယ်။ ရှားပါးစာအုပ်တွေ လည်း ပြသသွားမယ်။ စာပေဝါသနာ ပါတဲ့ လူငယ်တွေအနေနဲ့ လာရောက်ကြည့်ရှုသင့်တဲ့ပွဲဖြစ်တာ ကြောင့် လာရောက်ကြည့်ရှုဖို့ ဖိတ် ခေါ်ပါတယ်။
တွေ့ဆုံမေးမြန်း - ဝင်းဝင်းမော်
ဓာတ်ပုံ - မော်ကြီး

သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ၁ဝ၂ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပ

Image may contain: 2 people, outdoor
မန္တလေး နိုဝင်ဘာ ၂၉
သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ၁ဝ၂ နှစ်ပြည့် မွေးနေ့ပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီက မန္တလေးမြို့ အမရပူရမြို့ နယ်အတွင်းရှိ တောင်လေးလုံး ကျောင်းတိုက်၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် စာရေး ဆရာကြီးများဖြစ်ကြသည့် ကိုလေး (အင်းဝဂုဏ်ရည်)၊ မုံရွာဦးအောင်ရှင်၊ ရှေ့နေကြီး ဦးထွန်းအောင်ကျော်၊ ရှေ့နေ ဦးသိန်းသန်းဦးတို့က လူထု ဒေါ်အမာနှင့်ပတ်သက်၍ အမှတ်တရ စကားများပြောကြားပြီး တက်ရောက် လာကြသည့် ကဗျာဆရာများက လူထုဒေါ်အမာအား ဂုဏ်ပြုကဗျာများ ရွတ်ဆိုပေးခဲ့ကြသည်။
ဆရာမကြီး လူထုဒေါ်အမာသည် မတရားမှု၊ အဓမ္မမှုများကို ကလောင် လက်နက်ဖြင့် ဆန့်ကျင်ကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာပေအယူ အဆများဖြစ်သည့် ငြိမ်းချမ်းရေး၊ လူတန်းစားဘက်မှ ရပ်တည်ရေး၊ အမျိုးသားရေးနှင့် စာပေယဉ်ကျေးမှု အနုပညာဟူသည့် အချက်လေးချက် ကိုဆွဲကိုင်ပြီး ပြည်သူဘက်မှ ရပ်တည် ပေးခဲ့သူတစ်ဦးဖြစ်ကြောင်း မန္တလေး မြို့ခံ စာရေးဆရာကြီး ဆရာဆူးငှက် က အဆိုပါ မွေးနေ့ပွဲတွင် ပြောသည်။
''ဆရာမကြီးရဲ့ မွေးနေ့ပွဲကို အသက် ၇ဝ ပြည့်ကတည်းက ဒီတောင်လေး လုံးကျောင်းတိုက်မှာ ကျင်းပခဲ့တာ အခုအချိန်အထိပါပဲ။
''ဆရာမကြီးက ၂ဝဝ၈ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်၊ ဆရာမကြီးရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့သော အားဖြင့် စာပေချစ်သူတွေ၊ ရဟန်း ရှင်လူတွေ၊ ဆရာမကြီးကို ချစ်တဲ့သူ တွေ အားလုံးပူးပေါင်းပြီး ဂါရဝပြုတဲ့ အနေနဲ့ ဒီပွဲလေးကိုကျင်းပတာပါ၊ ဆရာမကြီးရဲ့ လုပ်ဆောင်ချက်တွေက မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် သော်လည်းကောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက်သော်လည်း ကောင်း၊ နောင်မျိုးဆက်တွေကို အင်အားဖြစ်စေတဲ့အတွက် ဒီအခမ်း အနားကို တက်ရောက်ပြီး ဆရာမကြီး ရဲ့ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြု လေးစားဂါရဝပြုခြင်းဖြစ်ပါတယ်''ဟု၎င်းက ပြောသည်။
ထို့ပြင် ဆရာမကြီး လူထုဒေါ်အမာ ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေး ကလည်း ''ဒီပွဲမှာမလာနိုင်တဲ့ သူတွေ ရှိလို့ ဝမ်းနည်းရသလို အစဉ်အလာ မပျက် ကျင်းပတဲ့ ပွဲကို အခုလို သိုက်သိုက်ဝန်းဝန်းနဲ့ လာကြတဲ့ အတွက် ဝမ်းသာရပါတယ်၊ အမေရှိ ရင်လည်း ဝမ်းသာမယ်ထင်ပါတယ်၊ နိုင်ငံတကာဆောင်းပါးတွေ၊ ကမ္ဘာ့ နိုင်ငံရေးဆောင်းပါးတွေ တစ်လျှောက် လုံး ရေးလာခဲ့တဲ့ အမေက အများကြီး မဟုတ်တောင် သူ့ထင်မြင်ချက်ကို ဒီပွဲမှာ နည်းနည်းတော့ပြောမှာပါ၊ ဒီပွဲမှာ အမေ့ကို သတိရတယ်၊ ခံစားမှုအတိုင်းပြောရရင် တကယ့်ကို ဝမ်းနည်းဝမ်းသာပါပဲ''ဟု ပြောသည်။
ဆရာမကြီး လူထုဒေါ်အမာ၏မွေးနေ့ပွဲသို့ မန္တလေး ဒေသခံ စာရေး ဆရာများ၊ ကဗျာဆရာများ၊ သတင်း မီဒီယာသမားများနှင့်အတူ နှစ်စဉ် အနယ်နယ် အရပ်ရပ်မှ စာပေသမား များ အစဉ်အလာမပျက် တက်ရောက် ကြပြီး လူထုဒေါ်အမာနှင့် ပတ်သက် သည့်အမှတ်တရစာစု၊ စာအုပ်များ ဝေငှခဲ့ကြသည်။
သတင်းစာဆရာ၊ စာရေးဆရာမ ကြီး လူထုဒေါ်အမာကို ၁၉၁၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် မန္တလေးမြို့ ဂုန္တန်ရပ်၌ အဖဦးထင်၊ အမိဒေါ်စုတို့ က မွေးဖွားခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် လူထု ဂျာနယ် လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ ခုနှစ်တွင် လူထုသတင်းစာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ ကာ သတင်းစာ ခေါင်းကြီးများ၊ သတင်းဆောင်းပါးများ၊ နိုင်ငံရေး ဝေဖန်ချက်များ၊ ယဉ်ကျေးမှုရေးရာ စာတမ်းများ၊ ဆောင်းပါးများ၊ ဘာသာ ပြန်များစသည့် စာအုပ်စာတမ်းများစွာ ရေးသားပြုစုခဲ့သည်။ လူထုဒေါ်အမာ သည် ကွယ်လွန်ချိန်အထိ ပြည်သူ လူထု၏ အကျိုးစီးပွားအတွက် အကျိုး ပြုစာပေများ၊ ဆောင်းပါးများရေးသား ခဲ့ကာ ၂ဝဝ၈ ခုနှစ် ဧပြီ ၇ ရက် အသက် ၉၃ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

အမေရိကန်ရေတပ်မှ လေယာဉ်တစ်စင်းအား ပင်လယ်နက်ဝေဟင်၌ ကြားဖြတ်ဟန့်တားခဲ့ဟု ရုရှားပြောကြား


Image may contain: airplane and sky
မော်စကို နိုဝင်ဘာ ၂၉
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ပင်လယ်နက် ဝေဟင်တွင်း၌ အမေရိကန်ရေတပ်မှ လေယာဉ်တစ်စင်းအား ရုရှားလေတပ်မှ စစ်လေယာဉ်တစ်စင်းက အဝေးသို့ မောင်းထုတ်ခဲ့ ရကြောင်း ရုရှားစစ်ဘက်မှ နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြုပြောကြားသည်။
နိုဝင်ဘာ ၂၅ ရက်က ပင်လယ်နက် နိုင်ငံတကာရေပြင်ထက် ဝေဟင်တွင် လေကြောင်း ပစ်မှတ်တစ်ခုသည် ရုရှားနိုင်ငံ နယ်နိမိတ်သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ရုရှား လေကြောင်း ထိန်းချုပ်ရေးစခန်းမှ ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ရုရှားတောင်ပိုင်း စစ်ဒေသ သတင်းပြန်ကြားရေးဌာနက ပြောကြားသည်။
ယင်းလေကြောင်း ပစ်မှတ်အား ရုရှားလေတပ်မှ အက်စ်ယူ-၃၅ ဂျက်တိုက်လေယာဉ်က ပျံသန်းချဉ်းကပ်ကြည့်ရာမှ ယင်းမှာ အမေရိကန်ရေတပ်မှ ပီ-၈ အေ ပိုဆီဒွန်လေယာဉ်ဖြစ်ကြောင်း အမျိုးအမည် ခွဲခြားသတ်မှတ်နိုင်ခဲ့သည်။
ရုရှားတိုက်လေယာဉ်မှ သတိပေးမှုပြုလုပ်ပြီးနောက်တွင် အမေရိကန်ရေတပ်မှ စစ်လေယာဉ်သည် လမ်းကြောင်းပြောင်းလဲကာ ရုရှားနယ်စပ်နှင့် ဝေးရာသို့ ပျံသန်းသွားခဲ့သည် ဟု ရုရှားစစ်ဘက်က ပြောကြားသည်။
နိုဝင်ဘာ ၂၅ ရက်က ပင်လယ်နက် ဝေဟင်အတွင်း ပျံသန်းနေသည့် အမေရိကန်ရေတပ်မှ ပီ-၈ အေ ပိုဆီဒွန် အမျိုးအစားလေယာဉ် အနီးသို့ ရုရှားလေတပ်မှ အက်စ်ယူ-၃၅ အမျိုးအစား ဂျက်တိုက်လေယာဉ်က ဘေးအန္တရာယ်မကင်းသည့်နေရာထိ ကြားဖြတ်ပျံသန်းခဲ့ကြောင်း စီအန်အန်သတင်းဌာနက နိုဝင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဆင်ဟွာ

အာဖဂန်နစ္စတန်တောင်ပိုင်း နန်ဂါဟာပြည်နယ်၌ မြေမြှုပ်မိုင်းပေါက်ကွဲထိမှန်၍ အရပ်သား ရှစ်ဦးသေဆုံး

Image may contain: one or more people, people standing and outdoor
ကန်ဒါဟာ နိုဝင်ဘာ ၂၉
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် နိုဝင်ဘာ ၂၈ ရက်က စစ်သွေြး<ွကများ ထောင်ထားသည့် မြေမြှုပ်မိုင်းနှင့် မော်တော်ယာဉ်တစ်စီး ထိမိပေါက်ကွဲခဲ့ရာ အရပ်သားရှစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။
ကန်ဒါဟာပြည်နယ် အစွန်အဖျား ခရိုင်တစ်ခုရှိ မြေသားလမ်းတစ်လမ်းတွင် ယင်းမြေမြှုပ်မိုင်းပေါက်ကွဲမှု နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး လူရှစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသတင်းဌာနသို့ ပြောကြား သည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးရသူရှစ်ဦး ထဲတွင် အမျိုးသမီးသုံးဦး ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ယခုနှစ် ပထမကိုးလ အတွင်း လက်နက်ကိုင်တိုက်ခိုက်မှုများနှင့် ဆက်နွှယ် ဖြစ်ပွားသော ဖြစ်ရပ်များကြောင့် အရပ်သား ၂၆၄ဝ သေဆုံးခဲ့ပြီး ၅၃၇ဝ တို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဖဂန်နစ္စတန်တွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်နေ သည့် ကုလသမဂ္ဂမစ်ရှင်မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများ အရ သိရသည်။
ဆင်ဟွာ