Thursday, November 30, 2017

ဒေးဗစ်လုဇ်ကို လာမည့်ဇန်နဝါရီလအတွင်း ရီးယဲလ်ခေါ်ယူရန် ကြိုးပမ်းမည်

Image may contain: 1 person, smiling, outdoor
ရီးယဲလ်မက်ဒရစ်အသင်းက လာမယ့်ဇန်နဝါရီဈေးကွက်ဖွင့်လှစ်ချိန်မှာ ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်ကို ခေါ်ယူနိုင်ရန်အတွက် လုဇ်၏ ချယ်လ်ဆီးနှင့် အခြေအနေကိုစောင့်ကြည့်နေပြီဖြစ်သည်။ ဒေးဗစ်လုဇ်မှာ ရိုးမားနှင့် သရေကျသည့်ပွဲစဉ်အတွင်း သူ့ကို လူစားလဲချိန်၌ တုံ့ပြန်ခဲ့မှုပုံစံက နည်းပြ ကွန်တီကို အမျက်သင့်စေ ခဲ့ကာ သူတို့နှစ်ဦးအကြား ဆက်ဆံရေးဆိုးရွားမှုကို အစပြုခဲ့ပြီး ရိုးမားနှင့် ဒုတိယအကျော့ပွဲစဉ်တွင်လည်း လုဇ်မှာ ကစားပုံဆိုးရွားခဲ့သဖြင့် ကွန်တီက ယင်းပွဲစဉ်နောက်ပိုင်း လုဇ်ကို အသင်းလူစာရင်းမှပင် ချန်လှပ်ခဲ့သည်။
ကွန်တီက လုဇ်၏အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းချက်အပေါ် သူမသိရှိကြောင်း ဖြေကြားခဲ့ရာ ကွန်တီ၏ အပြောကို မီဒီယာများက မီးမောင်းထိုးဖော်ပြခဲ့ကြသည်။ ကွန်တီက ဒေးဗစ်လုဇ်ကို မန်ယူ၊ ဝက်စ်ဘရွန်း၊ လီဗာပူးတို့နှင့်ပွဲစဉ်များတွင် ချန်လှပ်ခဲ့သော်လည်း ကာရာဘတ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အသုံးပြုခဲ့သည်။ သို့သော် လုဇ်မှာ လတ်တလောတွင် ဒူးဒဏ်ရာရရှိထားရာ ချယ်လ်ဆီးနှင့် ပွဲစဉ်များကို ထပ်မံလွဲချော်ရန် ရှိနေပြီ ဖြစ်သည်။ ရီးယဲလ်က လက်ရှိတွင် ဇန်နဝါရီဈေးကွက်တွင် ခေါ်ယူမည့် ကစားသမားစာရင်းကို ရေးဆွဲထားပြီး ဖြစ်ကာ လုဇ်ကို ခေါ်ယူရန် လွယ်ကူနိုင်ဖွယ်ရှိသူအဖြစ် ရီးယဲလ်ဘက်မှ သတ်မှတ်ထားကြောင်း တယ်လီဂရပ်က ဖော်ပြခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment