Thursday, November 30, 2017

ကိုယ့်အားကိုယ်ကိုး မဟော်သဓာ စာကြည့်တိုက် ဖွင့်

Image may contain: 19 people, people standing and outdoor
ကျောက်တန်း နိုဝင်ဘာ ၂၉
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တံတားမြို့ အခြေခံပညာအထက် တန်းကျောင်းတွင် နိုဝင်ဘာ ၂၉ ရက် နံနက် ၁ဝ နာရီက ကိုယ့်အားကိုယ်ကိုး မဟော်သဓာစာကြည့်တိုက်ဖွင့်ပွဲ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ တံတား အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမေအောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံစာကြည့် တိုက်အသင်းဥက္ကဋ္ဌ ဦးသန်းအောင်နှင့် တောင်ပိုင်းခရိုင်ပညာရေးမှူးရုံး (ပညာ) မှ လက်ထောက်ညွှန်ကြားရေးမှူးဦးလှသိန်း၊ မြန်မာနိုင်ငံစာကြည့်တိုက်ဖောင် ဒေးရှင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါ်အိကေသွယ်မင်း၊ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆရာမဒေါ်ခင်နှင်းဦး၊ စာရေးဆရာမောင်ဇေယျာ၊ စာရေးဆရာမ ဒေါ်ယမင်း မြတ်အေးတို့က အသီးသီးအမှာစကားပြောကြားသည်။ စာကြည့်တိုက်နှင့် သက်ဆိုင်သောမှတ်တမ်းများအား စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မေမေအောင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ကျောင်းသူ ကျောင်းသားများနှင့် ဒေသခံပြည်သူများ စာပေဗဟုသုတ ပြည့်ဝစေရန်ရည်ရွယ်၍ တံတားမြို့အမှတ် ၁ ရပ်ကွက်မှ ဦးဆွေတင့်-ဒေါ်အိအိခိုင်မိသားစုက မတည်အလှူငွေကျပ် ၁၅ သိန်း၊ တံတားမြို့ပညာ ရည်မြှင့်တင်မှုကော်မတီက ငွေကျပ် ငါးသိန်းတို့ဖြင့် ကျောင်းသားဟောင်းများနှင့် စာပေဝါသနာရှင်များ စုပေါင်းထည့်ဝင်လှူဒါန်းငွေဖြင့် ကိုယ့်အားကိုယ်ကိုး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စာကြည့်တိုက်တွင် ရသစုံစာအုပ် ခြောက်ထောင်ကျော် ထားရှိသည်။
စာကြည့်တိုက်အား ကျောက်တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်သက်သက်မူနှင့် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။
အောင်ဆွေ(ရွှေတံတား)

No comments:

Post a Comment