Thursday, November 30, 2017

လူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့များ ပေးအပ်ရန်စေတနာ့ဝန်ထမ်းလူငယ်များ ဒုတိယအသုတ်စစ်တွေမြို့သို့ရောက်ရှိ

Image may contain: sky, outdoor and nature
စစ်တွေ နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏လုပ်ငန်းစဉ်များအနက်မှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိထိရောက်ရောက် ပေးအပ်ဆောင်ရွက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်း လူငယ်များသည် ဒုတိယအသုတ်အဖြစ် ယနေ့နံနက် ၁၁ နာရီခွဲတွင် ကစ္ဆပမော်တော်ယာဉ်များဖြင့် စစ်တွေမြို့သို့ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသက်လှိုင်ထွန်း၊ တာဝန်ရှိ သူများနှင့် ဒေသခံများက ကြိုဆိုကြသည်။
ဆက်လက်ပြီး စေတနာ့ဝန်ထမ်းလူငယ်များသည် နိုဝင်ဘာ ၃ဝ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့မှ အမြန်ရေယာဉ်ဖြင့် ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ ဆက်လက်ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့အစည်းများတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေနှင့်HCYI၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊Regional၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံစေတနာ့ဝန်ထမ်းလူငယ်များ စုစုပေါင်း ၆၅ ဦး ပါရှိကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)

No comments:

Post a Comment