Thursday, November 30, 2017

လူကာကူ၏ဂိုးပေါက်ပျောက်ဆုံးမှုမှာ ဘောလုံးကန်ဖိနပ်ကြောင့်ဟု မော်ရင်ဟိုယူဆ

Image may contain: 1 person, outdoor
မန်ယူနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူး လူကာကူ၏ ဂိုးပေါက် ပျောက်ဆုံးနေမှု ပြဿနာမှာ ဝတ်ဆင်သည့် ဘောလုံးကန်ဖိနပ်ကြောင့်ဟု ယူဆပြီး လူကာကူ အနေဖြင့် ဘောလုံးကန်ဖိနပ်ကုမ္ပဏီများနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ လူကာကူမှာ မန်ယူအတွက် ရာသီအစတွင် သွင်းဂိုးများ တရစပ်သွင်းယူကာ ခြေစွမ်းပြခဲ့သော်လည်း နောက်ပိုင်းတွင် ဂိုးသွင်းခြေလျော့နည်းလာရာ ဝေဖန်မှုများ ကြုံတွေ့ နေသူဖြစ်သည်။ ဂိုးသွင်းခွင့် မြောက်မြားစွာရရှိခဲ့သော်လည်း လူကာကူမှာ နောက်ဆုံးကစားခဲ့သည့် ၁၁ ပွဲတွင် တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းအပေါ် ယူဆချက်အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
အားကစားသုံးသပ်သူအချို့က မော်ရင်ဟိုမှာ လူကာကူကို ပွဲစဉ်တိုင်း အသုံးပြုနေသဖြင့် ပွဲပန်းကာ ခြေစွမ်းကျဆင်းခြင်းဖြစ်နိုင်သည်ဟု ထောက်ပြ နေချိန်တွင် မော်ရင်ဟိုက ''သူ့ဖိနပ်အတွက် ကြီးမားတဲ့ စာချုပ်တွေ ချုပ်ဖို့ လိုအပ်နေတယ်လို့ ကျွန်တော်မြင်ပါတယ်၊ သူက ဘယ်အမှတ်တံဆိပ်နဲ့မှ စာချုပ်ချုပ်ထားခြင်းမရှိပါဘူး၊ ဒါကြောင့် သူဟာ ဘောကန်ဖိနပ်အနက်ရောင်ကို စီးနေရတာပါ''ဟု သူ၏အမြင်ကို ပြောကြားသည်။
မေလဲ့သင်း

No comments:

Post a Comment