Thursday, November 30, 2017

ဆောင်းဟေကိုအတွက် မွေးနေ့ပွဲ ကျင်းပပေးခဲ့တဲ့ ဆောင်ဂျွန်ကီ

Image may contain: 2 people, people smiling, people sitting
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျရောက်ခဲ့တဲ့ ဆောင်းဟေကိုရဲ့ ၃၆ နှစ်ပြည့်မြောက် မွေးနေ့မှာ ခင်ပွန်းဖြစ်သူ ဆောင်ဂျွန်ကီက သူငယ်ချင်းတွေကိုဖိတ်ကြားကာ မွေးနေ့ပွဲ ကျင်းပပေးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက လက်ထပ်ခဲ့ ကြပြီး ဥရောပကို ဟန်းနီးမွန်းခရီးထွက် ခဲ့ကြတဲ့ ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ တောင်ကိုရီးယားကို ပြန်လည်ရောက်ရှိခဲ့ကြ တာဖြစ်ပါတယ်။ အဲဒီနောက် ဆောင်းဟေကို ရဲ့ မွေးနေ့မှာတော့ သူတို့ရဲ့ ဖျော်ဖြေရေး အေဂျင်စီမှ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် ညစာ အတူ စားခဲ့ကြတာဖြစ်တယ်လို့ ဒရမ်မာဖီဗာ ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
လတ်တလော ကျင်းပခဲ့တဲ့ ဆောင်းဟေကိုရဲ့ မွေးနေ့အခမ်းအနားဟာ ကြယ်ပွင့်စုံတွဲရဲ့ လက်ထပ်ပြီးနောက် ပထမဆုံးပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခု လည်း ဖြစ်ပါတယ်။
ဒီလိုမွေးနေ့ပွဲကျင်းပခဲ့ကြောင်းကို တော့ ပရိသတ်တစ်ဦးက မမျှော်လင့်ဘဲ တွေ့ခဲ့ရပြီးနောက် မီဒီယာကို အသိပေး ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပရိသတ် ဟာ မွေးနေ့ပွဲကျင်းပမယ့် ဟိုတယ်ဧည့်ခန်း မှာရပ်နေစဉ် စုံတွဲတစ်တွဲဟာ လက်ချင်းတွဲ ကာ ဟိုတယ်အတွင်း ဝင်ရောက်လာခဲ့တာ ကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဆိုပါစုံတွဲက အမျိုးသားဟာ မျက်နှာကို လှည့်လိုက်ချိန် မှာတော့ ဆောင်ဂျွန်ကီ ဖြစ်နေတာကို တွေ့ခဲ့ရပြီး သူ့ရဲ့ဘေးမှာ လိုက်ပါလာသူက လည်း ဆောင်းဟေကို ဖြစ်နေတာကို တွေ့ခဲ့ရ ပါတယ်။ ဆောင်းဟေကိုဟာ လည်စည်းပဝါ အထူကိုစည်းထားရာ နှာခေါင်းနားရောက်သည် အထိ ကွယ်နေတာကိုလည်း တွေ့ရခဲ့တယ်လို့ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆက်လက် ပြီး သူက ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ဟာ လက်ထပ်ပြီးစ အခြားသော စုံတွဲတွေလို တစ်ချိန်လုံးတွဲကာတွေ့နေရပြီး တကယ့်ကို ကြည်နူး နှစ်သက်ဖွယ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆောင်ဂျွန်ကီရဲ့ နောက်ဆုံးကျရောက် ခဲ့တဲ့ မွေးနေ့ကတော့ ၃၃ နှစ်ပြည့်မွေးနေ့ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာ ပြည့်ခဲ့တာဖြစ်ပါတယ်။ ဆောင်ဂျွန်ကီရဲ့မွေးနေ့ မှာတော့ ဆောင်းဟေကိုက မွေးနေ့ အထိမ်း အမှတ်အဖြစ် ဘားတစ်ခုမှာ မွေးနေ့ပါတီ ကျင်းပပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်မှာ ဆိုးလ်မှာရှိတဲ့ ရှီလာဟိုတယ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ မင်္ဂလာပွဲ ကိုတော့ ရင်းနှီးသူတွေနဲ့ မိသားစုတွေ နဲ့သာ အကျဉ်းချုံးကျင်းပခဲ့တာဖြစ်ပြီး မီဒီယာသမားတွေကိုတော့ မင်္ဂလာပွဲမှာ ဝင်ရောက်ခွင့်မပေးခဲ့တာကြောင့် ဒရုန်း နဲ့သာ ရိုက်ကူးခွင့်ရခဲ့ကာ တောင်ကို ရီးယားမှာ ဒရုန်းနဲ့သာ ရိုက်ကူးခဲ့ရတဲ့ ကြယ်ပွင့်တွေရဲ့ ပထမဆုံးသော မင်္ဂလာပွဲ ဖြစ်လာခဲ့ကြောင်းလည်း သိရပါတယ်။ မင်္ဂလာပွဲပြီးနောက်မှာတော့ ဆောင်းဟေကို နဲ့ ဆောင်ဂျွန်ကီတို့ဟာ စပိန်ကို ဟန်းနီးမွန်းခရီးထွက်ခဲ့ကြတာ ဖြစ်ပါ တယ်။
လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ တောင်ကိုရီးယားရဲ့ အထင်ကရဒေသတစ်ခု ဖြစ်တဲ့ အီတေးဝန်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။ ခေတ်မီနေအိမ်ဖြစ်တဲ့ နှစ်ထပ်အိမ်တစ်လုံးကိုတော့ အီတေးဝန်မှာ မင်္ဂလာပွဲမတိုင်မီ ဆောင်ဂျွန်ကီက ဝယ်ယူ ခဲ့တာဖြစ်ပြီး နှစ်ဦးသားပြောင်းရွှေ့နေထိုင် ခဲ့ကာ ဆောင်းဟေကိုနဲ့အတူရှိနေရတဲ့ သူ့ရဲ့ဘဝဟာ အလွန်မှကို ပျော်စရာ ကောင်းကြောင်းကိုလည်း ဆောင်ဂျွန်ကီက မကြာသေးမီက မြေငန ဃူငေမန မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တယ်လို့လည်း သိရ ပါတယ်။
အေးပြည့်

No comments:

Post a Comment