Thursday, November 30, 2017

မက်ဆီ၏ ခြေစွမ်းက ကိုယ့်မျက်လုံးကို ကိုယ်မယုံနိုင်ဖြစ်ခဲ့ရသည်ဟု ဇာဗီပြော

Image may contain: 3 people, people playing sports and outdoor
ဘာစီလိုနာ ကွင်းလယ်လူဟောင်း ဇာဗီက မက်ဆီကို လေ့ကျင့်ရေးကွင်းမှာ စတင်တွေ့ဆုံချိန်က သူ့မျက်လုံး ကိုပင် သူမယုံနိုင်အောင် ဖြစ်ခဲ့ရကြောင်း မက်ဆီနဲ့ ပတ်သက်ပြီး ချီးမွမ်းခန်းဖွင့်လိုက်ပါတယ်။ ဇာဗီက မက်ဆီနဲ့ အပြင်မှာ မဆုံခင်ကတည်းက မက်ဆီအကြောင်း ချီးမွမ်းမှုများ မကြာခဏကြားခဲ့ရပြီး ဖြစ်ပေမယ့် အာဂျင် တီးနားသားတစ်ဦး ကောင်းလွန်းတယ်လို့သာ မှတ်သား ထားမိပြီး နာမည်ကိုတော့ မှတ်မိခြင်းမရှိခဲ့ဘူးလို့ အဲဒီတုန်း က အခြေအနေကို ပြန်ပြောင်းပြောခဲ့ပါတယ်။ လေ့ကျင့် ရေးမှူးတွေက အသစ်ခေါ်ယူထားတဲ့ အာဂျင်တီးနား သားလေးဟာ ခြေစွမ်း အတော့်ကိုကောင်းတယ်လို့ သူတို့ကို သတိပေးပြောကြားထားခဲ့ပြီးဖြစ်ပေမယ့် ဇာဗီက မက်ဆီရဲ့နာမည်ကို အမှတ်တမဲ့သာ ဖြစ်ခဲ့တာပါ။
မက်ဆီဟာ လာမာစီယာအကယ်ဒမီမှာ ခြေစွမ်းပြ နိုင်ခဲ့လို့ အသက် ၁၆ နှစ်နဲ့ ဘာစီလိုနာ အသင်းကြီးအတွက် ခေါ်ယူခြင်းခံခဲ့ရပါတယ်။ ဇာဗီကလည်း ဘာစီလိုနာလူငယ် အသင်းက ပေါ်ထွက်လာတဲ့သူဖြစ်ကာ အဲဒီအချိန်တုန်းက မက်ဆီရဲ့ တိုးတက်နေမှုတွေကို ကြားသာကြားသိထားပြီး မျက်မြင်ဒိဋ္ဌ မြင်တွေ့ဖူးခြင်းမရှိခဲ့ပေမယ့် လေ့ကျင့်ရေး ကွင်းမှာ အတူတကွလေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်ပြီး ချိန်မှာတော့ အဲဒီအချိန်ကို တစ်သက်မမေ့နိုင်အောင် ဖြစ်ခဲ့ ရတယ်လို့ ပြောပါတယ်။
ဇာဗီက ''ကျွန်တော်တို့ဟာ ပူယိုးလ်၊ သူရမ်တို့လို ကစားသမားတွေနဲ့ တစ်ဦးချင်း ရင်ဆိုင်ကြရတာဖြစ်ပါတယ်၊ မက်ဆီက သူတို့နှစ်ယောက်ကို ကျော်ဖြတ်ပြနေတော့ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်ဘူးဖြစ်နေတယ်၊ ၁၆ နှစ်သားလေးက ပရော်ဖက်ရှင် နောက်ခံကစားသမား၊ လက်ရွေးစင်ကစားသမားတွေကို ကျော်ဖြတ်နိုင်လို့လေ၊ အဲဒီအချိန်ကတည်းက သူဟာ အခြားသူတွေနဲ့ ကွဲပြားတဲ့ သူဆိုတာ ကျွန်တော်တို့ ပြောနိုင်တယ်၊ တစ်ဦးချင်း ကျော် ဖြတ်ပြတဲ့နေရာမှာကိုက သူက ပင်ကိုအရည်အသွေး ပါလာပြီးသားဆိုတာ ထင်ရှားတယ်၊ သူက လျင်မြန်တယ်၊ ဂိုးသွင်းနိုင်တယ်၊ သူက ကျော်ဖြတ်ပြတယ်၊ ပြီးတော့ ကန်သွင်းမှုပြုတယ်''လို့ အဲဒီတုန်းက အခြေအနေကို ပြန်ပြောင်းပြောပါတယ်။
မေလဲ့သင်း

No comments:

Post a Comment