Thursday, November 30, 2017

ရခိုင်ပြည်နယ် UEHRDလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အဖွဲ့ မြေပြင်ကွင်းဆင်းကြည့်ရှု

Image may contain: 4 people, people standing, sky, outdoor and nature
မောင်တော နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တစ်ဖက်နိုင်ငံမှ ပြန်လည်ရောက်ရှိလာမည့်သူများအား လက်ခံစိစစ်ပေးမည့် ငါးခူရနှင့် တောင်ပြိုလက်ဝဲစိစစ်ရေးစခန်းတို့အား အကောင် အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကွင်းဆင်းကြည့်ရှုသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တစ်ဖက် နိုင်ငံမှ ရေလမ်းကြောင်းဖြင့် ပြန်လည်ရောက်ရှိလာလျှင် လက်ခံမည့် ငါးခူရနယ်စပ် လက်ခံစိစစ်ရေးစခန်းသို့ ရောက်ရှိကာ စိစစ်လက်ခံပေးမည့် ရုံးဝန်ထမ်းများနေထိုင် မည့်အဆောက်အအုံများ၊ စိစစ်လက်ခံမှုပြုမည့် စခန်း နေရာများနှင့် တစ်ဖက်နိုင်ငံမှ ပြန်လည်ရောက်ရှိလာမည့် သူများကို ယာယီခိုလှုံထားရှိနိုင်ရန် တည်ဆောက်ပေးမည့် အဆောက်အအုံနေရာများအား လိုက်လံကြည့်ရှုသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ကြိမ်ချောင်း-ဂုပ္ပိတောင်ကျော်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုပြီး လောင်းတုံ-ငါးခူရ လမ်းပိုင်းနှင့်ကျီးကန်းပြင်-ကြိမ်ချောင်း-ငါးခူရ လမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး သည်။
မွန်းလွဲပိုင်းတွင် ကုန်းတွင်း လမ်းကြောင်းဖြင့် တစ်ဖက်နိုင်ငံမှ ပြန်လည်ရောက်ရှိလာမည့်သူများအား စိစစ်လက်ခံပေးမည့် စခန်းတည်ဆောက်ရာ တောင်ပြို လက်ဝဲမြို့၌ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက် ၍ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း အဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက် နေမှု အပိုင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ Modular House များ ဆောက်လုပ်နေမှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း ပေါင်းစပ် ညှိနှိုင်းပေးသည်။ ဆက်လက်၍ မောင်တောဒေသဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် ကျီးကန်းပြင်-ဇင်ပိုင်ညာ-လှဖိုးခေါင် လမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများနှင့်ဆွေးနွေးပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။
သတင်းစဉ်၊ သတင်းအဖွဲ့၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment