Thursday, November 30, 2017

ဟိုင်းကြီးကျွန်းတွင် ဆူနာမီ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်

Image may contain: one or more people, tree, sky, grass, mountain, outdoor and nature
ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်း မြို့ ဒီးဒူးကုန်းကျေးရွာအုပ်စု မေဒါအိုင်ကျေးရွာတွင် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ဆူနာမီသဏ္ဌာန် တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ဧရာဝတီတိုင်း ဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနက ကြီးမှူး၍ ဒေသခံ များနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းတစ်ခု ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဆူနာမီသဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်း ကို ဒီးဒူးကုန်း အုပ်စုအတွင်းမှ ဒေသခံ ၃ဝဝ ခန့် တက်ရောက်ခဲ့သည်။
ဆူနာမီသဏ္ဌာန်တူ ဇာတ်တိုက် လေ့ကျင့်ခန်း နှင့်ပတ်သက်၍ နိုဝင်ဘာ ၂၇ ရက်က ဒေသခံ များနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းမှစ၍ ဇာတ်တိုက်လေ့ကျင့်ခန်း ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ လေ့ကျင့်ခန်း ဆောင်ရွက်ပြီးနောက် ဒေသခံများနှင့် တွေ့ဆုံကာ တိုင်းဒေသကြီး လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ကျရောက်သော ကမ္ဘာ့ ဆူနာမီ အသိပညာပြန့်ပွားရေးနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ထို့အပြင် ဆူနာမီဘေးအား ပြည်သူများ လက်တွေ့ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ဆူနာမီဘေးဒဏ်ခံစား ခဲ့ရဖူးသည့် ဒီးဒူးကုန်းကျေးရွာအုပ်စုရှိ ပြည်သူများ ပါဝင်၍ ဆူနာမီသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့် ခန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဆွေးနွေး
ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလ ဗေဒ ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးလှမြင့်က သဘာဝဘေးနှင့် ပတ်သက်၍ ဆွေးနွေးကာ ဟိုင်းကြီးကျွန်းမြို့၊ အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီး ဌာန ဦးစီးမှူး၊ တိ/မွေးကုဦးစီးဌာန ဦးစီးမှူးတို့က အသီးသီး ပညာပေး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံ များကိုယ်စား ဒီးဒူးကုန်းကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးက တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက လှူဒါန်းသည့် အသက်ကယ်အင်္ကျီများကို လက်ခံရ ယူခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
ထို့နောက် ဒေသခံများအား တီရှပ်အင်္ကျီများ၊ စားသောက်ဖွယ်ရာများကိုလည်း ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။
ကျော်သူဟိန်း (ဟိုင်းကြီးကျွန်း)

No comments:

Post a Comment