Thursday, November 30, 2017

မန္တလေးရတနာပုံဈေးမီးဘေးကာကွယ်ရေး မီးငြှိမ်းသတ်မှုနှင့် ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်များ ဇာတ်တိုက်လေ့ကျင့်

Image may contain: sky and outdoor
ချမ်းအေးသာစံ နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်သူတို့ ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ၊ ဈေးများ မီးဘေးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ပြည်သူများအား ကူညီဆောင်ရွက်ပေး ရန်အတွက် မီးသတ်ဦးစီးဌာန၏ မိုးမှာ လေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ နွေမှာအသင့်ဆောင်ပုဒ်နှင့်အညီ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသည် သန္ဓေနှင့်ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်သင်ကြား ပေးခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့သည်။
မန္တလေး ချမ်းအေးသာစံမြို့နယ် ၇၈ လမ်း၊၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ အဆင့်မြင့်ရတနာပုံဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းနှင့်ရှာဖွေကယ်ဆယ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်
ခြင်းကို နိုဝင်ဘာ၂၈ ရက် ည ၁၁ နာရီက ဆောင်ရွက်ခဲ့သည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့်အဆောက် အအုံ မီးငြှိမ်းသတ်ရေးယာဉ်များ အသုံးပြုပြီးမီးငြှိမ်းသတ်ခြင်း၊ ဈေးအတွင်း ပိတ်မိနေသူ များအား အဆင့်မြင့်အသက်ကယ်ကိရိယာများအသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းများကိုသန္ဓေနှင့် ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ဝ၊မီးသတ်ယာဉ် ၂၅ စီးဖြင့် ဈေးပတ်လည်တွင် စုပေါင်းလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရာသို့မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ မန္တလေးခရိုင် မီးသတ်ဦးစီးမှူးဦးသန်းနိုင်နှင့် မြို့နယ် မီးသတ် ဦးစီးမှူးများ၊ မန္တလေးခရိုင်ဒေသ
အရန်မီးသတ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဗိုလ်မင်းနှင့်ကော်မတီဝင်များ၊ တပ်ခွဲမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးနှင့် သားသတ်ဌာန၊ ဈေးဌာနမှူးဦးခင်အောင်နှင့်
ဝန်ထမ်းများ၊ ရတနာပုံဈေးအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ တက် ရောက်ကြသည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment