Thursday, November 30, 2017

အာဖဂန်နစ္စတန်တောင်ပိုင်း နန်ဂါဟာပြည်နယ်၌ မြေမြှုပ်မိုင်းပေါက်ကွဲထိမှန်၍ အရပ်သား ရှစ်ဦးသေဆုံး

Image may contain: one or more people, people standing and outdoor
ကန်ဒါဟာ နိုဝင်ဘာ ၂၉
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် နိုဝင်ဘာ ၂၈ ရက်က စစ်သွေြး<ွကများ ထောင်ထားသည့် မြေမြှုပ်မိုင်းနှင့် မော်တော်ယာဉ်တစ်စီး ထိမိပေါက်ကွဲခဲ့ရာ အရပ်သားရှစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။
ကန်ဒါဟာပြည်နယ် အစွန်အဖျား ခရိုင်တစ်ခုရှိ မြေသားလမ်းတစ်လမ်းတွင် ယင်းမြေမြှုပ်မိုင်းပေါက်ကွဲမှု နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး လူရှစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသတင်းဌာနသို့ ပြောကြား သည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးရသူရှစ်ဦး ထဲတွင် အမျိုးသမီးသုံးဦး ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ယခုနှစ် ပထမကိုးလ အတွင်း လက်နက်ကိုင်တိုက်ခိုက်မှုများနှင့် ဆက်နွှယ် ဖြစ်ပွားသော ဖြစ်ရပ်များကြောင့် အရပ်သား ၂၆၄ဝ သေဆုံးခဲ့ပြီး ၅၃၇ဝ တို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဖဂန်နစ္စတန်တွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်နေ သည့် ကုလသမဂ္ဂမစ်ရှင်မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများ အရ သိရသည်။
ဆင်ဟွာ

No comments:

Post a Comment