Thursday, November 30, 2017

သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် သင်တန်း ကော့မှူးတွင် ဖွင့်လှစ်

Image may contain: one or more people, people sitting and indoor
ကော့မှူး နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကော့မှူးမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ တတိယနှစ်စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များဆောင်ရွက်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင် (ESMF) သင်တန်းဖွင့်ပွဲကို မကျီးကန်ကျေးရွာ အောင်သိဒ္ဓိ ရန်ကင်းတောင် တောင်ပေါ်ကျောင်း၌ နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့သည်။
သင်တန်းအား ရန်ကုန်တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံးမှ တိုင်း ဒေသကြီးအဆင့် အခြေခံ အဆောက်အအုံဆိုင်ရာ နည်းပညာအကြံပေး ဒေါ်မြတ်ဖြူစင်က လာရောက်ပို့ချပြီး လက်ထောက်နည်းပညာမှူး ၂ဝ နှင့် လူထုစည်းရုံးရေးမှူး ၃၂ ဦးတို့ သင်တန်း တက်ရောက်ခဲ့ကြောင်း သိရ
သည်။
သက်မှူး

No comments:

Post a Comment