Thursday, April 30, 2015

မေ၀ဲသားနဲ့ ပတ်ကွီယို ဘယ်သူအလဲထိုးမလဲ




လက်စ်ဗီးဂတ်စ်မြို့တွင် မေ ၂ ရက်မှာ ထိုးသတ်မယ့် မေဝဲသားနဲ့ ပတ်ကွီယိုတို့ရဲ့ လက်ဝှေ့ပွဲကတော့ ပရိသတ်တွေ အတော်လေး စိတ်ဝင်တစားရှိနေကြပါတယ်။ ပြိုင်ပွဲမတိုင်မီက လက်မှတ်တွေ ရောင်းမလောက်အောင် ဖြစ်ခဲ့ရတဲ့ ပြိုင်ပွဲပါ။ ပြိုင်ပွဲ စီစဉ်သူတွေက ပရိသတ်တွေကို လက်မှတ်ထုတ်ရောင်းမှုနည်းခဲ့တာကြောင့် လက်မှတ်ဈေးတွေ အဆမတန်မြင့်တက်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ ဒီလက်ဝှေ့ပွဲက လက်စ်ဗီးဂတ်မြို့မှာ ထိုးသတ်တဲ့ လက်ဝှေ့သမိုင်းမှာ ကြေး အကြီးဆုံးပြိုင်ပွဲလို့ဆိုပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရတဲ့ လက်ဝှေ့သမားဟာ ထိုက်ထိုက်တန်တန် ဆုကြေးငွေ ဆွတ် ခူးရရှိနိုင်မှာ ဖြစ်ပါတယ်။ ပေါင်သန်း ၂၅ဝ အထိ ဝင်ငွေရရှိလိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒီလက်ဝှေ့ ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာကိုတော့ ပရိသတ်တွေ အထူးစိတ်ဝင်စားနေကြပါတယ်။ ဗြိတိသျှ ဂန္ထဝင်လက်ဝှေ့ သမားကြီး ရစ်ကီးဟက်တန်ကတော့ ဒီပွဲမှာ မေဝဲသား အနိုင်ရသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မေဝဲသားနဲ့ ဟက်တန်တို့ဟာ ၂ဝဝ၇ ခုနှစ်က ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပါတယ်။ ဒီပွဲမှာ မေဝဲသားက ဟက်တန်ကို ၁ဝ ချီနဲ့ အလဲထိုး နိုင်ခဲ့ပါတယ်။ နှစ်နှစ်အကြာမှာ ပတ်ကွီယိုကလည်း ဟက်တန်ကို အလဲထိုး အနိုင်ယူနိုင်ခဲ့ပါတယ်။ ပတ်ကွီယိုနဲ့ မေဝဲ သားတို့ရဲ့ အစွမ်းကို သိထားတဲ့ ဟက်တန်က ဒီပွဲမှာ မေဝဲသားအနိုင်ရသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မေဝဲသား နဲ့ ပတ်ကွီယိုတို့ရဲ့ ပြိုင်ပွဲဟာ ႊၽႀဃယ ႊၽႀဗယ ႊၽႀဥ ဝယ်တာဝိတ်တန်း ပြိုင်ပွဲဖြစ်ပါတယ်။ အနိုင်ရတဲ့ လက်ဝှေ့ သမားဟာ ချန်ပီယံခါးပတ်ဆုကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။
ကောင်းမြတ်သူ

ဧရာဝတီ အသင်း AFC Cup ရှုံး/ထွက်အဆင့်သို့ တက်ရောက်



 

ရန်ကုန် ဧပြီ ၂၉
၂ဝ၁၅ ရာသီAFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ် (H) ပွဲစဉ်ဖြစ်သည့် ဧရာဝတီ အသင်းနှင့် လာအို င်္ဃ တို့သည် ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရာ ဧရာဝတီအသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရသွားသည်။
ဧရာဝတီ - လေးဂိုး
လာအို FC - သုံးဂိုး
တစ်ယောက်လျော့ကစားခဲ့ရသည့်အပြင် နောက်မှလိုက်ကစားခဲ့ရသည့် ဧရာဝတီအသင်းမှာ ပွဲပြီးခါနီး ဂိုးဖြင့် ပထမဆုံး အိမ်ကွင်းနိုင်ပွဲရယူနိုင်ခဲ့သည်။ဧရာဝတီအသင်းမှာ နိုင်ပွဲရယူနိုင်ခဲ့သလို အုပ်စု (H) ၏ အခြားပွဲစဉ်တွင် နယူးရေးဒီးယန့်အသင်းမှာ အိမ်ကွင်း၌ရှုံးနိမ့်ခဲ့သောကြောင့် ဧရာဝတီအသင်း မှာ ရှုံး/ထွက်အဆင့်သို့ ပွဲမကုန်ဆုံးမီ တက်ရောက်သွားပြီဖြစ်သည်။
ဧရာဝတီအသင်းမှာ ပွဲပယ်ခံထားရသည့် ဟိန်းသီဟဇော်ကလွဲ၍ လူစုံ ပါဝင်ခဲ့ပြီး ပွဲအစ ရှစ်မိနစ်မှာပင် ဖွန်ဆီကာက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ သည်။ ဧရာဝတီအသင်းမှာ အိမ်ကွင်း၌ကစားရသည့်အပြင် ဦးဆောင်ဂိုးရထား သော်လည်း ပွဲကိုထိန်းကစားနိုင်ခြင်းမရှိခဲ့ပေ။ လာအိုအသင်းမှာ အကောင်းဆုံး ပုံစံဖြင့် ဧရာဝတီဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ၂၇ မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် ဖက်ထာနာက ချေပဂိုးပြန်သွင်းခဲ့သည်။ သရေဖြစ်ပြီးနောက်ပိုင်းတွင် လည်း လာအို င်္ဃ ကသာ ဖိကစားနိုင်ခဲ့ပြီး ၄၂ မိနစ်တွင် ဖရီးကစ်မှတစ်ဆင့် ပိုင်တီးက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။
ဒုတိယပိုင်းအစတွင် ဧရာဝတီ အသင်း ကစားသမားအပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ၆၃ မိနစ်တွင် ချစ်စမ်း မောင်အထုတ်ခံခဲ့ရ၍ တစ်ယောက် လျော့ဖြင့် ကစားခဲ့ရသည်။ ၆၉ မိနစ် တွင် ရစ္စတီက ပယ်နယ်တီမှတစ်ဆင့် ဧရာဝတီအတွက် ချေပဂိုးပြန်သွင်းခဲ့ သော်လည်း တစ်ယောက်အသာရနေ သည့် လာအို FC မှ ခါဇူက ၇၃ မိနစ် တွင် တတိယဂိုးသွင်းယူပေးခဲ့သည်။
တစ်ယောက်လျော့တစ်ဂိုးရှုံးနေ သည့် ဧရာဝတီအသင်းမှာ စိတ်ဓာတ် မကျဘဲ ပြန်ဖိကစားလာခဲ့ပြီး ၇၉ မိနစ်တွင် ရစ္စတီက ချေပဂိုးပြန်သွင်း ခဲ့သည်။ သရေဖြစ်ပြီး နောက်ပိုင်းတွင် ဧရာဝတီအသင်း ကစားပုံပိုကောင်း လာပြီး ၈၅ မိနစ်တွင် ဖွန်ဆီကာက အနိုင်ဂိုးသွင်းယူပေးခဲ့သည်။ အုပ်စု (H) တွင် တစ်ပွဲကစားရန် ကျန်သေး သော်လည်း ဘန်ဒေါင်း (အင်ဒိုနီးရှား) က ၁၁ မှတ်၊ ဧရာဝတီအသင်းက ကိုးမှတ်တို့ရရှိကာ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
သတင်း-ညီမြတ်သော်တာ ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

အားလုံးပါဝင်သည့် ငြိမ်းချမ်းသောဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ဆောက်နိုင်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိ



 
နေပြည်တော်   ဧပြီ   ၂၉


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီရေးဆိုင်ရာ မိတ်ဖက်အဖွဲ့ (Partnership  Group  for  Peace, Development and Democracy in Myanmar - PGM) အစည်းအဝေးကို ဧပြီ ၂၄ရက် နံနက် ၁၁နာရီခွဲမှ မွန်းလွဲ ၁နာရီအထိ နယူးယောက် မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်  မစ္စတာ ဘန်ကီမွန်း၊ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ  ဗီဂျေနမ်ဘီးယား၊ PGM  အဖွဲ့ဝင် ၁၅ နိုင်ငံမှ   အမြဲ တမ်း ကိုယ်စားလှယ်အဆင့် ၁ဝ ဦး၊ ဒုတိယ   အမြဲတမ်းကိုယ်စားလှယ် အဆင့် လေးဦးနှင့် အမေရိကန်နိုင်ငံ မှ ဒုတိယလက်ထောက် နိုင်ငံခြား ရေးဝန်ကြီး Mr. Scot Marciel  တို့ တက်ရောက်ခဲ့ကြသည်။

PGM အစည်းအဝေးတွင် ကုလသမဂ္ဂ   အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နိုင်ငံတော် သမ္မတ  ဦးသိန်းစိန်   ဦးဆောင် အကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု လုပ် ငန်းစဉ်သည် တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်    တိုးတက်လျက်ရှိပါ ကြောင်း၊  အငြင်းပွားမှုများ   ရှိခဲ့ သော်လည်း နှစ်ပေါင်း ၃ဝ အတွင်း ပထမဦးဆုံး   ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းရလဒ်ကို  မကြာမီ ကြေညာနိုင်တော့မည်      ဖြစ်ပါ ကြောင်း။

ယခုနှစ်ကုန်ခန့်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် အရေးပါသည့် သမိုင်းဝင် မှတ်တိုင်တစ်ခုဖြစ်လာ မည်ဖြစ်ရာ   ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှုရှိပြီး   အားလုံး ပါဝင်ခွင့်ရရှိသည့်   ရွေးကောက်ပွဲ တစ်ခုဖြစ်စေရေးအရေးကြီးကြောင်း၊ နိုင်ငံတော်သမ္မတ  ဦးသိန်းစိန်က ဖွဲ့စည်းပုံအခြေခံဥပဒေ    ပြုပြင် ပြောင်းလဲရေးအပါအဝင် အရေးပါ သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အခြားသော ခေါင်းဆောင်များနှင့် နိုင်ငံရေးထိတွေ့   ဆွေးနွေးမှုများ ကြိုးပမ်းလုပ်ဆောင်လျက်   ရှိသည် မှာ       အားရကျေနပ်ဖွယ်ဖြစ်ပါ ကြောင်း။

၁၆ လကြာမျှ မနားမနေ စေ့စပ် ဆွေးနွေးမှုများ   ပြုလုပ်ပြီးနောက် မတ် ၃၁ ရက်တွင် အစိုးရနှင့် တိုင်း ရင်းသား လက်နက်ကိုင်  အုပ်စုများ အကြား နှစ်ပေါင်း ၆ဝ ကျော် ဖြစ်ပွား လျက်ရှိသည့် ပဋိပက္ခကို အဆုံးသတ် စေမည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များ ရရှိ ခဲ့ပါကြောင်း၊ သဘောတူညီချက်ကို ရွှေ့ဆိုင်းမှုမရှိဘဲ လက်မှတ်ရေးထိုး နိုင်ရေးမှာ အရေးကြီးပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက်   မြန်မာကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်    ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်   ခေါင်း ဆောင်သည့် အစိုးရ  တာဝန်ယူခဲ့ သည့်  လေးနှစ်တာ  ကာလအတွင်း နိုင်ငံအတွင်း ထင်ရှားသည့် တိုးတက် အောင်မြင်မှု အများအပြား  ပေါ် ပေါက်ခဲ့ပါကြောင်း၊   အစိုးရအနေ ဖြင့် နိုင်ငံတွင်း   ရေရှည်စဉ်ဆက် မပြတ်   စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန်နှင့် အားလုံးပါဝင်သည့် ငြိမ်း ချမ်းသော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီး     တည်ဆောက်နိုင်ရေး အတွက် အားသွန်ခွန်စိုက် ဆောင် ရွက်လျက်ရှိပါကြောင်း။

ဒီမိုကရေစီ  လုပ်ငန်းစဉ်မှာ အပြောထက် လက်တွေ့လုပ်ဆောင် ရန် ခက်ခဲသည့်  လုပ်ငန်းစဉ်တစ် ရပ်ဖြစ်ရာ  မိမိတို့အနေဖြင့်   မိမိတို့ ၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင် အောင်မြင်မြင်  အသွင်ကူးပြောင်း နိုင်စေရန်အတွက်  သတိကြီးစွာ ထား၍ ဆောင်ရွက်ရပါကြောင်း။

မြန်မာနိုင်ငံ၏   အခြေအနေ အပေါ် နိုင်ငံတကာအသိုက်အဝန်း မှ နားလည်စာနာပြီး အမှန်အတိုင်း အမြော်အမြင်ကြီးစွာ ရှုမြင်သုံးသပ် နိုင်မည်ဆိုပါက အထူးပင် ကျေးဇူး တင်ရှိမည်ဖြစ်ပါကြောင်း၊  ဆယ်စု နှစ်များစွာ    မြန်မာနိုင်ငံအပေါ် အရေးယူ   ပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံ များထက်   စီးပွားရေး၊  လူမှုရေး နောက်ကျကျန်ခဲ့ပြီး ဖွံ့ဖြိုးမှု အနည်း ဆုံးနိုင်ငံအဆင့်သို့ပင် ရောက်ရှိခဲ့ပါ ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝလုံခြုံရေး  အဆင့်အတန်း နိမ့်ကျခဲ့ရပါကြောင်း။
အစိုးရအနေဖြင့် ပါတီစုံ ဒီမို ကရေစီစနစ် တည်ထောင်ရန် အခိုင် အမာ သန္နိဋ္ဌာန် ချမှတ်ထားပြီးဖြစ် ရာ ယင်းသန္နိဋ္ဌာန်အတိုင်း အပြည့် အဝ    အောင်မြင်စေရန်  ဆောင် ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ၏ အတိတ်ကာလနှင့် လက်ရှိ အခြေ အနေကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက နိုင်ငံအတွင်း တိုးတက်မှု ဖြစ်ပေါ်မှု အများအပြား  ပေါ်ပေါက်လျက်ရှိ သည်ကို အထင်အရှားတွေ့မြင်နိုင် ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး  ဦးခင်ရီက White Card   ကိစ္စကို   အလေးထား၍  လည်း ကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ကျန်းမာရေး နှင့် လူဦးရေထိန်းချုပ်ရေးဆိုင်ရာ ဥပဒေမူကြမ်း လေးရပ်နှင့် ပတ်သက် ၍ လည်းကောင်း ပါဝင်ဖြည့်စွက် ဆွေးနွေးပြောကြားကြသည်။
ထို့နောက်   တက်ရောက်လာ သည့် အဖွဲ့ဝင်နိုင်ငံများ ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များက  ပါဝင်ဆွေး နွေးခဲ့ကြသည်။  ပါဝင်ဆွေးနွေးသူ များက တစ်နိုင်ငံလုံး  အပစ်အခတ် ရပ်စဲရေးရရှိခဲ့မှုအပါအဝင်နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေးပြုပြင်ပြောင်း လဲမှုများ အောင်မြင်စွာ ဆောင်ရွက် လျက်ရှိမှုအပေါ် ချီးကျူးပြောကြား ခဲ့ကြပြီး     လာမည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအား မြန်မာ့နိုင်ငံရေး တွင် အထူးအရေးပါသည့် ဖြစ်စဉ် တစ်ရပ်အဖြစ်    အလေးထားဆွေး နွေးခဲ့ကြသည်။ ရခိုင်ပြည်နယ်ကိစ္စ နှင့်ပတ်သက်၍ အကောင်အထည် ဖော်     လုပ်ဆောင်ရန်ရှိသည်များ အား ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားရေးအတွက်  ထည့်သွင်းတိုက် တွန်းခဲ့သည်။

PGM   အစည်းအဝေးအပြီးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ထုတ်ပြန်ကြေညာချက်(Readout)  တစ်ရပ်ကို ဧပြီ ၂၄ ရက်စွဲဖြင့် ထုတ် ပြန်ခဲ့ရာတွင် PGM  အဖွဲ့ဝင် နိုင်ငံ များက  မြန်မာအစိုးရ၏  ပြုပြင် ပြောင်းလဲရေး     ကြိုးပမ်းမှုများ အပေါ် ဆက်လက်ထောက်ခံလျက် ရှိသည်ကို  ထုတ်ဖော်ပြောကြားခဲ့ ကြောင်း၊   လာမည့်ရွေးကောက်ပွဲ သည် ပြုပြင်ပြောင်းလဲရေးအစီအစဉ် ၏  အရေးပါသော   အဆင့်ဖြစ် ကြောင်း   အလေးထားပြောကြားခဲ့ ကြကြောင်း၊    နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ၏ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရေး ကြိုးပမ်းခဲ့မှုအပေါ်  ချီးကျူးခဲ့ကြ ကြောင်း၊ သက်ဆိုင်သူ အားလုံးက မျှော်လင့်စောင့်စားနေကြသည့် နိုင်ငံ ရေးထိတွေ့ဆွေးနွေးမှု   မူဘောင် အပေါ် ဆောလျင်စွာ သဘောတူညီ နိုင်ရေးအတွက် မျှော်လင့်ကြောင်း ကိုလည်း   ထုတ်ဖော်ပြောကြားခဲ့ ကြကြောင်း၊ ရခိုင်နှင့် အခြားဒေသ များရှိ အသိုက်အဝန်း နှစ်ခုအကြား ဆက်လက်ပေါ်ပေါက်နေသည့် တင်း မာမှုနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံ များမှ မြန်မာနိုင်ငံအနေဖြင့် နောက် ထပ် ပဋိပက္ခများ ကာကွယ်တားဆီး ရေးအတွက် ခိုင်မာပြတ်သားသည့် လုပ်ဆောင်မှုကို လုပ်ဆောင်သွား ရန်  လိုအပ်ကြောင်း  စသည်ဖြင့် ဖော်ပြထားသည်။

 (သတင်းစဉ်)

ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် ဒေသတွင်းအထောက်အကူပြုနိုင်သည့် အင်အားတစ်ခုကို ရရှိနိုင်မည်




 
 နေပြည်တော် ဧပြီ ၂၉


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ညနေ ၅ နာရီတွင် မလေးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ်General Tan Sri Raja Mohamed Affandi bin Raja Mohamed Noor အား ဇေယျာသီရိဗိမာန်ဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရ သက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့တက်ရောက်ကြပြီး မလေး ရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်General Tan Sri Raja Mohamed Affandi bin Raja Mohamed Noor နှင့်အတူ မလေးရှားတပ်မတော် မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားစစ်သံမှူး Colonel Mohd Yasin Bin Usop တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် ကောင်းမွန် သောဆက်ဆံရေးရှိပြီး တပ်မတော် နှစ်ရပ်အကြားတွင်လည်း ပွင့်လင်း နွေးထွေးသည့် ဆက်ဆံရေးရှိပါ ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အပါအဝင် အခြားနယ်ပယ်များတွင် လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ပါ ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းအထောက်အကူ ပြုနိုင် သည့် အင်အားတစ်ခုကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံဖြတ်သန်းခဲ့ သည့် တူညီသောသမိုင်းကြောင်း ရှိသဖြင့် မိမိတို့၏ အတွေ့အကြုံများ ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တပ် မတော်နှစ်ရပ်၏ စွမ်းရည်တိုးမြှင့်ရေး ကိုလည်း အထောက်အကူ ဖြစ်စေနိုင် ပါကြောင်း၊ တပ်မတော်နှစ်ရပ် အကြား များစွာချစ်ကြည်ရင်းနှီးသည့် အားလျော်စွာ မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများကိုလည်း ဥပဒေနှင့်အညီ ကူညီစောင့်ရှောက် ပေးစေလိုကြောင်းဖြင့် ပြောကြား သည်။

ဆက်လက်ပြီး တပ်မတော်နှစ်ရပ် အကြား လုပ်ဆောင်လျက်ရှိသည့်Army to Army လုပ်ငန်းဆောင်ရွက်မှု များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ အပြန်အလှန် ဆွေးနွေးကြ သည်။

(မြဝတီ)

ငါးဈေးနှုန်းများ ပြောင်းလဲခြင်းက ဝန်ထမ်းလစာတိုးမှုကိစ္စနှင့် မသက်ဆိုင်ဟုဆို


 
ရန်ကုန် ဧပြီ ၂၉
ပြည်တွင်းငါးဈေးကွက်အတွင်း ငါးဈေးနှုန်းများ ပြောင်းလဲမှုသည် ဝန်ထမ်းများ၏ လစာတိုးမှုကြောင့် ပြောင်းလဲခြင်းမျိုးမဟုတ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
''နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုဖြစ်စဉ်နဲ့၊ မွေးမြူထုတ်လုပ်မှုလျော့နည်းကျဆင်းချိန်နဲ့တိုက်ဆိုင်နေလို့ ငါးဈေးနှုန်းတွေ အပြောင်းလဲဖြစ်တာမျိုးပါ။ လစာတိုး တာနဲ့ မဆိုင်ပါဘူး''ဟု ၄င်းက ပြောသည်။
ယခုကာလသည် ပြည်တွင်းငါးဈေးကွက်အတွင်းတွင် သဘာဝအင်းအိုင် မြစ်ချောင်းများမှ ဖမ်းဆီးထုတ်လုပ် သော ရာသီမဟုတ်တော့သည့်အတွက် သဘာဝငါး ဝင်ရောက်မှုလျော့နည်းချိန်ဖြစ်ပြီး မကြာမီ ငါးရစ် ငါးသန်ကိစ္စအတွက် ငါးဖမ်းဆီးမှု ကန့်သတ်ပိတ်မည့်
ရာသီကာလရောက်ရှိတော့မည်ဖြစ်သည့်အတွက်လည်း ရာသီအခြေအနေအရ ငါးရံ့၊ ငါးခူ၊ ငါးကျည်းစသော သဘာဝငါးများ ယခင်ကထက်ဈေးအနည်းငယ် မြင့်တက် လာခြင်းဖြစ်သည်။
ယခုလို သဘာဝငါးများ ဝင်ရောက်မှုနည်းချိန်တွင် မွေးမြူရေးငါးများကို အားထားစားသုံးလာရပြီး ဈေးကွက် ဝယ်လိုအား လိုအပ်ချက်ကို ငါးမွေးမြူရေးလုပ်ငန်းများက ဈေးကွက်အတွင်း အလျဉ်မီစေရန် ထုတ်လုပ်တင်ပို့လာ လျက်ရှိသည်။
''သဘာဝငါးရှားချိန်မှာ မွေးမြူရေးငါးကို ဈေးကွက်ထဲလိုသလောက် ဝင်ရောက်နိုင်မှ ထိန်းနိုင်မယ်။ ငါးမြစ်ချင်းကexport ငါးဖြစ်လို့ ဒေါ်လာဈေးအတက် အကျအတိုင်း အပြောင်းလဲရှိတယ်။ ငါးတန်၊ ငါးမုတ်က ပြည်တွင်းငါးဈေးအတိုင်းပဲဖြစ်လို့ တက်တာမျိုးမဖြစ်ဘူး။ ပုံမှန်ထုတ်လုပ်မှုတွေရှိလို့ ဈေးနှုန်းတည် ငြိမ်နေတယ်''ဟု ၄င်းက ရှင်းပြသည်။
ပြည်တွင်းတွင် ငါးစားသုံးမှုသည့် ဒေသအလိုက် ဒေသခံများ သာမက မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့် ဧည့်သည်များလည်း စားသုံးလာကြပြီး လွန်ခဲ့ သောနှစ်က ကမ္ဘာလှည့်ခရီးသည် သုံးသန်းဝင်ခဲ့သလို ယခုနှစ်တွင် ငါးသန်းခန့် ဝင်ရောက်ရန်မျှော်မှန်းချက်များ ရှိနေခြင်းကြောင့် ကမ္ဘာလှည့်ဧည့်သည်များ၏ စားသုံးမှုကို လည်း ဖြည့်ဆည်းပေးနေသော အခြေအနေမျိုးဖြစ် သည်။
ပင်လယ်ငါးဖမ်းဆီးထုတ်လုပ်မှုနှင့် ပတ်သက်၍ လည်း ၂ဝ၁၅ နှစ်ဦးပိုင်းမှစ၍ စက်သုံးဆီဈေးနှုန်းများ ကျဆင်းမှုကြောင့် ပင်လယ်ငါးဖမ်းစက်လှေများသည် စက်သုံးဆီပိုမိုကုန်ကျခံ၍ အချိန်ယူကာ ဖမ်းဆီးလုပ် ဆောင်မှုများကြောင့် ပင်လယ်ငါးဝင်ရောက်မှုကောင်း သော အနေအထားမျိုးရှိခဲ့သည်။ ပုစွန်မွေးမြူရေးလုပ်ငန်း များတွင် သားဖောက်စခန်းများအနေဖြင့် အခက်အခဲအချို့ ကြုံတွေ့ကာ ရသလောက်ဖြင့်သာ ဖောက်နေရပြီး သား ပေါက်ဖြန့်ဖြူးမွေးမြူမှုမှာ နည်းပါးခြင်းကြောင့် မွေးမြူ ထွက်ရှိလာမှုနည်းကာ ဈေးနှုန်းမြင့်ခြင်းဖြစ်ကြောင်း ၄င်း၏ ပြောကြားချက်အရ ဆက်လက်သိရှိရ သည်။
သတင်းနှင့်ဓာတ်ပုံထက်ခိုင်(စမ်းချောင်း)

နာရေးအိမ်၌ကျွေးသော ထမင်းစားမိ၍ လူ ၁ဝဝ ကျော် အစာအဆိပ်သင့်


 
ဖြူး ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းနယ်မြေ ရဲစခန်းအပိုင် အနောက်ဘက် ငါးမိုင်ခန့်အကွာ ရှမ်းမင်းလမ်းကူးကျေးရွာအုပ်စု ရွာ ကန့်လန့်ကျေးရွာ၌ ဧပြီ ၂၉ ရက် နံနက်ပိုင်းက ရွာကန့်လန့်ရွာနေ ဦးသိန်းဝင်း သေဆုံးသဖြင့် ဇနီး ဒေါ်လှမြင့် (၅၂)နှစ်၏ နေအိမ်၌ အသုဘချရန် ပတ်ဝန်းကျင်ရှိ ရွာများ သို့ဖိတ်ကြား၍ ရွာ၏ ထုံးတမ်းစဉ်လာ အတိုင်း ကျွေးမွေးဧည့်ခံရန် ဝက်သား ဟင်း၊ သရက်ချဉ်သုပ်၊ မှိုခြောက် ပန်း ခြောက်ကြာဆံဟင်းချို၊ ငါးခြောက် ကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ အစာအဆိပ်သင့်ခဲ့ကြောင်း သိရသည်။
အဆိုပါနာရေးအိမ်သို့ လာရောက် စားသောက်မိကာ အစာအဆိပ်သင့်ခဲ့ သော ရှမ်းမင်းလမ်းကူးဘုန်းတော်ကြီး ကျောင်းမှ သံဃာတော် လေးပါး၊ ကိုရင်ခြောက်ပါးနှင့် အမျိုးသား၊ အမျိုးသမီး ၄၄ ဦးခန့်တို့အား ဖြူး ဆေးရုံသို့လည်းကောင်း၊ ၁၃ ဦးအား ညောင်ပင်သာ တိုက်နယ်ဆေးရုံသို့ လည်းကောင်း၊ ၄၂ ဦးအား ကညွတ် ကွင်းမြို့ ဆေးရုံသို့လည်းကောင်း အရေးပေါ်ကားများဖြင့် ပို့ဆောင် ပေးခဲ့ရသည်။
ယင်းသို့ အစာအဆိပ်သင့်မှုကြောင့် ဧပြီ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲအထိ အသေအပျောက်မရှိသေးကြောင်း သိရသည်။
(၁၄ဝ)

ဘာလ်တီမိုးမြို့တွင် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့များ ဖြန့်ကြက်ထားဆဲဖြစ်


 
ဘာလ်တီမိုး ဧပြီ ၂၉
အမေရိကန်နိုင်ငံ မာရီလန်းပြည်နယ် ဘာလ်တီမိုးမြို့တွင် လူမည်း အမျိုးသားတစ်ဦးကို ဒေသခံရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီးနောက် သေဆုံးခဲ့ သည့်အတွက် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ ဧပြီ ၂၉ ရက်အထိ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့များ ဖြန့်ကြက်ထားနေရဆဲဖြစ်သည်။
ဧပြီ ၂၇ ရက်က ဆူပူအကြမ်းဖက်မှုများတွင် အဆောက်အအုံနှင့် ကားများမီးရှို့ဖျက်ဆီးခြင်းနှင့် စတိုးဆိုင်များတွင် လုယက်မှုများဖြစ်ပွားခဲ့သော ကြောင့် အရေးပေါ်အခြေအနေအဖြစ် ကြေညာကာ ထိန်းသိမ်းခဲ့သည့်အတွက် ဧပြီ ၂၈ ရက်တွင် အကြမ်းဖက်မှုများ လျော့နည်းသွားခဲ့သည်။
ဧပြီ ၂၈ ရက်တွင် အခြေအနေတည်ငြိမ်နေသည်ဆိုသော်လည်း ဒေသခံ များသည် စုဝေးပွဲပြုလုပ်ခြင်း၊ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခြင်းများပြုလုပ်လျက် ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့များကို တစ်မြို့လုံးဖြန့်ကြက်ထားကြောင်း သိရသည်။
ဘာလ်တီမိုးမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကြောင့် အခြေ အနေပြန်လည်တည်ငြိမ်လာပြီဖြစ်ကြောင်း၊ ညမထွက်ရအမိန့်ကြောင့် မြို့သူ မြို့သားများအနေဖြင့် လုံခြုံတည်ငြိမ်မှုကို ပြန်လည်ခံစားနေရပြီဖြစ်ကြောင်းနှင့် ယင်းအခြေအနေကိုဆက်လက်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း ရဲမင်းကြီး အန်ထော်နီဘတ်စ်က ပြောကြားသည်။
ရိုက်တာ။

သမ္မတ၏အာဏာများကို သီရိလင်္ကာလွှတ်တော် ကန့်သတ်


 
ကိုလံဘို ဧပြီ ၂၉
သီရိလင်္ကာနိုင်ငံ လွှတ်တော်က သမ္မတ၏အာဏာများကို ထိန်းချုပ် ကန့်သတ်ရန်နှင့် သမ္မတ၏ သက်တမ်း ကို နှစ်ကြိမ်သာ ထမ်းဆောင်ခွင့် ရှိသည်ဟု ပြန်လည်ကန့်သတ်ရန် မဲပေးခဲ့ကြကြောင်း ယနေ့ ဘီဘီစီ သတင်းတွင် ဖော်ပြသည်။
ဇန်နဝါရီလ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည့် သမ္မတဟောင်း မဟိန္ဒြာ ရာဂျာပက်ဆေးသည် ၄င်း၏ သမ္မတ အာဏာကို ချဲ့ထွင်ခဲ့သည်။
၎င်း၏ အရိုက်အရာကို ဆက်ခံသူ လက်ရှိသမ္မတ မိုင်သီရိပါလာ သီရိ သေနာက သမ္မတ၏ အာဏာကို လျှော့ချပေးမည်ဟု ကတိပေးခဲ့သည်။
လွှတ်တော်၏ ငါးနှစ်သက်တမ်း တွင် လေးနှစ်နှင့် ခြောက်လကာလ မပြည့်မီ လွှတ်တော်ကို ဖျက်သိမ်းနိုင် သည့် သမ္မတ၏ အာဏာကိုလည်း လွှတ်တော်အမတ်များက မဲပေး ပယ်ဖျက်ခဲ့သည်။
ယခင်က လွှတ်တော်သက်တမ်း တစ်နှစ်ပြည့်ပြီးလျှင် လွှတ်တော်ကို ဖျက်သိမ်းနိုင်သည့်အာဏာ သမ္မတ ထံတွင် ရှိခဲ့သည်။
သမ္မတဟောင်း ရာဂျာပက်ဆေး သည် ၁ဝ နှစ်ကြာ သမ္မတအဖြစ် အာဏာရယူထားခဲ့သည်။ ၂ဝ၁ဝ ခုနှစ်တွင် သမ္မတအဖြစ် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်းခံရပြီး နောက် သမ္မတအဖြစ် သက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်ရမည် ဟူသော ကန့်သတ်ချက်ကို ပယ်ဖျက် လိုက်ပြီး တတိယအကြိမ် သမ္မတ အဖြစ် ထမ်းဆောင်ခွင့်ရရန် ဆောင် ရွက်ခဲ့သည်။
ရဲတပ်ဖွဲ့၊ ပြည်သူ့ဝန်ထမ်းနှင့် တရားရေးဌာနများအပေါ်တွင် အာဏာ ပိုမိုသုံးစွဲခွင့်ကိုလည်း သူ့ကိုယ်သူ ခွင့်ပြုပေးခဲ့သည်။
ဆင်ဟွာ။

ဘာလီနိုင်းမူးယစ်မှောင်ခိုသမားများအား အင်ဒိုနီးရှားကွပ်မျက်


 
ဂျကာတာ ဧပြီ ၂၉
အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးမှောင်ခိုသယ် ဆောင်မှုဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံထားရသူ နိုင်ငံခြားသား ခုနစ်ဦးအပါအဝင် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးတို့အား ယနေ့နံနက်အစောပိုင်းက ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။
သြစတြေးလျနိုင်ငံသားနှစ်ဦးဖြစ်သည့် အန်ဒရူးချန် နှင့် မျူရန် ဆူကူမာရန်တို့အား ကွပ်မျက်လိုက်ခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအား သြစတြေးလျ နိုင်ငံက ပြန်လာရန်ဆင့်ခေါ်ခဲ့သည်။
ဘရာဇီးအစိုးရကလည်း ဘရာဇီးနိုင်ငံသား ရိုဒရီဂို ဂူလာတီအား ကွပ်မျက်ခဲ့ခြင်းအပေါ် အကြီးအကျယ် စိတ်ပျက်ကြောင်း ပြောကြားခဲ့သည်။
မူးယစ်မှောင်ခိုမှုဖြင့် သေဒဏ်စီရင်ချက် ချမှတ်ခံရ ပြီးနောက် ဖိလစ်ပိုင်အမျိုးသမီး မာရီဂျိန်းဖီစတာအား ကွပ်မျက်ခါနီးတွင် မူးယစ်ဆေးဝါးများ ခန္ဓာကိုယ်ပေါ်တွင် ဝှက်ထားသည်ဟု မာရီဂျိန်း စွပ်စွဲခဲ့သည့် အမျိုးသမီးတစ်ဦး ကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူများက တင်ပြပြောဆိုခဲ့သည့်အတွက် မာရီဂျိန်းအား ကွပ်မျက်ခြင်း ကို ခေတ္တဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။
ကွပ်မျက်ခံရသူများက၄င်းတို့၏နောက်ဆုံးအချိန် တွင် မျက်လုံးများကို အဝတ်စများဖြင့် မပိတ်ထားရန် တောင်းဆိုခဲ့ပြီး သီချင်းကို အတူတကွဆိုနေခဲ့သည်။
၎င်းတို့အား သေနတ်ဖြင့်ပစ်ခတ်ကာ ကွပ်မျက်ခဲ့ပြီး နောက် ၄င်းတို့၏အလောင်းများကို အင်ဒိုနီးရှားနိုင်ငံ သို့မဟုတ် ၄င်းတို့၏အမိနိုင်ငံများရှိ ရွေးချယ်ထားသော သင်္ချိုင်းမြေနေရာများသို့ အရေးပေါ်လူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွားကြသည်။
သြစတြေးလျနိုင်ငံက မူးယစ်မှောင်ခိုမှုဖြင့် ဖမ်းဆီး ခြင်းခံခဲ့ရသည့် 'ဘာလီနိုင်း'တွင် ပါဝင်သော ချန်နှင့် ဆူကူ မာရန်တို့အား လွတ်မြောက်ရန် သံတမန်နည်းအရ အစွမ်းကုန်ကြိုးပမ်းခဲ့သည်။
''သူတို့တွေကို ကွပ်မျက်ဖို့မလိုပါဘူး။
သူတို့တွေကို ထောင်ထဲမှာ ပြန်လည်ကောင်းမွန်အောင် ပြင်ဆင် ပေးနေပြီပဲ။ ဒီလိုကွပ်မျက်တာ ရက်စက်လွန်းတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဥပဒေကိုလေးစားပါတယ်။ ဒါပေမယ့် ကွပ်မျက်တာကိုတော့ ရှုတ်ချတယ်''ဟု သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအား ပြန် လည်ဆင့်ခေါ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
ယခုအချိန်တွင် အင်ဒိုနီးရှားနှင့် သြစတြေးလျနိုင်ငံ တို့သည် နိုင်ငံရေးခိုလှုံခွင့်တောင်းခံခြင်းအပါအဝင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အတူတကွ လုပ်ဆောင်နေသည့်အချိန်ဖြစ်သည်။ ရိုက်တာ။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တရုတ်နိုင်ငံ စွယ်တော်မြတ်စေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညို



 
ပေကျင်း ဧပြီ ၂၉


ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့သည်  ဧပြီ ၂၇ ရက် ဒေသစံတော်ချိန်  နံနက် ၁၁ နာရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့  လင်ကွန်းဘုရား ကျောင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော  ဗုဒ္ဓစွယ်တော်မြတ်အား   သွား ရောက်ဖူးမြော်ကြည်ညိုပြီး ဆရာတော် Shin Chan Zang အား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကသည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို   အမြဲတမ်းကော်မတီအဖွဲ့ဝင် မစ္စတာ လျူယန်ရှန်နှင့် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင်   ပေကျင်းမြို့ရှိ People’s  Great  Hall   ဧည့်ခန်းမ၌  တွေ့ဆုံပြီး  ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည် ရင်းနှီးမှုဆိုင်ရာ  ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက်  ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ညပိုင်းတွင်  ဆက်လက်ထွက်ခွာခဲ့ကြရာ ကူမင်းမြို့သို့ ဒေသ စံတော်ချိန် ည ၁၂ နာရီတွင် ရောက်ရှိကြသည်။

ကူမင်းလေဆိပ်၌  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မဒမ်ကျိုးဟုန်၊  မြန်မာကောင်စစ်ဝန်ချုပ်ရုံး(ကူမင်း)   ကောင်စစ်ဝန်ချုပ်  ဦးအောင်မြင့်ထွန်းနှင့် ဇနီး၊ သံရုံးမိသားစုများက  ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

30.4.2015(ကြေးမုံ ကာတွန်း)

ကမ္ဘာကြီးပူနွေးမှုကို ဝိုင်းဝန်းကာကွယ်


ကမ္ဘာကြီးပူနွေးလာမှုအကျိုးဆက်ကို ယနေ့လူသားများ လက်တွေ့ခံစား လာရပြီဖြစ်သည်။ ယင်းသို့ ပူနွေးလာသည်မှာ ကမ္ဘာ့လေထုထဲတွင် ကာလကြာမြင့်စွာ တည်ရှိနေနိုင်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ နှင့် အခြားသော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ မြင့်မားလာသောကြောင့် ဖြစ်သည်။
ယင်းသို့ မြင့်မားလာခြင်းသည် မလွန်ဆန်နိုင်သော ဖြစ်စဉ်သဘော တရားကဲ့သို့ ဖြစ်နေသော်လည်း အမှန်တွင် လက်သည်မှာ လူသားများပင် ဖြစ်သည်။
လူတို့၏လိုအင်များကို နောက်မဆုတ်တမ်းဖြည့်ဆည်းနေရာမှ ကမ္ဘာကြီးကို တတိတိဖျက်ဆီးသကဲ့သို့ ဖြစ်လာသည်။
လူသားတို့နေထိုင်ရာကမ္ဘာကြီးတွင် လူသားတို့အား ထိခိုက်စေနိုင် သော အခြေအနေများကို ဟန့်တားကာကွယ်နိုင်သော သဘာဝအတားအဆီး များရှိသော်လည်း ထိုအတားအဆီးများကို လူသားတို့ကပင် ဖျက်ဆီးပစ် ကြသည်။ လက်ရှိတွင် တောမီးရှို့ခြင်း၊ စွမ်းအင်ထုတ်ယူခြင်းဖြစ်စဉ်များ ကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ မိမိတို့၏အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်ကို အထိခိုက်ခံကာ ဆက်လက်လုပ်ဆောင်နေကြ သည်မှာ အံ့သြဖွယ်မရှိသည့် အခြေအနေများကဲ့သို့ ဖြစ်လာသည်။
အန္တရာယ်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်သံသရာလည်ပုံကို သိပ္ပံပညာ ရှင်များက ၁၈ ရာစုအလယ်ပိုင်းလောက်မှ စတင်တွေ့ရှိထားပြီး သဘာဝ၏အကျိုးပြုပုံကို ၂၁ ရာစုအစောပိုင်းကာလအထိ ခံစားခဲ့ကြရသည်။
သို့သော် ၁၉၅ဝ ပြည့်လွန်ကာလမှစတင်၍ လူတို့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အလွန်အကျွံထုတ်လွှတ်လာကြောင်း သိပ္ပံပညာရှင်များက အတိအလင်းထုတ် ပြန်အသိပေးခဲ့သည်။ မီသိန်းဓာတ်ငွေ့နှင့် နိုက်ထရိတ်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုမှာလည်း သိသိသာသာမြင့်တက်လာကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။
မီသိန်းနှင့် နိုက်ထရိတ်အောက်ဆိုက်ဓာတ်ငွေ့များမှာ ပုံမှန်အားဖြင့် လူတို့ နေထိုင်ရာ ကမ္ဘာ့လေထုအတွင်းမှ အာကာသလေဟာနယ်အတွင်းသို့ သဘာဝ အလျောက်ထွက်ခွာလေ့ရှိသည်။ အဆိုပါဓာတ်ငွေ့များ ပုံမှန်ထက်လွန်ကဲလာ ပြီး လေဟာနယ်ထဲသို့ထွက်ခွာသည့် ပမာဏနည်းပါးလာသည်ကို ၁၉၉ဝ ပြည့် နှစ်တွင် တိုင်းတာတွေ့ရှိလာကြသည်။ ယင်းသည် ကမ္ဘာကြီးပူနွေးစေခြင်း၏ အဓိကအကြောင်းတရားများဖြစ်သည်။
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သစ်တောများနှင့် ပင်လယ်သမုဒ္ဒရာများက ၂ဝရာစု အစောပိုင်းကာလများအထိ တာဝန်ကျေပွန် စွာ ချေဖျက်ပေးခဲ့ရာ လူသားကမ္ဘာမှာ နေထိုင်ချင်စဖွယ်ကောင်းကြောင်း သမိုင်း မှတ်တမ်းများတွင် တွေ့ရသည်။ သို့သော် စက်မှုဖွံ့ဖြိုးတိုးတက်ပြီး သိပ္ပံနှင့် နည်းပညာမြင့်မားတိုးတက်လာသော ယခု ၂၁ ရာစုတွင် လူသားအကျိုးပြု တိုးတက်ဖွံ့ဖြိုးမှုများကပင် လူသားကမ္ဘာကို ဖျက်ဆီးလာပြီဟု ဆိုရမည် ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့လူသားအားလုံး ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့နှင့် အခြားဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လျှော့ချနိုင် အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် သစ်တော များ မလျော့နည်းစေရန် သစ်ပင်များကိုမခုတ်ထွင်ဘဲ သစ်တောဧရိယာ များ တိုးတက်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယနေ့ကမ္ဘာ့လူဦးရေအရ ၂ဝ ရာစုကာလကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို ဖြစ်အောင် မလုပ်နိုင်သော်လည်း အသုံးချမှုကို အတတ်နိုင်ဆုံး မလွဲမသွေ လျှော့ချသင့်သည်။
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းစာလျှင် မြန်မာနိုင်ငံသည် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုမှာ အနည်းဆုံးဖြစ်သော်လည်း ရာစုနှစ်နှင့်ချီ၍ လေထုထဲတွင် လှည့်ပတ်သွားလာနေသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များ ရက်သတ္တပတ်အနည်းငယ်မှ နှစ်အနည်းငယ်အတွင်း လှည့်ပတ် သွားလာနေသော ဖန်လုံအိမ်ဓာတ်ငွေ့များကို အခြားနိုင်ငံများမှ လျှော့ချ လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင်လျှော့ချသွားကြရ ဦးမည် ဖြစ်သည်။
ကမ္ဘာကြီးပူနွေးလာမှု ဆိုးကျိုးကို ငွေကြေးတတ်နိုင်သူများက ခေတ်မီ နည်းပညာဖြင့် မိမိအကျိုးအတွက် ကာကွယ်နိုင်ကြသော်လည်း ဆင်းရဲသော လူသားအများစုကမူ ဆက်လက်ခံစားကြရမည်ဖြစ်သောကြောင့် ကမ္ဘာ့ လူသားအများစုအတွက် လူသားအားလုံးက သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါသည်။ ။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးမစ္စတာ လီကျိဟန်နှင့် တွေ့ဆုံ


 
ကူမင်း ဧပြီ ၂၉


ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယ ဝန်ကြီး Mr. Chen Fengxiang၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မဒမ် ကျိုးဟုန်တို့နှင့်အတူ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ချိန်ကုန့်မြို့သစ်ရှိ လူမှုဝန်ထမ်းနှင့် အလုပ်အကိုင်ရှာဖွေရေးဌာနသို့သွား ရောက် ကြည့်ရှုလေ့လာကြသည်။

ထိုမှတစ်ဆင့် စိုက်ပျိုးရေးဆိုင်ရာ ယဉ်ကျေးမှုပြတိုက်ကို ကြည့်ရှုလေ့လာ ကြသည်။
ယင်းနောက် CHENNONG စိုက်ပျိုးရေးလုပ်ငန်းစုသို့ရောက်ရှိရာ ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ မစ္စတာလီယွင်စစ်က စိုက်ပျိုးသီးနှံများထုတ်လုပ် ဖြန့်ဖြူးတင်ပို့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးကိုယ်စားလှယ်အဖွဲ့သည် CHENNONG စိုက်ပျိုးရေးလုပ်ငန်းစု၏ ဇီဝနည်းပညာစိုက်ပျိုးရေးပြခန်းအား လှည့်လည်ကြည့်ရှုလေ့လာသည်။ ထို့နောက် ယူနန်တိုင်းရင်းသားကျေးရွာကို သွားရောက်ကြည့်ရှုလေ့လာပြီး မူဆိုးတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကသည် ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ လီကျိဟန်နှင့်ဒေသစံတော်ချိန် ည ၆ နာရီခွဲတွင် ကူမင်းမြို့ရှိ ခေတ္တတည်းခိုသည့်KAIWAH PLAZA ဟိုတယ်၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲအပြီးတွင် ကိုယ်စားလှယ်အဖွဲ့အား ယူနန်ပြည်နယ် ကွန်မြူနစ် ပါတီအတွင်းရေးမှူး မစ္စတာ လီကျိဟန်က ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။

(သတင်းစဉ်)

မြန်မာ-မလေးရှား တပ်မတော်နှစ်ရပ်အကြား နယ်ပယ်အသီးသီးတွင် ထိတွေ့ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး


 

 




နေပြည်တော်  ဧပြီ  ၂၉


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော  မလေးရှား တပ်မတော်ကြည်းတပ် ဦးစီးချုပ် General Tan  Sri  Raja Mohamed Affandi bin Raja Mohamed Noor  အား ဂုဏ်ပြုကြိုဆိုသည့်အခမ်း အနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည်။

ရှေးဦးစွာ မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်သည် ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနား   ကျင်းပရာ ဇေယျာသီရိဗိမာန်သို့  မော်တော် ယာဉ်ဖြင့်ရောက်ရှိလာပြီး   ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်   (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်းက ခင်မင်ရင်းနှီးစွာ  ကြိုဆိုနှုတ်ဆက် သည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)       ဒုတိယ      ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မလေးရှား တပ်မတော်  ကြည်းတပ်ဦးစီးချုပ် တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြု ခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။

ယင်းနောက်   အခမ်းအနား တက်ရောက်လာကြသည့်  နှစ်နိုင်ငံ တပ်မတော်များမှ  အရာရှိကြီးများ အား  အပြန်အလှန်မိတ်ဆက်ပေးကြ သည်။
၎င်းနောက်   မလေးရှားတပ်မ တော်   ကြည်းတပ်ဦးစီးချုပ်သည် ဇေယျာသီရိဗိမာန်  ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်   ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌   တွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့   ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး    ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ     တပ်မတော် အရာရှိကြီးများနှင့်  နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့  တက် ရောက်ကြပြီး မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့်အတူ မလေး ရှားတပ်မတော်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားစစ်သံ မှူး Colonel  Mohd  Yasin  Bin    တို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင်    ယခုကဲ့သို့ တပ်မတော်အရာရှိကြီးများ အပြန် အလှန်ချစ်ကြည်ရေး  လည်ပတ်ခြင်း ကြောင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မှုအခြေ အနေများ၊ မြန်မာနိုင်ငံ  တပ်မတော် ဆေးတက္ကသိုလ်နှင့် မလေးရှားနိုင်ငံ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် တို့ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် အလုပ်ရုံဆွေးနွေး ပွဲများ  ပြုလုပ်ရေး၊  အခြားသော  တပ်မတော်ဆိုင်ရာအလုပ်ရုံဆွေးနွေး ပွဲများ အပြန်အလှန်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ အကြမ်းဖက်မှု ကာကွယ် တားဆီးနှိမ်နင်းနိုင်ရန် သတင်းအချက် အလက်များ၊   ပူးပေါင်းဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် တပ်မတော် နှစ်ရပ်အကြား ရင်းနှီးမှုပိုမိုတိုးတက် ရန်အတွက် နယ်ပယ်အသီးသီးတွင်   ထိတွေ့ ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက် ရေးကိစ္စရပ်များအား  ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြသည်။       (မြဝတီ)

အာဆီယံဆေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆေးပညာအမြင်ချင်းဖလှယ်၍ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အကျိုးရှိမည်

 


နေပြည်တော် ဧပြီ ၂၉

တပ်မတော်ဆိုသည်မှာ ပြည်သူကြားမှ ပေါက်ဖွားလာ ပြီး တိုင်းပြည်ကို ကာကွယ်ရန်၊ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ တပ်မတော် ဆေးတပ်ဖွဲ့များသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုအရှိဆုံး အဖွဲ့အစည်းဖြစ်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီတွင် ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်၌ (၅)ကြိမ်မြောက် အာဆီယံဆေးတပ်ဖွဲ့ အကြီးအကဲ များ စုံညီအစည်းအဝေး (5th ASEAN Chiefs of Military Medicine Conference-5th ACMMC) သို့ တက်ရောက်ကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆေး တပ်ဖွဲ့ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ တက်ရောက်ကြပြီး အဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆေးတပ်ဖွဲ့အကြီးအကဲများဖြစ်ကြသော ဘရူနိုင်းနိုင်ငံမှ Col. Awang Mohd Hafizul Bin Awg Mohd Hassan၊ ကမ္ဘောဒီးယားနိုင်ငံမှ Brig. Gen. SAO. SIDONA၊ အင်ဒိုနီးရှားနိုင်ငံမှ Maj. Gen. Daniel Tjen၊ လာအိုနိုင်ငံမှ Lt. Col Khamphai Phansily၊ မလေးရှားနိုင်ငံမှ Lt. Gen. Datuk (Dr) Hj Abd Razak bin Md Yusoff၊ ဖိလစ်ပိုင်နိုင်ငံမှCol. Joseph M Acosta၊ ထိုင်းနိုင်ငံမှ Air Vice Marshal Lerpong Tanakijaronpat နှင့် ဗီယက်နမ်နိုင်ငံမှ Maj. Gen. Vu Quoc Binh တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အာဆီယံသည် ဒေသတွင်း စည်းလုံးညီညွတ်ပြီး တောင့်တင်းခိုင်မာသည့် အသင်းကြီးဖြစ်ပါကြောင်း၊ လူဦး ရေသန်း ၆ဝဝ ကျော်ရှိပြီး စီးပွားရေးလည်း တောင့်တင်း ခိုင်မာကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတကာမှ အာဆီယံ၏ စည်းလုံးမှုစွမ်းအားကို အလေးထားပါကြောင်း၊ သို့ဖြစ်၍ အာဆီယံနိုင်ငံများရှိ ပြည်သူများ ကျန်းမာရန်နှင့် ဥာဏ်ရည် ထက်မြက်ရန် လိုအပ်ပါကြောင်း။

ဆေးပညာရပ်များသည် အမြဲတိုးတက်ပြောင်းလဲနေ၍ အာဆီယံဆေးတပ်ဖွဲ့များအနေဖြင့် အတွေ့အကြုံချင်း ဆေးပညာအမြင်ချင်းဖလှယ်၍ ပူးပေါင်းဆောင်ရွက်မည် ဆိုလျှင် အာဆီယံနိုင်ငံများအတွက် ပိုမိုအကျိုးရှိပြီး အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အာဆီယံဆေးတပ် ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရ ချိန်များတွင်လည်း ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ကြပါ ကြောင်း၊ ဆေးတပ်ဖွဲ့များအနေဖြင့် တပ်မတော်သားများ စွမ်းရည်မြင့်မားရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေး သကဲ့သို့ ပြည်သူလူထုကို ကျန်းမာရေးကာကွယ်စောင့် ရှောက်ပေးရန် လိုအပ်ပါကြောင်း၊ အာဆီယံဆေးတပ်ဖွဲ့များ သည် တပ်မတော်အတွက်သာမက ပြည်သူလူထုကလည်း အားကိုးအားထားပြုနိုင်သည့် ဆေးတပ်ဖွဲ့များဖြစ်ရေး ကြိုးပမ်းလုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အာဆီယံဆေးတပ်ဖွဲ့များမှ ကိုယ်စားလှယ် များ၏ ခေါင်းဆောင်ဖြစ်သူ မလေးရှားနိုင်ငံမှ Lt. Gen.Datuk (Dr)Hj Abd Razak bin Md Yusoff ၊ ဗီယက်နမ်နိုင်ငံမှ Maj. Gen. Vuquoc Binh နှင့် ဖိလစ် ပိုင်နိုင်ငံမှ Col. Joseph M Acosta တို့က ကျေးဇူးတင် စကားပြန်လည်ပြောကြားကြပြီး အာဆီယံဆေးတပ်ဖွဲ့ အကြီးအကဲများ စုံညီအစည်းအဝေးနှင့်စပ်လျဉ်း၍ ဆောင် ရွက်နေမှုများကို တင်ပြကြသည်။
၂ဝ၁ဝ ပြည့်နှစ် မတ်လတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့၌ ကျင်းပခဲ့သည့် (၇ )ကြိမ်မြောက် အာဆီယံကာကွယ်ရေး ဦးစီးချုပ်များအလွတ်သဘောအစည်းအဝေး (7 th ACDFIM)မှ သဘောတူညီချက်ဖြင့် အာဆီယံဆေးတပ်ဖွဲ့ အကြီးအကဲများ စုံညီအစည်းအဝေး (ASEAN Chiefs of Military Medicine Conference –ACMMC)ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ၂ဝ၁၁ ခုနှစ်မှစတင်၍ ပထမ အကြိမ် စတင်ကျင်းပခဲ့သည်။ ၅ ကြိမ်မြောက် အာဆီယံ ဆေးတပ်ဖွဲ့ အကြီးအကဲများ စုံညီအစည်းအဝေးကို မြန်မာ နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသကဲ့သို့ (၆) ကြိမ်မြောက် အစည်းအဝေးကို ၂ဝ၁၆ ခုနှစ်တွင် ဖိလစ် ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(မြဝတီ)

ဘိုကိုဟာရမ်တို့ ပြန်ပေးဆွဲရာ တောအုပ်ကြီးအတွင်းမှ နိုင်ဂျီးရီးယား အမျိုးသမီး ၃၀၀ နီးပါးအား ကယ်တင်နိုင်




လေဂို့စ် ဧပြီ ၂၉

ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စုနေထိုင်ရာဒေသ ဆမ်ဘီဆာတောအုပ်ကြီးအတွင်းမှ မိန်းကလေး ၂ဝဝ နှင့် အမျိုးသမီး ၉၃ ဦးတို့အား ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များက ပြောသည်။
အဆိုပါ မိန်းကလေးများသည် ၂ဝ၁၄ ခုနှစ် ဧပြီလက ချီဘော့ကျောင်းတစ်ကျောင်းမှ ပြန်ပေးဆွဲသွားသော မိန်းကလေးများမဟုတ် ဟု ဆိုသည်။

အဆိုပါ မိန်းကလေးများနှင့် အမျိုးသမီးများသည် ဆမ်ဘီဆာတောအုပ်အတွင်းရှိ ဘိုကိုဟာရမ်စခန်းလေးခုကို သိမ်းပိုက်စဉ် ထွက်ပြေးလွတ်မြောက် လာခြင်းဖြစ်ကြောင်း နိုင်ဂျီးရီးယားစစ်ဘက်က ပြောသည်။ ယခုအခါ အဆိုပါ အမျိုးသမီးများအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြော သည်။ နောက်ဆုံးပြုလုပ်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲများ အတွင်း လက်နက်များပါ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဘက်က ပြောသည်။

မကြာသေးသည့်လများက နိုင်ဂျီးရီးယားတပ်ဖွဲ့ ဝင်များသည် ဘိုကိုဟာရမ်တို့ ထိန်းချုပ်ထားသော နယ်မြေ များကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း လေဂို့စ်မြို့မှ သတင်းထောက်များက ပြောသည်။ စစ်ဆင်ရေးပြုလုပ် နိုင်မှုကြောင့် ဖမ်းဆီးထားရသော ဓားစာခံအများစု ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ခရစ်အိုလူ ကိုမာဒီက ပြောသည်။ (ဘီဘီစီ)

ဝေးလံခေါင်သီသော ဒေသများသို့ ကယ်ဆယ်ရေးများ စတင်ရောက်ရှိ


   
 ခတ္တမန္ဒူ ဧပြီ ၂၉


စနေနေ့က  ငလျင်ဒဏ်ခံရသော နီပေါနိုင်ငံ၏  ဝေးလံခေါင်သီသော ဒေသများသို့   အကူအညီပေးရေး အဖွဲ့များ  ရောက်ရှိခဲ့သော်လည်း ဒေသအများစုတွင် အစားအစာနှင့်ရေ     ကို အထူးတလည်  လိုအပ်နေသေး ကြောင်း သိရသည်။

ခတ္တမန္ဒူဒေသအတွင်း  အကူ အညီပေးရေး    ကြိုးစားလုပ်ဆောင် ခဲ့သော်လည်း  Dhading      နှင့် Gorkha   ဒေသများတွင် ကျယ်ကျယ် ပြန့်ပြန့်အကူအညီပေးနိုင်ရန်    လို သေးကြောင်း  ကုလသမဂ္ဂက  ဆို သည်။

မြေငလျင်ကြောင့်  စိတ်ထိခိုက် ခံစားကြရကြောင်းနှင့် ကယ်ဆယ် ရေးများလုပ်ဆောင်ခဲ့ရာတွင် အခက် အခဲ စိန်ခေါ်မှုများရှိကြောင်း တာဝန် ရှိသူများက ပြောသည်။ အတတ် နိုင်ဆုံးကြိုးစားလုပ် ဆောင်ကြသော် လည်း  ဝေးလံခေါင်သီသော မြေ နေရာ ဒေသများတွင် သွားလာရေး ခက်ခဲမှုကြောင့် ကယ်ဆယ်ကူညီရန်   မတတ်နိုင်သေးကြောင်း   နီပေါစစ် ဘက်ဆိုင်ရာ  ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။ Gorkha  ခရိုင်မှ ရွာသူရွာသား များသည် ကယ်ဆယ်ရေးလေယာဉ် များ လာရောက်ကူညီရန် အပူတပြင်း တောင်းဆိုနေကြသည်။

ငလျင်လှုပ်ပြီးကတည်းက ၄င်းတို့ တွင်    စားစရာပြတ်တောက်နေပြီး မည်သည့်အရာမျှ မကျန်ရစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက   အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။  ခိုကိုး ရာမဲ့နေကြသော  နီပေါလူမျိုးများ သည်    ယာယီရွက်ဖျင်တဲများဖြင့် နေကြရသည်မှာ  လေးညရှိခဲ့ပြီဖြစ် သည်။

မကြုံစဖူးသော  ဒုက္ခဆိုးကြီး ဖြစ်သဖြင့်  ကယ်ဆယ်ရေးလုပ်ငန်း များ  လုပ်ဆောင်ရာတွင်  အားနည်း ချက်များ  ရှိနေခြင်းဖြစ်ကြောင်းကို လည်း   ဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

နိုင်ငံတကာမှ ရှာဖွေကယ်ဆယ် ရေးအသင်းအဖွဲ့က   အုတ်ကျိုး အုတ်ပဲ့များကြားမှ ၁၄ ဦးကို ကယ် ဆယ်နိုင်ခဲ့ကြောင်း    ကုလသမဂ္ဂ ဖော်ပြချက်တွင် ပါရှိသည်။  
  (ဘီဘီစီ)

ဝင်ဘယ်ဒန်ဆုကြေးငွေ တစ်ဦးချင်းချန်ပီယံများအတွက် ပေါင် ၁၂ဝဝဝဝ အထိ တိုးမြှင့်မည်




၂ဝ၁၅ ဝင်ဘယ်ဒန်တင်းနစ်ဖလား၏ တစ်ဦးချင်းချန်ပီယံများသည် ပြီးခဲ့သည့်နှစ်ထက် ပေါင် ၁၂ဝဝဝဝ အထိ ထပ်မံတိုးမြှင့်ပေးမည်ဖြစ်သော ကြောင့် တစ်ဦးချင်းချန်ပီယံဖြစ်ပါက ပေါင် ၁ ဒသမ ၈၈ သန်း ရရှိမည် ဖြစ်ကြောင်းသိရသည်။
အင်္ဂလန်ကလပ်အသင်းများ၏ ဆုကြေးသည်လည်း ပေါင် ၂၅ သန်းမှ ပေါင် ၂၆ ဒသမ ၇၅ သန်းသို့ မြင့် တက်လာခြင်းကြောင့် အင်္ဂလန်သည်လည်း နှစ်စဉ် ခုနစ်ရာခိုင်နှုန်းတိုးလာသည်ဟု ဆိုရမည်ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ဝင်ဘယ်ဒန်ဆုကြေးသတ်မှတ်ချက်သည် စုစုပေါင်း ၂၆ ဒသမ ၇၅ သန်း ရှိပြီး တစ်ဦးချင်းချန်ပီယံသည် ပေါင် ၁ ဒသမ ၈၈ သန်း၊ နှစ်ယောက်တွဲ ချန်ပီယံသည် ပေါင် ၃၄၁၂၅ဝ၊ အမျိုးသား အမျိုးသမီးနှစ်ယောက်တွဲ ချန်ပီယံသည် ပေါင် ၁ဝဝ၈ဝဝ၊ ဝှီးချဲနှစ်ယောက်တွဲချန်ပီယံသည် ပေါင် ၁၅၃၆ဝ စသည်ဖြင့် အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှ ပေးအပ်ချီးမြှင့်မည့် စုစုပေါင်း ဆုကြေးငွေသည် ၂ဝ၁၁ ခုနှစ် ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှ ပေးအပ်ချီးမြှင့်ခဲ့သည့် စုစုပေါင်း ဆုကြေးငွေနှင့် နှိုင်းစာပါက ပေါင် ၂၆ ဒသမ ၇၅ သန်းအထိ တိုးလာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၃ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
[ငွေကြယ်]

မက်ဆီ၊ နေမာ၊ ဆွာရက်ဇ် တောင်အမေရိက တိုက်စစ်အတွဲ ရာသီမကုန်ခင် သွင်းဂိုး၁ဝဝကျော်အထိ ရှိနေ





 တောင်အမေရိကတိုက်စစ်အတွဲဖြစ်တဲ့ မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်တို့ဟာ ဘာစီလိုနာက ဂီတာဖေးကို ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိတဲ့ပွဲမှာ သူတို့တိုက်စစ်တွဲကပဲ ငါးဂိုးအထိသွင်းယူနိုင်ခဲ့တဲ့အတွက် ယခုရာသီ မှာတိုက်စစ်မှူးသုံးဦးပေါင်း သွင်းဂိုး၁ဝ၂ ဂိုးအထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီတောင်အမေရိက တြိဂံတိုက်စစ် အတွဲဟာ ၂ဝဝ၈-၂ဝဝ၉ နည်းပြဂွါဒီယိုလာလက်ထက် အွန်နရီ-မက်ဆီ-အီတူးသွင်းယူခဲ့တဲ့ စံချိန်တင်သွင်းဂိုး ၉၉ ဂိုးကို ကျော်လွန်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက လာလီဂါအကောင်းဆုံးတိုက်စစ်တွဲအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ စီရိုနယ်လ်ဒို-ဘင်ဇီမာ- ဂါရတ်ဘေးလ်တိုက်စစ်အတွဲကတောင်ပြိုင်ပွဲစုံ စုစုပေါင်း၁၄၃ပွဲမှာ သွင်းဂိုး၉၇ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။
ဒါကြောင့် တိုက်စစ်မှူးဆွာရက်ဇ်က မေ၆ရက်မှာယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲမှာ ဘာကာအနေနဲ့လက်ရှိကော င်းမွန်တဲ့ခြေစွမ်းကိုဆက်ထိန်းပြီး ဘိုင်ယန်ကိုရင်ဆိုင်သွားမယ်လို့ဆိုခဲ့ပါတယ်။ဘိုင်ယန်အနေနဲ့လည်း လက်ရှိမှာအသင်းရဲ့အားထားရတဲ့ တောင်ပံတိုက်စစ်မှူးအာဂျန်ရော်ဘင်ကို ဒဏ်ရာ ပြဿနာကြောင့် ဘာကာနဲ့ပွဲမှာ အသုံးပြုနိုင်မှာမဟုတ်လို့ တိုက်စစ်ပိုင်းအားနည်းသွားနိုင်ပါတယ်။
ဘာစီလိုနာနည်းပြဟင်နရီကေးက'' ကျွန်တော့်အနေနဲ့ ကစားသမားတွေကိုဂိုးတွေ ဘယ်လောက်တော့ သွင်းဆိုတာမျိုးဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ သူတို့ရဲ့သွင်းဂိုးတွေအပေါ် အသင်းကမှီတည်နေရတယ်။ ကျွန်တော်လေ့ကျင့်ရေးကွင်းမှာသူတို့လေ့ကျင့်တာကိုကြည့်နေရင်းနဲ့ အလှည့်ကျပွဲထွက်ကစားခိုင်းဖို့ မလိုဘူး ထင်လို့ ဒီတိုက်စစ်အတွဲကိုပဲဆက်သုံးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သူတို့ကတကယ်လုံလောက် ပြည့်စုံနေတဲ့ ပုံစံနဲ့ သွင်းဂိုးတွေရယူနေပြီးသူတို့ကိုတားဆီးဖို့ဆိုတာမဖြစ်နိုင်ပါဘူး''လို့ သူရဲ့ဘာကာတိုက်စစ်အတွဲကို ချီးမွမ်းပြောကြားခဲ့ပါတယ်။
မေလဲ့သင်း

'နင်ရယ် ငါရယ် သူငယ်ချင်း' သီချင်းနှင့်ပရိသတ်အားပေးလက်ခံမှု ရရှိထားသည့် 3 Creators အဖွဲ့နှင့် တွေ့ဆုံမေးမြန်းခြင်း





၂ဝ၁၂ ခုနှစ် ဧပြီ ၁၁ ရက်တွင် ထုတ်ခဲ့သည့် Cheers အခွေထဲတွင် ''နင်ရယ် ငါရယ် သူငယ်ချင်း'' သီချင်းဖြင့် လူငယ်ပရိသတ်ရင်ထဲရောက်ခဲ့ရသည့် 3 Creators အဖွဲ့သည် တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသည့် ၂ဝဝ၈-၂ဝဝ၉ ခုနှစ်မှစတင်ပြီး ဂီတလောကထဲဝင်ရောက်ခဲ့သည်။ သူတို့အဖွဲ့သည် ဂီတခရီးစတင် လျှောက်လှမ်းကာစတွင် အခက်အခဲမျိုးစုံရင်ဆိုင်ခဲ့ရပြီး ဂီတအပေါ် မြတ်နိုးမှုစိတ်တစ်ခုတည်းကြောင့်သာ အားတင်းထားနိုင်ခဲ့ကြောင်းသိရသည်။ ရည်မှန်း ချက်ပန်းတိုင်ရောက်အောင် မလျှော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းအားထုတ်ခဲ့ပြီး ပရိသတ်လက်ခံအားပေးမှု ရရှိအောင် ကြိုးစားခဲ့ကြသည့် 3 Creators အဖွဲ့ဝင်များ၏ လက်ရှိဂီတလှုပ်ရှားမှုများ၊ စိတ်ဓာတ်ခွန်အားမြှင့်တင်ပုံနည်းလမ်းများနှင့် သူတို့၏ ဘဝခံယူချက်များနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင်-
ရွှေထူး
အခုလက်ရှိတော့ Single အခွေ အတွက်လုပ်နေပါတယ်။ ဇူလိုင်လလောက် ထွက်ဖြစ်မှာပါ။ စီးရီးနာမည် က True Love" လို့ ပေးထားပါ တယ်။ 3 Creators မျ အဖွဲ့အနေနဲ့ လည်း အခွေထုတ်ဖို့ အစီအစဉ် ရှိပါတယ်။ ကျွန်တော်တို့ ဂီတလောကကို စပြီးလျှောက်လှမ်းတော့ လုံးဝအစိမ်း သက်သက်ဖြစ်တဲ့အတွက် အခက် အခဲတွေ အများကြီးကြုံခဲ့ရတယ်။ ကျွန်တော်တို့စလုပ်တုန်းက အဖွဲ့မှာ တီးလုံးတီးတတ်တဲ့ သူကမရှိဘူးဆို တော့ အငှားတီးခိုင်းရတယ်။ ငွေရေးကြေးရေး အကျပ်အတည်းဖြစ်လို့ ကျွန်တော်တို့ လက်တော့ပ်တွေကို ပေါင်လိုက်ရတာတွေရှိတယ်။ အနှိမ်ခံ ခဲ့ရတာတွေ၊ လူရာသွင်းမခံခဲ့ရတာ တွေ အများကြီးပဲ ခံစားခဲ့ရတယ်။ မျက်ရည်ဝဲတဲ့အထိ ခံစားခဲ့ရဖူးပါ တယ်။ ဂီတရူးသွပ်မှုအပေါ်တော့ အာမခံပေးနိုင်လောက်အောင် ဂီတကို ချစ်ခင်မြတ်နိုးကြတာပါ။
ကျွန်တော် ကတော့ စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာကြုံရင် ကျွန်တော် တို့ 3 Creators အဖွဲ့ဆုံတယ်။ ပြီးရင် သုံးယောက်ဆုံပြီး ပြဿနာကိုဖြေရှင်း ဖို့စဉ်းစားတယ်။
ကျွန်တော်ရဲ့ ဘဝခံယူချက်ကတော့ ''ရိုးရိုးကျင့် မြင့်မြင့်ကြံ'' ရိုးရိုး ရှင်းရှင်းနေပြီး မြင့်မြင့်မားမား ကြံဆောင်နေရပါမယ်။ လူမှုဆက်ဆံရေး အဆင်ပြေအောင် ကြိုးစားရပါမယ်။ စိတ်ဓာတ် မကျဘဲ ဘယ်လိုအခက်အခဲရှိရှိ ကြိုးစားဖို့ပဲလိုပါတယ်လို့ပဲ ပြောချင် ပါတယ်။
ဒိုးပတ်
ကျွန်တော် လောလောဆယ် သီချင်းတွေရေးတယ်။ သီချင်းတွေဆိုတယ်။ ပြီးတော့ သီချင်းကိုးပုဒ်လောက်ပါတဲ့ Single အခွေတစ်ခွေ အွန်လိုင်းပေါ် တင်နိုင်အောင် လုပ်နေပါတယ်။
ကျွန်တော်က စိတ်ဓာတ်ကျတဲ့ အခါမှာ သီချင်းနားထောင်တယ်။ ကျွန်တော်ကြိုက်တဲ့ အဆိုတော်တွေ ဖြစ်တဲ့ ကိုရသတို့ ကိုထူးအိမ်သင်တို့ သီချင်းတွေနားထောင်ပြီး အားကျတဲ့ စိတ်နဲ့ကြိုးစားချင်စိတ်ရှိအောင် ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးတာတွေ လုပ်ပါတယ်။
ဘဝမှာကျွန်တော်ကတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်မယ်။စေတနာထားပြီးလုပ်မယ်။ ကြိုးကြိးစားစားလုပ်မယ်။ ဒီလိုဆိုရင်ဘဝကို အပြည့်အဝနေထိုင်ခြင်းလို့ပဲမြင်ပါတယ်။
အာဒဏ်
ကျွန်တော် လတ်တလော ဂီတလှုပ်ရှားမှုတွေအနေနဲ့ကတော့ ရှိုးပွဲတွေလိုက်ဆိုနေပါတယ်။ သီချင်းတွေ ရေးတယ်။ ကျွန်တော်တို့အဖွဲ့ဆုံပြီး သီချင်းတွေလုပ်နေပါတယ်။
ကျွန်တော်က စိတ်ညစ်တဲ့အခါမှာ လုပ်တတ်တာက စာဖတ်တာပါပဲ။ ဝက်ဘ်ဆိုက်ဒ်တွေမှာ စာတွေရှာတယ်။ ဒေါင်းလုဒ်လုပ်ပြီး စာဖတ်တယ်။ စာဖတ်တဲ့အတွက်ပိုပြီး အသိဥာဏ်တွေတိုးလာသလို ကိုယ်မရတဲ့ ဘဝတွေကို ရသွားပြီး စိတ်ညစ်တာတွေကို မေ့သွားပါတယ်။
ကျွန်တော်စာဖတ်တာက တကယ်တော့ အလေ့အကျင့်ဖြစ်သွားလို့ အမြဲဖတ်ဖြစ်နေတာပါ။ ကျွန်တော်တို့ အလုပ်ကလည်း စာဖတ်ရင်ဖတ်သလို အကျိုးရှိတာပါ။ ကျွန်တော်တို့ အလုပ်မှ မဟုတ်ပါဘူး။ ဘယ်အလုပ်မဆို စာဖတ်တဲ့သူက ခေါင်းတစ်လုံးသာ စမြဲပါ။ အဲဒါကြောင့် စာဖတ်ဖို့လိုပါ တယ်။ ဘယ်အရာမှာမဆို လုပ်ပါများရင် အကျင့်ဖြစ်ပြီး စွဲသွားမှာပါပဲ။
ကျွန်တော်ရဲ့ ဘဝခံယူချက်က တော့ ဘယ်အရာမဆို လွယ်လွယ်နဲ့ တော့မရဘူး။ ကြိုးစားပြီး ယူရမှာပဲ။အမှားတွေလည်းလုပ်မိမှာပဲ။ လဲကျသွားရင်လဲပြန်ထဖို့ကို ကြိုးစားရမှာ ပဲ။ အဓိကကတော့ ကိုယ်လိုချင်တဲ့ ကိုယ်မျှော်မှန်းတဲ့ ရည်မှန်းချက် ရောက်အောင် အမြဲကြိုးစားဖို့ပဲ အရေးကြီးပါတယ်။
စန္ဒာဝင်း

သစ်တောပြုန်းတီးမှု ဝ ရာခိုင်နှုန်းကျော် ဖြစ်လာနိုင်သည့် ဒေသစာရင်းတွင် မဲခေါင်ဒေသပါဝင်နေ





ရန်ကုန် ဧပြီ ၂၉

၂ဝ၃ဝ ခုနှစ်အတွင်း ကမ္ဘာ့သစ်တောပြုန်းတီးမှု ၈ဝ ရာခိုင်နှုန်းကျော် ဖြစ်လာနိုင်သည့် ဒေသကြီး ၁၁ ခုတွင် မုတ်သုံဒေသ ၁ဝ ခုတွင် ပါဝင်သော မဲခေါင်ဒေသသည် တစ်ခုအပါအဝင်ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း WWF ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့မှ ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
''သစ်တောပြုန်းတီးမှု ရှေ့ဆောင်ဒေသများ'' အတွင်း လက်ရှိဖြစ်ပျက် နေသည့် နှုန်းထားအတိုင်း ၂ဝ၁ဝ နှင့်၂ဝ၃ဝ ခုနှစ်အကြား သစ်တောဧရိယာ ဟက်တာပေါင်း သန်း ၁၇ဝ အထိ ဆုံးရှုံးနိုင်ကြောင်း ၎င်း၏ ရှင်သန်နေသော သစ်တောများ အစီရင်ခံစာ (Living Forests Report) တွင် ဖော်ပြထားသည်။ အဆိုပါဒေသကြီး ၁၁ ခုမှာ အမေဇုန်(Amazon)၊ အတ္တလန္တိတ်သစ်တော (Atalantic Forest) နှင့် ဂရန်ချာကို (Gran Chaco)၊ ဘော်နီယို (Borneo)၊ ဆီရာဒူ (the Cerrado)၊ ချိုကို ဒါရီယန်(Choco-Darien)၊ ကွန်ဂိုမြစ်ဝှမ်း (The Congo Basin)အရှေ့အာဖရိက၊ အရှေ့ပိုင်း သြစတြေးလျ၊ မဟာမဲခေါင်ဒေသ၊ နယူးဂီနီနှင့် ဆူမားတြားတို့ ဖြစ်ကြ သည်။ ထိုသစ်တောများတွင် ကျား၊ ငှက် တိရစ္ဆာန်များစုံလွင်စွာ ကျက်စားလျက်ရှိပြီး လူသားများကို အကျိုးပြု လျက်ရှိနေသည်။
ထို သစ်တောများကို ၂ဝ၂ဝ အတွင်း လုံးဝပြုန်းတီးမှုမရှိစေရန် ထိန်းသိမ်းမှသာလျှင် ဆိုးရွားသော ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ကာကွယ်နိုင်မည်ဖြစ်ပြီး အလေးအနက်ဆောင်ရွက်မှုမရှိပါက ၂ဝ၅ဝ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးသစ်တော ပြုန်းတီးသွားမည်ဆိုပါက ကမ္ဘာ့ ရာသီဥတုကြီးမားသော ပြောင်းလဲမှုများနှင့် ကြုံတွေ့လာနိုင်ကြောင်း WWF ၏ ဆန်းစစ်ချက်များအရ ဖော်ပြထားသည်။
သစ်တောပြုန်းတီးရခြင်းများမှာ နယ်စပ်ဖြတ်ကျော် တရားမဝင် သစ်ထုတ်ခြင်းများ အပါအဝင် စိုက်ပျိုးရေးနှင့် ဆီအုန်းစိုက်ခင်းများ၊ မွေးမြူရေးလုပ်ငန်းများ အဆမတန် ချဲ့ထွင်ရန် သစ်တောများကို ရှင်းလင်းခြင်း၊ သတ္တုတူးဖော်ခြင်း၊ ရေရှည် ဖွံ့ဖြိုးရေးကို ဂရုမစိုက်ဘဲ သစ်ထုတ်ခြင်းနှင့် ထင်းခုတ်ခြင်းများ၊ ရေအား လျှပ်စစ်နှင့် အခြားသော အဆောက် အအုံဆိုင်ရာ စီမံကိန်းများအတွက် သစ်တောများအတွင်း အဖွင့်လမ်းများ ဖောက်လုပ်ခြင်းများကြောင့် တော ပြုန်းမှုများဖြစ်နိုင်ကြောင်း WWF ၏ ကမ္ဘာလုံးဆိုင်ရာ သစ်တောအစီအစဉ် ဒါရိုက်တာ Rod Taylor က ပြောသည်။
''သစ်တောတွေကို ခြိမ်းခြောက်နေ တာဟာ ကုမ္ပဏီတစ်ခု(သို့) လုပ်ငန်းတစ်ခုဆိုတာထက်ပိုပြီး တစ်ခါ တလေမှာ နိုင်ငံတွေရဲ့ နယ်စပ် ဖြတ်ကျော်ကိစ္စတွေ ဖြစ်နေပါတယ်။ ဒါကြောင့် နယ်မြေဒေသအလိုက် ရှုမြင်ပြီး အဖြေရှာရန်နှင့် လူမှုစီးပွား ပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင် တို့ရဲ့ လိုအပ်ချက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီး စုပေါင်းပါဝင်တဲ့ မြေအသုံးချမှုဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်မှုဖြစ်စဉ်တွေကို ဖြစ်လာဖို့ လိုပါတယ်''ဟု တေလာက ဆက်ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ တွင် ကျင်းပသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာခေါင်းဆောင် များ ပါဝင်တက်ရောက်သည့် ''မုတ်သုံ ဒေသများတွင် ထိပ်သီးအစည်းအဝေး-ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့် အလမ်းတစ်ခု'' ဆွေးနွေးပွဲအခမ်း အနားတွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံတွင် သစ်တော များကို မြေအသုံးချမှုမူဝါဒကောင်း များဖြင့် ထိန်းသိမ်းထားသဖြင့် အစိမ်း ရောင်စီးပွားရေးစနစ် တစ်ခုစီပြောင်းလဲနိုင်မယ့် အခြေအနေ တစ်ရပ်ကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း၊ အတုယူစရာပင်ဖြစ်ကြောင်းWWFဒါရိုက်တာ မာကိုလန်ပါတီက ပြောသည်။
၁၉၇၃-၂ဝဝ၉ ခုနှစ်အတွင်း မဟာမဲခေါင်ဒေသ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်) နိုင်ငံ များ၏ သစ်တောသုံးပုံ တစ်ပုံအထိ လျော့နည်းခဲ့ပြီး ၂ဝ၁ဝ-၂ဝ၃ဝ ကာလ ခန့်မှန်းချက်မှာ ဟတ်တာပေါင်း ၁၅ သန်းမှ သန်း ၃ဝ အထိ ထပ်မံ ဆုံးရှုံး ရနိုင်ပြီး အဓိကအားဖြင့် လယ်ယာနှင့် စိုက်ပျိုးမွေးမြူရေး နယ်ပယ်များ အဖြစ် ပြောင်းလဲခြင်း၊ ရေရှည်မကြည့် ဘဲ သစ်များထုတ်လုပ်ခြင်းတို့ကြောင့် ပြုန်းတီးမှုဖြစ်လာနိုင်ကြောင်း ရှင်သန်နေသာ သစ်တောများ အစီအရင် ခံစာကိုWWFနှင့်International Institute for Applied Systems Analysis တို့ ပူးပေါင်းဖော်ထုတ်ခဲ့ ခြင်းမှ ကိုးကားဖော်ပြအပ်ပါသည်။
(သန့်ဇင်ဝင်း)

မြန်မာ-သြစတြေးလျ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး



 


နေပြည်တော်  ဧပြီ  ၂၉


မြန်မာ-သြစတြေးလျ  နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး  ပထမအကြိမ်   ညှိနှိုင်းအစည်းအဝေးကို  ဧပြီ ၂၉ ရက်တွင် နေပြည်တော်ရှိThe Lake Garden  ဟိုတယ်၌ ကျင်းပသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးအား မြန်မာဘက်မှ   နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးသန့်ကျော် ဦးဆောင်ပြီး သြစတြေးလျနိုင်ငံဘက်မှ  နိုင်ငံခြားရေးနှင့်  ကုန်သွယ်ရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဌာန၊ ပထမလက်ထောက်အတွင်းဝန် မစ္စတာ ခရက်ချစ်တစ် ဦးဆောင်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာ-သြစတြေးလျ နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ   ကိစ္စရပ်များ၊  ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ နှစ်ဖက်အပြန်အလှန်အကျိုးရှိမည့်ကိစ္စရပ်များကို  အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်က မစ္စတာ ခရက်ချစ်တစ်နှင့် ကိုယ်စားလှယ် အဖွဲ့အားThe Lake Garden ဟိုတယ်၌  ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။                       (သတင်းစဉ်)

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ



 
ရန်ကုန်   ဧပြီ   ၂၉


ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့တွင် ဧပြီ ၂၄ ရက်မှ ၂၈ ရက် အထိ ကျင်းပသည့်  ASEAN People's Forum   အစည်း အဝေးနှင့် ASEAN-AIPA   အစည်း အဝေးများသို့    တက်ရောက်ခဲ့ပြီး ယနေ့ည  ၆ နာရီ  ၄၅ မိနစ်တွင်  လေကြောင်းခရီးဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိသည်။

ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအား   ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ  ဦးစိန်တင်ဝင်းနှင့် ပြည်သူ့လွှတ်တော်     နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့် ဦး၊ ဒုတိယဥက္ကဋ္ဌ  ဦးတင်အောင်၊  ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  ကြိုဆိုနှုတ်ဆက်ကြ ကြောင်း သတင်းရရှိသည်။            

                      (သတင်းစဉ်)

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



 
ရန်ကုန်  ဧပြီ   ၂၉

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ခဲ့ပြီးနောက် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင်  ကူမင်းမြို့မှ  လေကြောင်းခရီးဖြင့်ထွက်ခွာလာရာ  နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင်    ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံအမတ်ကြီး မစ္စတာယန်ဟို့လန်နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ  ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးတီခွန်မြတ်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)

ပေါက်ကုန်းရပ်ကွက် အမှိုက်ပုံ၊ အမှိုက်သိမ်းကား မျှော်နေရ

 


 ထင်သာမြင်သာ ပြုပြင်စရာ


ရန်ကုန်  ဧပြီ  ၂၉


ရန်ကုန်    မြောက်ပိုင်းခရိုင်   မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် အပိုင် (၄)၊ (၅)၊ (၆)၊ (၇)ရှိ အမှိုက် ပုံများသည် ပေါက်ကုန်းရပ်ကွက်၏  အဓိကလမ်းမကြီးဖြစ်သည့်  ဂျိုးဖြူ ပိုက်လုံးဘေး ဂျိုးဖြူလမ်းမပေါ်တွင် ထားရှိရာ  တစ်ရပ်ကွက်လုံး အမှိုက် များလာရောက်  စွန့်ပစ်ကြသည်။ 

အမှိုက်ကားမလာသည်မှာ  ကြာပြီ ဖြစ်၍  ခြောက်ပေအကျယ် လမ်းမ သည် အမှိုက်များ မြင်မကောင်းအောင် ပြည့်နှက်နေပြီး လူသွားလမ်း  သုံးပေ ခန့်သာ  ကျန်ရှိပြီး အမှိုက်ပုံများ အနံ့ ဆိုးများက နှစ် ၁ဝဝ ခန့် သက်တမ်း ရှိသော ဂျိုးဖြူပိုက်လုံးကြီးကို ပျက်စီး သွားအောင်    ခြိမ်းခြောက်လျက်ရှိ သည်။

ထို့အတူ  လမ်းသွားသူများနှင့် ပတ်ဝန်းကျင်ရှိ လူနေအိမ်များအတွက် မီးဘေးအန္တရာယ်နှင့်  ကျန်းမာရေး ထိခိုက်နေမည်ကို စိုးရိမ်နေရသည်။
''၂ဝ၁၃-၂ဝ၁၄  ခုနှစ်တုန်းက တော့ အမှိုက်ကား  မှန်မှန်လာပြီး အဲဒီနောက်ပိုင်းနှင့်  ယခုအချိန်ထိ တော့ အမှိုက်ကားမလာလို့ ကျွန်တော် တို့လည်း  မီးရှို့လို့လည်း မဖြစ်တော့ ဒီအတိုင်း  ကြည့်နေရတယ်'' ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပြ သည်။   

    မျိုးသန့် (အင်းစိန်)

30.4.2015 (မြန်မာ့အလင်း ကာတွန်း)