Thursday, April 30, 2015

ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် ဒေသတွင်းအထောက်အကူပြုနိုင်သည့် အင်အားတစ်ခုကို ရရှိနိုင်မည်




 
 နေပြည်တော် ဧပြီ ၂၉


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ညနေ ၅ နာရီတွင် မလေးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ်General Tan Sri Raja Mohamed Affandi bin Raja Mohamed Noor အား ဇေယျာသီရိဗိမာန်ဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရ သက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့တက်ရောက်ကြပြီး မလေး ရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်General Tan Sri Raja Mohamed Affandi bin Raja Mohamed Noor နှင့်အတူ မလေးရှားတပ်မတော် မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားစစ်သံမှူး Colonel Mohd Yasin Bin Usop တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် ကောင်းမွန် သောဆက်ဆံရေးရှိပြီး တပ်မတော် နှစ်ရပ်အကြားတွင်လည်း ပွင့်လင်း နွေးထွေးသည့် ဆက်ဆံရေးရှိပါ ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အပါအဝင် အခြားနယ်ပယ်များတွင် လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ပါ ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းအထောက်အကူ ပြုနိုင် သည့် အင်အားတစ်ခုကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံဖြတ်သန်းခဲ့ သည့် တူညီသောသမိုင်းကြောင်း ရှိသဖြင့် မိမိတို့၏ အတွေ့အကြုံများ ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တပ် မတော်နှစ်ရပ်၏ စွမ်းရည်တိုးမြှင့်ရေး ကိုလည်း အထောက်အကူ ဖြစ်စေနိုင် ပါကြောင်း၊ တပ်မတော်နှစ်ရပ် အကြား များစွာချစ်ကြည်ရင်းနှီးသည့် အားလျော်စွာ မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများကိုလည်း ဥပဒေနှင့်အညီ ကူညီစောင့်ရှောက် ပေးစေလိုကြောင်းဖြင့် ပြောကြား သည်။

ဆက်လက်ပြီး တပ်မတော်နှစ်ရပ် အကြား လုပ်ဆောင်လျက်ရှိသည့်Army to Army လုပ်ငန်းဆောင်ရွက်မှု များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ အပြန်အလှန် ဆွေးနွေးကြ သည်။

(မြဝတီ)

No comments:

Post a Comment