Thursday, April 30, 2015

အာဆီယံဆေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆေးပညာအမြင်ချင်းဖလှယ်၍ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အကျိုးရှိမည်

 


နေပြည်တော် ဧပြီ ၂၉

တပ်မတော်ဆိုသည်မှာ ပြည်သူကြားမှ ပေါက်ဖွားလာ ပြီး တိုင်းပြည်ကို ကာကွယ်ရန်၊ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ တပ်မတော် ဆေးတပ်ဖွဲ့များသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုအရှိဆုံး အဖွဲ့အစည်းဖြစ်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီတွင် ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်၌ (၅)ကြိမ်မြောက် အာဆီယံဆေးတပ်ဖွဲ့ အကြီးအကဲ များ စုံညီအစည်းအဝေး (5th ASEAN Chiefs of Military Medicine Conference-5th ACMMC) သို့ တက်ရောက်ကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆေး တပ်ဖွဲ့ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ တက်ရောက်ကြပြီး အဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆေးတပ်ဖွဲ့အကြီးအကဲများဖြစ်ကြသော ဘရူနိုင်းနိုင်ငံမှ Col. Awang Mohd Hafizul Bin Awg Mohd Hassan၊ ကမ္ဘောဒီးယားနိုင်ငံမှ Brig. Gen. SAO. SIDONA၊ အင်ဒိုနီးရှားနိုင်ငံမှ Maj. Gen. Daniel Tjen၊ လာအိုနိုင်ငံမှ Lt. Col Khamphai Phansily၊ မလေးရှားနိုင်ငံမှ Lt. Gen. Datuk (Dr) Hj Abd Razak bin Md Yusoff၊ ဖိလစ်ပိုင်နိုင်ငံမှCol. Joseph M Acosta၊ ထိုင်းနိုင်ငံမှ Air Vice Marshal Lerpong Tanakijaronpat နှင့် ဗီယက်နမ်နိုင်ငံမှ Maj. Gen. Vu Quoc Binh တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အာဆီယံသည် ဒေသတွင်း စည်းလုံးညီညွတ်ပြီး တောင့်တင်းခိုင်မာသည့် အသင်းကြီးဖြစ်ပါကြောင်း၊ လူဦး ရေသန်း ၆ဝဝ ကျော်ရှိပြီး စီးပွားရေးလည်း တောင့်တင်း ခိုင်မာကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတကာမှ အာဆီယံ၏ စည်းလုံးမှုစွမ်းအားကို အလေးထားပါကြောင်း၊ သို့ဖြစ်၍ အာဆီယံနိုင်ငံများရှိ ပြည်သူများ ကျန်းမာရန်နှင့် ဥာဏ်ရည် ထက်မြက်ရန် လိုအပ်ပါကြောင်း။

ဆေးပညာရပ်များသည် အမြဲတိုးတက်ပြောင်းလဲနေ၍ အာဆီယံဆေးတပ်ဖွဲ့များအနေဖြင့် အတွေ့အကြုံချင်း ဆေးပညာအမြင်ချင်းဖလှယ်၍ ပူးပေါင်းဆောင်ရွက်မည် ဆိုလျှင် အာဆီယံနိုင်ငံများအတွက် ပိုမိုအကျိုးရှိပြီး အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အာဆီယံဆေးတပ် ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရ ချိန်များတွင်လည်း ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ကြပါ ကြောင်း၊ ဆေးတပ်ဖွဲ့များအနေဖြင့် တပ်မတော်သားများ စွမ်းရည်မြင့်မားရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေး သကဲ့သို့ ပြည်သူလူထုကို ကျန်းမာရေးကာကွယ်စောင့် ရှောက်ပေးရန် လိုအပ်ပါကြောင်း၊ အာဆီယံဆေးတပ်ဖွဲ့များ သည် တပ်မတော်အတွက်သာမက ပြည်သူလူထုကလည်း အားကိုးအားထားပြုနိုင်သည့် ဆေးတပ်ဖွဲ့များဖြစ်ရေး ကြိုးပမ်းလုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အာဆီယံဆေးတပ်ဖွဲ့များမှ ကိုယ်စားလှယ် များ၏ ခေါင်းဆောင်ဖြစ်သူ မလေးရှားနိုင်ငံမှ Lt. Gen.Datuk (Dr)Hj Abd Razak bin Md Yusoff ၊ ဗီယက်နမ်နိုင်ငံမှ Maj. Gen. Vuquoc Binh နှင့် ဖိလစ် ပိုင်နိုင်ငံမှ Col. Joseph M Acosta တို့က ကျေးဇူးတင် စကားပြန်လည်ပြောကြားကြပြီး အာဆီယံဆေးတပ်ဖွဲ့ အကြီးအကဲများ စုံညီအစည်းအဝေးနှင့်စပ်လျဉ်း၍ ဆောင် ရွက်နေမှုများကို တင်ပြကြသည်။
၂ဝ၁ဝ ပြည့်နှစ် မတ်လတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့၌ ကျင်းပခဲ့သည့် (၇ )ကြိမ်မြောက် အာဆီယံကာကွယ်ရေး ဦးစီးချုပ်များအလွတ်သဘောအစည်းအဝေး (7 th ACDFIM)မှ သဘောတူညီချက်ဖြင့် အာဆီယံဆေးတပ်ဖွဲ့ အကြီးအကဲများ စုံညီအစည်းအဝေး (ASEAN Chiefs of Military Medicine Conference –ACMMC)ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ၂ဝ၁၁ ခုနှစ်မှစတင်၍ ပထမ အကြိမ် စတင်ကျင်းပခဲ့သည်။ ၅ ကြိမ်မြောက် အာဆီယံ ဆေးတပ်ဖွဲ့ အကြီးအကဲများ စုံညီအစည်းအဝေးကို မြန်မာ နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသကဲ့သို့ (၆) ကြိမ်မြောက် အစည်းအဝေးကို ၂ဝ၁၆ ခုနှစ်တွင် ဖိလစ် ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(မြဝတီ)

No comments:

Post a Comment