Thursday, April 30, 2015

ဧရာဝတီ အသင်း AFC Cup ရှုံး/ထွက်အဆင့်သို့ တက်ရောက်



 

ရန်ကုန် ဧပြီ ၂၉
၂ဝ၁၅ ရာသီAFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ် (H) ပွဲစဉ်ဖြစ်သည့် ဧရာဝတီ အသင်းနှင့် လာအို င်္ဃ တို့သည် ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရာ ဧရာဝတီအသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရသွားသည်။
ဧရာဝတီ - လေးဂိုး
လာအို FC - သုံးဂိုး
တစ်ယောက်လျော့ကစားခဲ့ရသည့်အပြင် နောက်မှလိုက်ကစားခဲ့ရသည့် ဧရာဝတီအသင်းမှာ ပွဲပြီးခါနီး ဂိုးဖြင့် ပထမဆုံး အိမ်ကွင်းနိုင်ပွဲရယူနိုင်ခဲ့သည်။ဧရာဝတီအသင်းမှာ နိုင်ပွဲရယူနိုင်ခဲ့သလို အုပ်စု (H) ၏ အခြားပွဲစဉ်တွင် နယူးရေးဒီးယန့်အသင်းမှာ အိမ်ကွင်း၌ရှုံးနိမ့်ခဲ့သောကြောင့် ဧရာဝတီအသင်း မှာ ရှုံး/ထွက်အဆင့်သို့ ပွဲမကုန်ဆုံးမီ တက်ရောက်သွားပြီဖြစ်သည်။
ဧရာဝတီအသင်းမှာ ပွဲပယ်ခံထားရသည့် ဟိန်းသီဟဇော်ကလွဲ၍ လူစုံ ပါဝင်ခဲ့ပြီး ပွဲအစ ရှစ်မိနစ်မှာပင် ဖွန်ဆီကာက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ သည်။ ဧရာဝတီအသင်းမှာ အိမ်ကွင်း၌ကစားရသည့်အပြင် ဦးဆောင်ဂိုးရထား သော်လည်း ပွဲကိုထိန်းကစားနိုင်ခြင်းမရှိခဲ့ပေ။ လာအိုအသင်းမှာ အကောင်းဆုံး ပုံစံဖြင့် ဧရာဝတီဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ၂၇ မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် ဖက်ထာနာက ချေပဂိုးပြန်သွင်းခဲ့သည်။ သရေဖြစ်ပြီးနောက်ပိုင်းတွင် လည်း လာအို င်္ဃ ကသာ ဖိကစားနိုင်ခဲ့ပြီး ၄၂ မိနစ်တွင် ဖရီးကစ်မှတစ်ဆင့် ပိုင်တီးက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။
ဒုတိယပိုင်းအစတွင် ဧရာဝတီ အသင်း ကစားသမားအပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ၆၃ မိနစ်တွင် ချစ်စမ်း မောင်အထုတ်ခံခဲ့ရ၍ တစ်ယောက် လျော့ဖြင့် ကစားခဲ့ရသည်။ ၆၉ မိနစ် တွင် ရစ္စတီက ပယ်နယ်တီမှတစ်ဆင့် ဧရာဝတီအတွက် ချေပဂိုးပြန်သွင်းခဲ့ သော်လည်း တစ်ယောက်အသာရနေ သည့် လာအို FC မှ ခါဇူက ၇၃ မိနစ် တွင် တတိယဂိုးသွင်းယူပေးခဲ့သည်။
တစ်ယောက်လျော့တစ်ဂိုးရှုံးနေ သည့် ဧရာဝတီအသင်းမှာ စိတ်ဓာတ် မကျဘဲ ပြန်ဖိကစားလာခဲ့ပြီး ၇၉ မိနစ်တွင် ရစ္စတီက ချေပဂိုးပြန်သွင်း ခဲ့သည်။ သရေဖြစ်ပြီး နောက်ပိုင်းတွင် ဧရာဝတီအသင်း ကစားပုံပိုကောင်း လာပြီး ၈၅ မိနစ်တွင် ဖွန်ဆီကာက အနိုင်ဂိုးသွင်းယူပေးခဲ့သည်။ အုပ်စု (H) တွင် တစ်ပွဲကစားရန် ကျန်သေး သော်လည်း ဘန်ဒေါင်း (အင်ဒိုနီးရှား) က ၁၁ မှတ်၊ ဧရာဝတီအသင်းက ကိုးမှတ်တို့ရရှိကာ ရှုံးထွက်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
သတင်း-ညီမြတ်သော်တာ ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

No comments:

Post a Comment