Thursday, April 30, 2015

ဘာလ်တီမိုးမြို့တွင် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့များ ဖြန့်ကြက်ထားဆဲဖြစ်


 
ဘာလ်တီမိုး ဧပြီ ၂၉
အမေရိကန်နိုင်ငံ မာရီလန်းပြည်နယ် ဘာလ်တီမိုးမြို့တွင် လူမည်း အမျိုးသားတစ်ဦးကို ဒေသခံရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီးနောက် သေဆုံးခဲ့ သည့်အတွက် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ ဧပြီ ၂၉ ရက်အထိ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့များ ဖြန့်ကြက်ထားနေရဆဲဖြစ်သည်။
ဧပြီ ၂၇ ရက်က ဆူပူအကြမ်းဖက်မှုများတွင် အဆောက်အအုံနှင့် ကားများမီးရှို့ဖျက်ဆီးခြင်းနှင့် စတိုးဆိုင်များတွင် လုယက်မှုများဖြစ်ပွားခဲ့သော ကြောင့် အရေးပေါ်အခြေအနေအဖြစ် ကြေညာကာ ထိန်းသိမ်းခဲ့သည့်အတွက် ဧပြီ ၂၈ ရက်တွင် အကြမ်းဖက်မှုများ လျော့နည်းသွားခဲ့သည်။
ဧပြီ ၂၈ ရက်တွင် အခြေအနေတည်ငြိမ်နေသည်ဆိုသော်လည်း ဒေသခံ များသည် စုဝေးပွဲပြုလုပ်ခြင်း၊ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခြင်းများပြုလုပ်လျက် ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့များကို တစ်မြို့လုံးဖြန့်ကြက်ထားကြောင်း သိရသည်။
ဘာလ်တီမိုးမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကြောင့် အခြေ အနေပြန်လည်တည်ငြိမ်လာပြီဖြစ်ကြောင်း၊ ညမထွက်ရအမိန့်ကြောင့် မြို့သူ မြို့သားများအနေဖြင့် လုံခြုံတည်ငြိမ်မှုကို ပြန်လည်ခံစားနေရပြီဖြစ်ကြောင်းနှင့် ယင်းအခြေအနေကိုဆက်လက်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း ရဲမင်းကြီး အန်ထော်နီဘတ်စ်က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment