Thursday, April 30, 2015

မြန်မာ-သြစတြေးလျ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး



 


နေပြည်တော်  ဧပြီ  ၂၉


မြန်မာ-သြစတြေးလျ  နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး  ပထမအကြိမ်   ညှိနှိုင်းအစည်းအဝေးကို  ဧပြီ ၂၉ ရက်တွင် နေပြည်တော်ရှိThe Lake Garden  ဟိုတယ်၌ ကျင်းပသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးအား မြန်မာဘက်မှ   နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးသန့်ကျော် ဦးဆောင်ပြီး သြစတြေးလျနိုင်ငံဘက်မှ  နိုင်ငံခြားရေးနှင့်  ကုန်သွယ်ရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဌာန၊ ပထမလက်ထောက်အတွင်းဝန် မစ္စတာ ခရက်ချစ်တစ် ဦးဆောင်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာ-သြစတြေးလျ နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ   ကိစ္စရပ်များ၊  ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ နှစ်ဖက်အပြန်အလှန်အကျိုးရှိမည့်ကိစ္စရပ်များကို  အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်က မစ္စတာ ခရက်ချစ်တစ်နှင့် ကိုယ်စားလှယ် အဖွဲ့အားThe Lake Garden ဟိုတယ်၌  ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။                       (သတင်းစဉ်)

No comments:

Post a Comment