Thursday, April 30, 2015

သမ္မတ၏အာဏာများကို သီရိလင်္ကာလွှတ်တော် ကန့်သတ်


 
ကိုလံဘို ဧပြီ ၂၉
သီရိလင်္ကာနိုင်ငံ လွှတ်တော်က သမ္မတ၏အာဏာများကို ထိန်းချုပ် ကန့်သတ်ရန်နှင့် သမ္မတ၏ သက်တမ်း ကို နှစ်ကြိမ်သာ ထမ်းဆောင်ခွင့် ရှိသည်ဟု ပြန်လည်ကန့်သတ်ရန် မဲပေးခဲ့ကြကြောင်း ယနေ့ ဘီဘီစီ သတင်းတွင် ဖော်ပြသည်။
ဇန်နဝါရီလ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည့် သမ္မတဟောင်း မဟိန္ဒြာ ရာဂျာပက်ဆေးသည် ၄င်း၏ သမ္မတ အာဏာကို ချဲ့ထွင်ခဲ့သည်။
၎င်း၏ အရိုက်အရာကို ဆက်ခံသူ လက်ရှိသမ္မတ မိုင်သီရိပါလာ သီရိ သေနာက သမ္မတ၏ အာဏာကို လျှော့ချပေးမည်ဟု ကတိပေးခဲ့သည်။
လွှတ်တော်၏ ငါးနှစ်သက်တမ်း တွင် လေးနှစ်နှင့် ခြောက်လကာလ မပြည့်မီ လွှတ်တော်ကို ဖျက်သိမ်းနိုင် သည့် သမ္မတ၏ အာဏာကိုလည်း လွှတ်တော်အမတ်များက မဲပေး ပယ်ဖျက်ခဲ့သည်။
ယခင်က လွှတ်တော်သက်တမ်း တစ်နှစ်ပြည့်ပြီးလျှင် လွှတ်တော်ကို ဖျက်သိမ်းနိုင်သည့်အာဏာ သမ္မတ ထံတွင် ရှိခဲ့သည်။
သမ္မတဟောင်း ရာဂျာပက်ဆေး သည် ၁ဝ နှစ်ကြာ သမ္မတအဖြစ် အာဏာရယူထားခဲ့သည်။ ၂ဝ၁ဝ ခုနှစ်တွင် သမ္မတအဖြစ် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်းခံရပြီး နောက် သမ္မတအဖြစ် သက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်ရမည် ဟူသော ကန့်သတ်ချက်ကို ပယ်ဖျက် လိုက်ပြီး တတိယအကြိမ် သမ္မတ အဖြစ် ထမ်းဆောင်ခွင့်ရရန် ဆောင် ရွက်ခဲ့သည်။
ရဲတပ်ဖွဲ့၊ ပြည်သူ့ဝန်ထမ်းနှင့် တရားရေးဌာနများအပေါ်တွင် အာဏာ ပိုမိုသုံးစွဲခွင့်ကိုလည်း သူ့ကိုယ်သူ ခွင့်ပြုပေးခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment