Thursday, April 30, 2015

ဘိုကိုဟာရမ်တို့ ပြန်ပေးဆွဲရာ တောအုပ်ကြီးအတွင်းမှ နိုင်ဂျီးရီးယား အမျိုးသမီး ၃၀၀ နီးပါးအား ကယ်တင်နိုင်




လေဂို့စ် ဧပြီ ၂၉

ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စုနေထိုင်ရာဒေသ ဆမ်ဘီဆာတောအုပ်ကြီးအတွင်းမှ မိန်းကလေး ၂ဝဝ နှင့် အမျိုးသမီး ၉၃ ဦးတို့အား ကယ်တင်နိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များက ပြောသည်။
အဆိုပါ မိန်းကလေးများသည် ၂ဝ၁၄ ခုနှစ် ဧပြီလက ချီဘော့ကျောင်းတစ်ကျောင်းမှ ပြန်ပေးဆွဲသွားသော မိန်းကလေးများမဟုတ် ဟု ဆိုသည်။

အဆိုပါ မိန်းကလေးများနှင့် အမျိုးသမီးများသည် ဆမ်ဘီဆာတောအုပ်အတွင်းရှိ ဘိုကိုဟာရမ်စခန်းလေးခုကို သိမ်းပိုက်စဉ် ထွက်ပြေးလွတ်မြောက် လာခြင်းဖြစ်ကြောင်း နိုင်ဂျီးရီးယားစစ်ဘက်က ပြောသည်။ ယခုအခါ အဆိုပါ အမျိုးသမီးများအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြော သည်။ နောက်ဆုံးပြုလုပ်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲများ အတွင်း လက်နက်များပါ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဘက်က ပြောသည်။

မကြာသေးသည့်လများက နိုင်ဂျီးရီးယားတပ်ဖွဲ့ ဝင်များသည် ဘိုကိုဟာရမ်တို့ ထိန်းချုပ်ထားသော နယ်မြေ များကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း လေဂို့စ်မြို့မှ သတင်းထောက်များက ပြောသည်။ စစ်ဆင်ရေးပြုလုပ် နိုင်မှုကြောင့် ဖမ်းဆီးထားရသော ဓားစာခံအများစု ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ခရစ်အိုလူ ကိုမာဒီက ပြောသည်။ (ဘီဘီစီ)

No comments:

Post a Comment