Thursday, April 30, 2015

နာရေးအိမ်၌ကျွေးသော ထမင်းစားမိ၍ လူ ၁ဝဝ ကျော် အစာအဆိပ်သင့်


 
ဖြူး ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းနယ်မြေ ရဲစခန်းအပိုင် အနောက်ဘက် ငါးမိုင်ခန့်အကွာ ရှမ်းမင်းလမ်းကူးကျေးရွာအုပ်စု ရွာ ကန့်လန့်ကျေးရွာ၌ ဧပြီ ၂၉ ရက် နံနက်ပိုင်းက ရွာကန့်လန့်ရွာနေ ဦးသိန်းဝင်း သေဆုံးသဖြင့် ဇနီး ဒေါ်လှမြင့် (၅၂)နှစ်၏ နေအိမ်၌ အသုဘချရန် ပတ်ဝန်းကျင်ရှိ ရွာများ သို့ဖိတ်ကြား၍ ရွာ၏ ထုံးတမ်းစဉ်လာ အတိုင်း ကျွေးမွေးဧည့်ခံရန် ဝက်သား ဟင်း၊ သရက်ချဉ်သုပ်၊ မှိုခြောက် ပန်း ခြောက်ကြာဆံဟင်းချို၊ ငါးခြောက် ကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ အစာအဆိပ်သင့်ခဲ့ကြောင်း သိရသည်။
အဆိုပါနာရေးအိမ်သို့ လာရောက် စားသောက်မိကာ အစာအဆိပ်သင့်ခဲ့ သော ရှမ်းမင်းလမ်းကူးဘုန်းတော်ကြီး ကျောင်းမှ သံဃာတော် လေးပါး၊ ကိုရင်ခြောက်ပါးနှင့် အမျိုးသား၊ အမျိုးသမီး ၄၄ ဦးခန့်တို့အား ဖြူး ဆေးရုံသို့လည်းကောင်း၊ ၁၃ ဦးအား ညောင်ပင်သာ တိုက်နယ်ဆေးရုံသို့ လည်းကောင်း၊ ၄၂ ဦးအား ကညွတ် ကွင်းမြို့ ဆေးရုံသို့လည်းကောင်း အရေးပေါ်ကားများဖြင့် ပို့ဆောင် ပေးခဲ့ရသည်။
ယင်းသို့ အစာအဆိပ်သင့်မှုကြောင့် ဧပြီ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲအထိ အသေအပျောက်မရှိသေးကြောင်း သိရသည်။
(၁၄ဝ)

No comments:

Post a Comment