Thursday, April 30, 2015

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တရုတ်နိုင်ငံ စွယ်တော်မြတ်စေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညို



 
ပေကျင်း ဧပြီ ၂၉


ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့သည်  ဧပြီ ၂၇ ရက် ဒေသစံတော်ချိန်  နံနက် ၁၁ နာရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့  လင်ကွန်းဘုရား ကျောင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသော  ဗုဒ္ဓစွယ်တော်မြတ်အား   သွား ရောက်ဖူးမြော်ကြည်ညိုပြီး ဆရာတော် Shin Chan Zang အား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကသည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို   အမြဲတမ်းကော်မတီအဖွဲ့ဝင် မစ္စတာ လျူယန်ရှန်နှင့် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင်   ပေကျင်းမြို့ရှိ People’s  Great  Hall   ဧည့်ခန်းမ၌  တွေ့ဆုံပြီး  ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည် ရင်းနှီးမှုဆိုင်ရာ  ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက်  ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ညပိုင်းတွင်  ဆက်လက်ထွက်ခွာခဲ့ကြရာ ကူမင်းမြို့သို့ ဒေသ စံတော်ချိန် ည ၁၂ နာရီတွင် ရောက်ရှိကြသည်။

ကူမင်းလေဆိပ်၌  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မဒမ်ကျိုးဟုန်၊  မြန်မာကောင်စစ်ဝန်ချုပ်ရုံး(ကူမင်း)   ကောင်စစ်ဝန်ချုပ်  ဦးအောင်မြင့်ထွန်းနှင့် ဇနီး၊ သံရုံးမိသားစုများက  ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment