နေပြည်တော် ဧပြီ ၂၉
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော မလေးရှား တပ်မတော်ကြည်းတပ် ဦးစီးချုပ် General Tan Sri Raja Mohamed Affandi bin Raja Mohamed Noor အား ဂုဏ်ပြုကြိုဆိုသည့်အခမ်း အနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည်။
ရှေးဦးစွာ မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်သည် ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနား ကျင်းပရာ ဇေယျာသီရိဗိမာန်သို့ မော်တော် ယာဉ်ဖြင့်ရောက်ရှိလာပြီး ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက် သည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မလေးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ် တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြု ခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။
ယင်းနောက် အခမ်းအနား တက်ရောက်လာကြသည့် နှစ်နိုင်ငံ တပ်မတော်များမှ အရာရှိကြီးများ အား အပြန်အလှန်မိတ်ဆက်ပေးကြ သည်။
၎င်းနောက် မလေးရှားတပ်မ တော် ကြည်းတပ်ဦးစီးချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ တွေ့ဆုံ သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တက် ရောက်ကြပြီး မလေးရှားတပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့်အတူ မလေး ရှားတပ်မတော်မှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားစစ်သံ မှူး Colonel Mohd Yasin Bin တို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ယခုကဲ့သို့ တပ်မတော်အရာရှိကြီးများ အပြန် အလှန်ချစ်ကြည်ရေး လည်ပတ်ခြင်း ကြောင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မှုအခြေ အနေများ၊ မြန်မာနိုင်ငံ တပ်မတော် ဆေးတက္ကသိုလ်နှင့် မလေးရှားနိုင်ငံ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် တို့ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် အလုပ်ရုံဆွေးနွေး ပွဲများ ပြုလုပ်ရေး၊ အခြားသော တပ်မတော်ဆိုင်ရာအလုပ်ရုံဆွေးနွေး ပွဲများ အပြန်အလှန်ဆောင်ရွက်ရေး ကိစ္စရပ်များ၊ အကြမ်းဖက်မှု ကာကွယ် တားဆီးနှိမ်နင်းနိုင်ရန် သတင်းအချက် အလက်များ၊ ပူးပေါင်းဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် တပ်မတော် နှစ်ရပ်အကြား ရင်းနှီးမှုပိုမိုတိုးတက် ရန်အတွက် နယ်ပယ်အသီးသီးတွင် ထိတွေ့ ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက် ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြသည်။ (မြဝတီ)
No comments:
Post a Comment