Thursday, April 30, 2015

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



 
ရန်ကုန်  ဧပြီ   ၂၉

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ခဲ့ပြီးနောက် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင်  ကူမင်းမြို့မှ  လေကြောင်းခရီးဖြင့်ထွက်ခွာလာရာ  နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင်    ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံအမတ်ကြီး မစ္စတာယန်ဟို့လန်နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။

ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ  ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးတီခွန်မြတ်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)

No comments:

Post a Comment