Friday, October 31, 2014

လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေး





ပြည်ထောင်စုလွှတ်တော်အစည်းအဝေး 
နေပြည်တော် အောက်တိုဘာ ၃ဝ

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက် အစည်း အဝေး (၂၁) ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှ ထပ်မံပေးပို့ထားသော ကိုရီးယားသမ္မတနိုင်ငံ Daedong Industrial Co.,Ltd. ထံမှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ တန်ဖိုးရှိ လယ်ယာသုံးစက်ကိရိယာ များကို အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးခဲ့ကြသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်ဦးက တောင်သူလယ်သမား များ၏ဘဝ တိုးတက်မြင့်မားရေး အတွက် နိုင်ငံတော်အစိုးရက စီမံ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ စီမံဆောင်ရွက်ပေးရမည်ဖြစ် သည်နှင့်အညီ အဖြစ်နိုင်ဆုံး နည်းလမ်းမှာ ယခုချေးငွေသန်း ၁ဝဝ တန်ဖိုးရှိ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူဆောင်ရွက်ခြင်းမှာ သင့်တော် ပါကြောင်း၊ ယခုကဲ့သို့ စီမံဆောင် ရွက်ပေးမှုမှာ စက်ကိရိယာများ ဝယ်ယူသုံးစွဲနိုင်မှုမရှိ၍ အချိန်မီ စိုက်ပျိုးရိတ်သိမ်းနိုင်ခြင်း မရှိသည့် အတွက် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ နေရသည့် တောင်သူလယ်သမားများ အတွက် ဆောင်ရွက်ပေးသင့်သော ကြောင့် ဝယ်ယူမည့်အစီအစဉ်အား ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးခဲ့ သည်။

ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးမင်းဆွေက ယခုကဲ့သို့ ရာသီမမှန်သည့်ကာလတွင် တောင်သူလယ်သမားများအနေဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရေးကို ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း လယ်သမားများအတွက် လိုအပ်သည့် စက်ပစ္စည်းများဝယ်ယူနိုင်ရန် အရင်း အနှီးမရှိပါကြောင်း၊ ပြည်ပကုမ္ပဏီ များအနေဖြင့် အတိုးနှုန်းကြီးမြင့် နေခြင်း၊ ပြန်လည်ပေးဆပ်သည့် ကာလတိုတောင်းခြင်းစသည့် အခက် အခဲများကြောင့် ငွေရှိသူများသာ ဝယ်ယူနိုင်ပြီး ငွေမရှိသည့် တောင်သူ များအနေဖြင့် များစွာခက်ခဲပါ ကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယား နိုင်ငံ၏ ချေးငွေဖြင့် ဝယ်ယူမည့် စက်ကိရိယာများမှာ အရည်အသွေး ကောင်းမွန်ခြင်း၊ အတိုးနှုန်းနည်း ခြင်း၊ ပြန်လည်ပေးဆပ်ရသည့်ကာလ ဝန်ထုပ်ဝန်ပိုး မဖြစ်နိုင်ခြင်းတို့ကြောင့် ခွင့်ပြုသင့်ပါကြောင်းဖြင့် ဆွေးနွေးခဲ့ သည်။

မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက ကိုရီးယားနိုင်ငံမှ လယ်ယာသုံး စက်ပစ္စည်းဒေါ်လာသန်း ၁ဝဝ ဖိုး အကြွေးရယူဆောင်ရွက်မည့် ကိစ္စမှာ ပြည်ထောင်စုလွှတ်တော်မှ သဘော တူပြီး ပြည်ထောင်စုအစိုးရမှ တာဝန်ခံ ရမည့်ကိစ္စ ဖြစ်ပါကြောင်း၊ အမှား အယွင်းမခံနိုင်သော နိုင်ငံစီးပွားရေး အခြေအနေတွင် သေချာစွာ အောင်မြင်အောင် ဆောင်ရွက်ပြီးစီး နိုင်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ လက်ရှိဆောင်ရွက်နေပြီး ကျေးလက် လူထုနှင့် လုပ်ငန်းသဘောအရ ဆက်စပ်နေသည့် လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအား တာဝန်ပေးခြင်းသည် ပိုမိုအောင်မြင် နိုင်မည်ဖြစ်သည့်အတွက် ယင်းလုပ်ငန်း အား လယ်ယာစိုက်ပျိုးရေးနှင့်ဆည် မြောင်း ဝန်ကြီးဌာနအား လွှဲပြောင်း ပေးသင့်ပါကြောင်းဖြင့် ဆွေးနွေး ခဲ့သည်။

မင်းကင်း မဲဆန္ဒနယ်မှ ဒေါ်ခင်မွှေးလွင်က ယခုချေးငွေသန်း ၁ဝဝ ဖြင့် ဝယ်ယူမည့် လယ်ယာသုံး စက်ကိရိယာပစ္စည်းများသည် အရည် အသွေးမီပြီး အာမခံစနစ်၊ မျှဝေပေး နိုင်မည့် နည်းပညာများနှင့် ဝန်ဆောင် မှုများမှာလည်း ကောင်းမွန်ကြောင်း ကို ကြားသိရပါကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံအစိုးရ၏ ကူညီဆောင် ရွက်ပေးမှုများကိုလည်း အလေးထား သင့်သည့်အတွက် ယခုလို ကုမ္ပဏီ မျိုးကို မိမိတို့နိုင်ငံသို့ လွတ်လပ်စွာရောင်းချနိုင်ရန် ဖိတ်ခေါ် ပြီး တောင်သူလယ်သမားများအား ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် လည်းကောင်း၊ ကာလရှည်အရစ်ကျ ချေးငွေစနစ်ဖြင့် လည်းကောင်း ဝယ်ယူနိုင်ရန် သမဝါယမဝန်ကြီးဌာန အနေဖြင့် တာဝန်ယူ၍ စီမံခန့်ခွဲခြင်း ကိုသာ ဆောင်ရွက်သင့်ပါကြောင်း၊ ယခုလို စက်ကိရိယာများ ဝယ်ယူရန် တင်ပြလာခြင်းကို တိုင်းပြည် အနာဂတ်ခရီးကို ရှုမျှော်၍ အပြု သဘောဖြင့် ကန့်ကွက်ပါကြောင်း ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက တောင်သူလယ်သမားများ လယ်ယာ သုံးစက်ကိရိယာများကို သုံးစွဲ တတ်စေရန်နှင့် ပြုပြင်ဆောင်ရွက် နိုင်ရန် စီမံဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ ဖြင့်လည်း ကျေးရွာတိုင်းသို့ သွားရောက် လုပ်ကိုင်နိုင်ခြင်း မရှိပါကြောင်း၊ လယ်သမားများအနေဖြင့် စက်ကိရိ ယာဝယ်ယူသည့်ချေးငွေ ပြန်ဆပ် နိုင်ရန် နည်းလမ်းများကိုလည်း အသေး စိတ်ဆောင်ရွက်ထားပြီး ဖြစ်ပါ ကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)

အခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးမည့်စာမေးပွဲသည် ကျောင်းစစ်အဖြစ်သာ ရှိမည်ဆိုခြင်းမှာ မဟုတ်





ပြည်သူ့လွှတ်တော်အစည်းအဝေး
နေပြည်တော် အောက်တိုဘာ ၃ဝ

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

ချမ်းမြသာစည်မဲဆန္ဒနယ်မှ ဦးတင် မောင်၏ ''၂ဝ၁၅ ခုနှစ် နောက်ပိုင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို တက္ကသိုလ်အလိုက် စစ်ဆေးခဲ့လျှင် ဒသမတန်းရမှတ်အား ထည့်သွင်း စဉ်းစားခြင်း ရှိ၊ မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပညာရေး စနစ်ပြုပြင်ပြောင်းလဲမှုကို အမျိုးသား ပညာရေးဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အခြေခံပညာရေး ဖွဲ့စည်းပုံ တွင်(ွု+၁၂)စနစ်ဖြင့် သူငယ်တန်း အပါအဝင် ပထမတန်းမှ ဒွါဒသမ တန်းအထိ သင်ကြားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားရန် ရှိပါ ကြောင်း၊ ထို့အတူ အခြေခံပညာပြီးဆုံး သည့် စာမေးပွဲနှင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကို သီးခြားစီကျင်းပရန် ဆွေးနွေးနေဆဲဖြစ်ပြီး အခြေခံပညာ ပြီးဆုံးကြောင်း စစ်ဆေးမည့်စာမေးပွဲ သည် အစိုးရစစ်ပင်ဖြစ်ပြီး ကျောင်းစစ် အဖြစ်သာရှိမည်ဆိုခြင်းမှာ မဟုတ်ပါ ကြောင်း၊ အမျိုးသားပညာရေးဥပဒေ အရ တက္ကသိုလ်များသည် သီးခြား လွတ်လပ်စွာရပ်တည်၍ တက္ကသိုလ်၏ ပညာရည်အဆင့်အတန်း မြင့်မားရေး၊ အရည်အသွေးအာမခံနိုင်မှုရှိရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းများ၏ အသိအမှတ်ပြုမှုရရှိ ရေးကို တက္ကသိုလ်များက လွတ်လပ်စွာ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်များအနေဖြင့် တက္ကသိုလ်က လက်ခံသင်ကြားပေးလို သည့် အရည်အချင်းရှိသော တက္ကသိုလ် ကျောင်းသားများကို ရွေးချယ်ခွင့်ရရှိ ကြမည်ဖြစ်၍ တက္ကသိုလ်အလိုက် အခြေအနေ အမျိုးမျိုးဖြစ်နိုင်ပါ ကြောင်းဖြင့် ဖြေကြားသည်။

ထန်တလန်မဲဆန္ဒနယ်မှ ဒေါ်ဇာ တလဲမ်း၏ ''ပညာရေးချို့တဲ့၍ အလုပ် အကိုင်မရရှိသော လူငယ်များအတွက် အထူးအစီအစဉ်ဖြင့် မည်သည့် စီမံကိန်းများ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း'' မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်က မြန်မာ နိုင်ငံရှိ အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် အတူ ဖြစ်ပေါ်လာမည့် အလုပ်အကိုင် အခွင့်အလမ်းများပေါ်မူတည်၍ ဝန်ကြီး ဌာနအနေဖြင့် အလုပ်လုပ်ကိုင်လိုသူ လူငယ်လူရွယ်များကို သင့်လျော်သော လုပ်ငန်းခွင်သို့ရောက်ရှိ လုပ်ကိုင် နိုင်ရန် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများမှတစ်ဆင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင် နှင့် သင့်တော်ကျွမ်းကျင်မှုရှိသော အသက်မွေးဝမ်းကျောင်း အတတ် ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင် တည်မြဲစေရေးအတွက် အလုပ်သမား ဥပဒေများနှင့် ပတ်သက်သည့် အသိ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။

ထို့နောက် ''၂ဝ၁၃ ခုနှစ် အသက် ဘေးအန္တရာယ်စိုးရိမ်ရသော ထိခိုက် ဒဏ်ရာရရှိသူ လူနာအား အချိန်မီ ဆေးကုသနိုင်ရေးအတွက် ကူညီ စောင့်ရှောက်ပေးရေးဥပဒေကြမ်း''နှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက်တင်ပြ ဆွေးနွေးရန် အတည်ပြုခဲ့ကြသည်။

ယင်းနောက် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်း ၏ ''နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေမည့် အနာဂတ်အစီအမံများ မည်သို့ချမှတ် ထားသည်နှင့် အစီအမံများကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ် မှုများကြုံတွေ့လာပါက မည်သည့် နည်းလမ်းဖြင့် ဆောက်ရွက်မည်ကို သိလိုခြင်း'' မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့် အရေးကော်မတီနှင့် ဥပဒေကြမ်း ကော်မတီတို့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

(ရှင်းလင်းဖြေကြားချက်ကို သီးခြား ဖော်ပြထားပါသည်။)

အစည်းအဝေးတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် လိုက်လျော ညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ် ရေးကော်မရှင်၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆက်လက်ဆွေးနွေးသည်။

မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်း ငေါင်းဆိုင်ဟိန်းက ကော်မရှင်မှတင်ပြ သည့် နည်းလမ်း(၈)မျိုးအနက် နည်းလမ်းနံပါတ်(၄)သည် ပိုမို အသေးစိတ်ကျပြီး မဲဆန္ဒရှင်ပြည်သူ များကို ပိုမိုကိုယ်စားပြုပေးနိုင်ပါ ကြောင်းနှင့် လူထု၏ဆန္ဒမဲများကို အလဟဿလေလွင့်မှုမှ ကာကွယ် ပေးနိုင်သည်ကို လေ့လာတွေ့ရှိရပါ ကြောင်း၊ နိုင်ငံသမိုင်းမှတ်တိုင်တစ်ခုကို အောင်မြင်စွာစိုက်ထူနိုင်ရန်အတွက် ကောင်းမွန်သော ယုံကြည်ချက်၊ ရည်ရွယ်ချက်များဖြင့် နိုင်ငံ၏ ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်ပေါ် လာရေးကို ကြိုဆိုပါကြောင်းဖြင့် ဆွေးနွေးသည်။

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်က ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သည့် အတွက် ပြည်သူများက ရွေးချယ်သော ကိုယ်စားလှယ်များသည် ပါတီကြီး၊ ပါတီငယ်မဟူ လွှတ်တော်တွင် ပါဝင် ခွင့်ရရှိပြီး ဒီမိုကရေစီလမ်းကြောင်းကို အတူတကွ ပူးပေါင်းလျှောက်လှမ်းခွင့် ရှိသည့် နည်းလမ်းတစ်ခုဖြစ်ပါ ကြောင်း၊ ယခုကော်မရှင်ကတင်ပြ သည့် နည်းလမ်းများအနက် မဲအများဆုံးရသူ အနိုင်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ထားသည့် ရွေးကောက်ပွဲ နည်းလမ်း(၄)သည် ကမ္ဘာတွင် ကျင့်သုံးနေသည့် ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်နှင့် အလားသဏ္ဌာန်တူညီပြီး ရွေးကောက်ပွဲ စနစ်တစ်မျိုးမျိုး၏ ဆန္ဒမဲရလဒ်များ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အချိုး မညီမှုမှန်သမျှကို ကိုယ်စားလှယ် အချိုးအဆဖြင့် အစားထိုးဖြည့်ဆည်း ပေးသည့်ပုံစံဖြစ်၍ နိုင်ငံသားများ၏ ဆန္ဒနှင့် နိုင်ငံတော်၏ ပကတိ အရှိတရားအပေါ် သေချာစွာလေ့လာ သုံးသပ်ဆုံးဖြတ်ပြီးမှသာ ဆောင်ရွက် သင့်ပါကြောင်းဖြင့် ဆွေးနွေးသည်။

(သတင်းစဉ်)

ကမ္ဘာ့အမွေအနှစ်စာရင်းသို့ တစ်နှစ်လျှင် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုနှင့် သဘာဝအမွေအနှစ်တစ်ခု တင်သွင်းခွင့်ရှိ




အမျိုးသားလွှတ်တော်အစည်းအဝေး
 နေပြည်တော် အောက်တိုဘာ ၃ဝ

အမျိုးသားလွှတ်တော် (၁၁)ကြိမ် မြောက် ပုံမှန်အစည်းအဝေး(၂၆)ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီ တွင် ကျင်းပရာ မေးခွန်း(၅)ခု မေးမြန်း ဖြေကြားခြင်းနှင့် ဥပဒေကြမ်း(၁)ခု ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြ သည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးမျိုးထွန်းအောင်၏ ''ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ရန် စီမံဆောင်ရွက်ရသည့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်၊ အလားတူ ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ်များ တည်ရှိရာ နေရာများစွာ ကျန်ရှိနေခြင်းအပေါ် ဆက်လက်ဆောင်ရွက်ထားရှိမှု အခြေ အနေနှင့် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ် များအတွက် မည်ကဲ့သို့ ရည်မှန်းချက် ထား၍ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း'' မေးခွန်းနှင့် စပ်လျဉ်း၍ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က နိုင်ငံ တစ်နိုင်ငံ၏ အမွေအနှစ်တစ်ခုကို ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ် နိုင်ရန်အတွက် ၁၉၇၂ ခုနှစ် ကမ္ဘာ့ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး သဘောတူညီချက်တွင် လက်မှတ် ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ဆောင်ရွက်ရပါကြောင်း၊ ထို့နောက် မိမိတို့နိုင်ငံရှိ အမွေအနှစ်များကို ကမ္ဘာ့ အမွေအနှစ်ကော်မတီသို့ တင်သွင်းရ ပါကြောင်း၊ တစ်နှစ်လျှင် ယဉ်ကျေးမှု အမွေအနှစ်တစ်ခုနှင့် သဘာဝအမွေ အနှစ်တစ်ခု တင်သွင်းခွင့်ရှိပါကြောင်း။

တင်သွင်းမည့် အမွေအနှစ်နှင့် ပတ်သက်၍ ကာလအလိုက် အစီရင် ခံစာတင်သွင်းပြီး ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး အထောက်အပံ့ လျှောက်ထားရပါကြောင်း၊ သက်ဆိုင်ရာ အမွေအနှစ်နှင့် ပတ်သက်၍ ပြုစု ထားသော အမွေအနှစ်အမည်စာရင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ၏ဖော်ပြ ချက်၊ အမွေအနှစ်စာရင်းအတွက် အကြောင်းအကျိုးဖော်ပြချက်၊ ပြုပြင် ထိန်းသိမ်းခြင်းနှင့် ပျက်စီးစေနိုင်သော အချက်များ၊ အဆိုပြုထားသည့် ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စီမံခြင်း၊ စောင့်ကြည့်လေ့လာမှုများ၊ အထောက် အထားများ၊ ဆက်သွယ်ဆောင်ရွက်ရမည့်အဖွဲ့အစည်းနှင့် အတည်ပြု လက်မှတ်ရေးထိုးခြင်းတို့ပါဝင်သည့် စာတွဲမူကြမ်းကို ကမ္ဘာ့အမွေအနှစ် ဗဟိုသို့ တင်သွင်းရပါကြောင်း။

ယင်းမူကြမ်းစာတွဲကို ကမ္ဘာ့အမွေ အနှစ်ဗဟိုက ပဏာမလေ့လာစိစစ်၍ ဝေဖန်၊ သုံးသပ်၊ အကြံပြုချက်တို့အား သက်ဆိုင်ရာနိုင်ငံသို့ အကြောင်းကြား လာသည့်အခါ သက်ဆိုင်ရာနိုင်ငံက ပြန်လည်ပြင်ဆင်တည်းဖြတ်၍ ကမ္ဘာ့ အမွေအနှစ်ကော်မတီသို့ ပြန်လည် တင်ပြရပါကြောင်း၊ ယင်းစာတွဲကို လက်ခံပါက လက်ခံကြောင်း အကြောင်းကြားစာနှင့်အတူ မြေပြင် ကွင်းဆင်း စုံစမ်းစစ်ဆေးမှုပြုလုပ် မည်ဖြစ်ကြောင်း အသိပေးပြီး ပညာရှင်တစ်ဦး(သို့မဟုတ်)နှစ်ဦးက လာရောက်စစ်ဆေးပါကြောင်း၊ ထို့နောက် ၎င်းတို့၏ စစ်ဆေး၊ သုံးသပ် ချက်ကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည် အကြောင်းကြားပါကြောင်း။

သုံးသပ်၊ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ဇွန်လ၌ နှစ်စဉ်ကျင်းပသော ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်း အဝေးတွင် အဖွဲ့ဝင်(၂၁)နိုင်ငံမှ ဝေဖန်၊ သုံးသပ်၊ ဆွေးနွေးပြီး နောက်ဆုံး အတည်ပြုသတ်မှတ်ပါကြောင်း၊ ကမ္ဘာ့ အမွေအနှစ်ကော်မတီအဖွဲ့ဝင် (၁၇)နိုင်ငံ၏ ထောက်ခံအတည်ပြုချက်ဖြင့် ပျူရှေးဟောင်းမြို့များအား ကမ္ဘာ့ အမွေအနှစ်စာရင်းအဖြစ် သတ်မှတ် နိုင်ခဲ့ပါကြောင်း။

ထို့ပြင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်ရရှိရေးအတွက် စတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်မဖြစ်မီနှင့် ဖြစ်ပြီးနောက်တွင် စီမံခန့်ခွဲရေး ဆိုင်ရာ အပိုင်းများစွာရှိပါကြောင်း၊ ထိန်းသိမ်းမှု၊ ကာကွယ်မှု၊ Disaster Management၊ Visitor Manage- ment စသည့် သတ်မှတ်စည်းကမ်းများ နှင့်ကိုက်ညီမှုရှိရန်လိုအပ်ပြီး လိုက်နာ ရန် ကန့်သတ်ချက်များစွာရှိပါကြောင်း၊ လူနေထိုင်မှုနေရာများနှင့် ရောယှက် နေပါက ဆောင်ရွက်ရသည်မှာ ပိုမို ခက်ခဲပါကြောင်း။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ဖြစ်ရေး ဆောင်ရွက်ရာတွင် မိမိ တို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့် တက်ရန်၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သည်နှင့်အညီ အမွေအနှစ်များ ရေရှည်ကြံ့ခိုင်စေရေးအတွက် ပိုမို ထိရောက်သည့် နည်းပညာအကူအညီ၊ ငွေကြေးအကူအညီများ ပိုမိုရရှိလာ ရန်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာပြီး နိုင်ငံဝင်ငွေတိုးတက်လာရန်နှင့် ဒေသခံများ အလုပ်အကိုင်ပိုမိုရရှိရန် စသည့် ရည်မှန်းချက်များထားရှိ ဆောင်ရွက်ပါကြောင်းဖြင့် ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဖိုးဇော်၏ ''သမဝါ ယမဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တောင်သူများအား ဝိုင်းကြီးချုပ် စနစ်ဖြင့် ပုံစံ(၇)တင်ပြပြီး အတိုးနှုန်း သက်သာစွာ ချေးငွေထုတ်ပေးသကဲ့သို့ လက်လုပ်လက်စား အလုပ်သမားများ ကို ထုတ်ချေးပေးရန် အစီအစဉ် ရှိ/မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းက သမဝါယမအသေးစား အရင်းအနှီးငွေများကို ဌာနဆိုင်ရာ သမဝါယမအသင်း၊ ရပ်ကွက်၊ ကျေးရွာ သမဝါယမအသင်း၊ ဈေးသမဝါယမ အသင်း၊ အသေးစားချေးငွေ သမဝါ ယမအသင်း၊ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၊ မွေးမြူရေးလုပ်ငန်း သမဝါယမအသင်းနှင့် စက်မှုလက်မှု သမဝါယမအသင်းများသို့ ထုတ်ချေး ပေးလျက်ရှိပါကြောင်း။

လယ်ယာပိုင်ဆိုင်မှု မရှိသည့် လက်လုပ်လက်စားသမဝါယမအသင်း သားများ၊ ဆိုင်ခန်းပိုင်ဆိုင်မှု မရှိသည့် ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ၊ ရပ်ကွက်အတွင်းရှိ မိမိနေအိမ်တွင် တစ်ပိုင်တစ်နိုင် ဈေးရောင်းသူများ၊ ဆိုက်ကား၊ မြင်းလှည်းမောင်းသူတို့ အား ဆန္ဒတူသူများဖြင့် ဝိုင်းကြီးချုပ် အဖွဲ့ငယ်များ ဖွဲ့စည်းစေပြီး သမဝါ ယမအသင်းများဖွဲ့စည်း၍ ငွေစုငွေချေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

အသင်းသားတစ်ဦးချင်း ထုတ်ချေး ပေးသည့် ပမာဏမှာ အသင်းသား၏ အစု၊ စုဆောင်းငွေ၏ သုံးဆထုတ်ချေး ခြင်း၊ အသင်းသား၏ တစ်နေ့ဝင် ငွေပေါ်မူတည်ပြီး ငွေကျပ်သုံးသောင်း၊ ငါးသောင်းမှ တစ်သိန်းအထိ ထုတ်ချေး ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားအရင်းအနှီးချေးငွေကို အိမ်ထောင်စု (မိသားစု)တစ်စုလျှင် ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း၊ လေးသိန်း၊ ငါးသိန်း စသည့် နှုန်းများ အတိုင်း တိုးမြှင့်ထုတ်ချေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်းဖြင့် ဖြေကြားသည်။

အစည်းအဝေးတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ချင်း ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇုန်လှယ်ထန်းက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေတွင် ပါဝင်သည့် ဧည့်စာရင်းတိုင်သည့် ကိစ္စသည် ဒီမိုကရေစီစံချိန်စံညွှန်းနှင့် မကိုက်ညီ ပါကြောင်း၊ ယင်းဥပဒေအရ တစ်နေရာ မှ တစ်နေရာသို့ရောက်တိုင်း ဧည့် စာရင်းတိုင်ရပါကြောင်း၊ မတိုင်ပါက ပြစ်မှုကျူးလွန်ရာ ရောက်ပါကြောင်း၊ ဧည့်စာရင်းမတိုင်မိ၍ ထောင်ကျခဲ့ရ သူများရှိပါကြောင်း၊ အခြားနိုင်ငံများ တွင် ဧည့်စာရင်းတိုင်သည့်စနစ် မရှိတော့သည်ကို သိရှိရပါကြောင်း၊ ပြည်သူများ နေရင်းထိုင်ရင်း ပြစ်မှု ကျူးလွန်သူအဖြစ် ရောက်စေသည့် ပုဒ်မဖြစ်နေပါကြောင်း၊ ထို့ကြောင့် ယင်းပုဒ်မသည် မလိုအပ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

ယင်းဆွေးနွေးချက်နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်မည်ဖြစ်သည်။

အမျိုးသားလွှတ်တော် (၁၁)ကြိမ် မြောက်ပုံမှန်အစည်းအဝေး (၂၇)ရက် မြောက်နေ့ကို နိုဝင်ဘာ ၁ဝ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် အီးအာရ်အိုင်အေမှ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဆွေးနွေး




နေပြည်တော် အောက်တိုဘာ ၃ဝ

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန (အီးအာရ်အိုင်အေ)အမှုဆောင် ဒါရိုက်တာ ပရော်ဖက်ဆာ ဟိဒဲတိုရှိ နိရှိမူရာနှင့် ဟားဗတ်တက္ကသိုလ်မှ တာဝန်ရှိသူများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးဟံစိန်၊ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ''အာဆီယံစီးပွားရေးအသိုက်အဝန်း အကျိုးစီးပွားမြှင့်တင်ခြင်းမှသည် ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ'' ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် မြန်မာ-အီးအာရ်အိုင်အေ-ဟားဗတ်ဆွေးနွေးပွဲရလဒ်များ၊ မူဝါဒရေးရာ ထောက်ခံတင်ပြချက်များ၊ ဒေသတွင်းနိုင်ငံများ၏ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း များအတွက် အာဆီယံစီးပွားရေးအသိုက်အဝန်း၏ အထောက်အကူပြုမှု အမြင့်မားဆုံးရရှိရေး လေ့လာသုံး သပ်ချက်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် အီးအာရ်အိုင်အေမှ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ (သတင်းစဉ်)

ရန်ကုန်သူနာပြုသင်တန်းကျောင်း၌ သူနာပြု/သားဖွားဒီပလိုမာပေးအပ်




ရန်ကုန် အောက်တိုဘာ ၃ဝ

ပထမအကြိမ် သူနာပြု / သားဖွား ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံပညာဦးစီးဌာန ရန်ကုန် သူနာပြုသင်တန်းကျောင်း၌ ကျင်းပရာ ၂ဝ၁၃-၂ဝ၁၄ ပညာသင် နှစ်တွင် သူနာပြု / သားဖွားဒီပလိုမာ လက်မှတ်ရစာမေးပွဲကို ပေါက်မြောက်အောင်မြင်ခဲ့သော အပတ်စဉ် (၃၇)မှ သူနာပြု / သားဖွားဒီပလိုမာ မောင်/ မယ် ၉၆ ဦးအား ဒီပလိုမာလက်မှတ်ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

''ရန်ကုန် သူနာပြုသင်တန်းကျောင်းဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၁၈၇၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အမိနိုင်ငံရဲ့ ပထမဆုံးသောသူနာပြုသင်တန်းကျောင်းပဲဖြစ်ပါတယ်။ သင်တန်းကာလအနေနဲ့သုံးနှစ် ဒီပလိုမာသင်တန်းများကိုစတင် ဖွင့်လှစ်နိုင်ခဲ့တာက ၁၉၂၁ ခုနှစ်မှာပဲ ဖြစ်ပါတယ်။ ယခု ၂ဝ၁၃-၂ဝ၁၄ ပညာ သင်နှစ်အထိ လေ့ကျင့်သင်ကြားပေးပြီးသူ စုစုပေါင်း ၆၁၉၁ ဦးရှိပြီးဖြစ်ပါ တယ်''ဟု ရန်ကုန် သူနာပြုသင်တန်းကျောင်း၏ ကျောင်းအုပ်ဒေါ်မိုးသီတာက ပြောကြားသည်။

ယခုအခါ သူနာပြုပညာရေးအနေဖြင့် ဒီပလိုမာမှသည် သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုဘွဲ့လွန်သင်တန်းများကို သူနာပြုတက္ကသိုလ်တွင် ဆက်လက်ဆည်းပူးနိုင်သည့်အပြင် သူနာပြုပါရဂူဘွဲ့သင်တန်းများကိုပါ နိုင်ငံတကာတက္ကသိုလ်များနှင့်ချိတ်ဆက်ပြီး ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းများရရှိနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်သူနာပြုသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းမှာ သူနာပြု /သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းဖြစ်ပြီး ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်တန်းအောင်အမှတ် (မြန်မာ၊ အင်္ဂလိပ်၊သင်္ချာ) သုံးဘာသာ ပေါင်းအမှတ်စာရင်းဖြင့် ရွေးချယ်ခေါ်ယူ၍ ပညာသင်ထောက်ပံ့ကြေးတစ်ဦးလျှင် တစ်လကျပ်တစ်သောင်း ခွဲထောက်ပံ့ပေးသည့်အပြင် သင်တန်းဆင်းလျှင် သူနာပြုများအဖြစ်တာဝန်ထမ်းဆောင်နိုင်ပြီး သတ်မှတ်စာမေးပွဲများ ဖြေဆိုအောင်မြင်ပါကလည်း သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)သင်တန်းကို သူနာပြုတက္ကသိုလ်တွင် တက်ရောက်နိုင်ကြောင်း ကျောင်းအုပ် ဒေါ်မိုးသီတာက ပြောပြခဲ့သည်။

သတင်း-မင်းခန့်စိုး(ကြေးမုံ)
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဒိန်းမတ်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ




နေပြည်တော် အောက်တိုဘာ ၃ဝ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E.Mr.Peter Lysholt Hansen အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။ (သတင်းစဉ်)

ဂျေရုဆလင် လူနေအိမ်တည်ဆောက်မှု အစ္စရေးကို လုံခြုံရေးကောင်စီတွင် ပြင်းထန်စွာဝေဖန်




နယူးယောက် အောက်တိုဘာ ၃ဝ

သိမ်းပိုက်ထားသည့် အရှေ့ဂျေရု ဆလင်၌ လူနေအိမ်များတည်ဆောက်ရန် အစီအစဉ်များနှင့် ပတ်သက်၍ အစ္စရေး နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြင်းထန်စွာဝေဖန်ခြင်းခံရကြောင်း ယနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။

ယင်းသို့ အခြေချနေထိုင်ခြင်းများသည် ပါလက်စတိုင်းနှင့် ကာလရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် အစ္စရေး နိုင်ငံ၏ အစီအစဉ်များအပေါ် သံသယ ကြီးမားလာစေကြောင်းကုလသမဂ္ဂနိုင်ငံရေး အကြီးအကဲ ဂျက်ဖရေဖက်မန်းက ပြော ကြားသည်။

အစ္စရေးဝန်ကြီးချုပ်က အဆောက် အအုံ ၁ဝဝဝ ဆောက်လုပ်ရေး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရန် အမိန့်ပေးပြီးနောက် အဆိုပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဂျူးအခြေချ နေထိုင်ခြင်းနှင့် ဂျေရု ဆလင်သည် အစ္စရေးနှင့် ပါလက်စတိုင်း တို့အကြား ရန်မီးပွားဖွယ်ရာ အဖြစ်ဆုံး ပြဿနာတို့တွင် ပါဝင်သည်။

အစ္စရေးက ပါလက်စတိုင်းနယ်မြေ အတွင်း၌ တိုး၍ အခြေချနေထိုင်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ် သည်ဟု ဖက်မန်းက ပြောသည်။

အစ္စရေး၏ အရင်းနှီးဆုံးမိတ်ဆွေ အမေရိကန်ပြည်ထောင်စုက အစ္စရေး၏ အပြုအမူသည် ရန်စမှုဖြစ်သည်ဟု ခေါ်ဆို လိုက်ပြီး အလွန်စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။

ဘီဘီစီ။

ကြေးမုံ စာတည်းရှုထောင့်



အကျိုးကြီးမားသောရေ  

''ရေအသက်တစ်မနက်၊ ထမင်းအသက်ခုနစ်ရက်''ဟုဆိုကြသည်။ ရေ၏အကျိုးကြီးမားပုံကို တင်စားပြောဆိုကြခြင်းဖြစ်သည်။ ရေသည် လူသားများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် နိစ္စဓူဝမဖြစ်မနေအသုံးပြု နေရသော ပစ္စည်းဖြစ်သည်။ လူတို့သန့်ရှင်းစင်ကြယ်စေရန်အတွက် သုံးရေကို အသုံးပြုကြသလို လူတို့ကျန်းမာရေးအတွက် သန့်ရှင်းသောသောက်သုံးရေလည်း သုံးစွဲရပါသည်။

ထိုသို့ အကျိုးများသောရေသည် လူတို့အတွက် တန်ဖိုးကြီးမားသော်လည်း ထိုရေကို လူတို့အလေးဂရုမပြုမိချေ။ သင့်သလိုသုံးစွဲနေကြသည်ကများသည်။ မကြာသေးမီက အညာဒေသ ကျေးလက်တစ်နေရာတွင် အာဆင်းနစ်ဓာတ်များသောရေကို သောက်သုံးမိ၍ ကျေးရွာနေပြည်သူများ ကျန်းမာရေးထိခိုက်ခဲ့ရကြောင်း ကြားသိလိုက်ရပေသည်။

မည်သည့်ရေမဆို ကျန်းမာရေးအတွက် သုံးရေထက် သောက်ရေက ပို၍အရေးကြီးသည်။ သန့်ရှင်းသော သောက်သုံးရေဖြစ်ကြောင်း သတိမူမိ ရန်လိုမည်။ ရေရှားပါးသော ရပ်ဝန်းများတွင် ရရာရေကို သုံးစွဲကြမည်မှာ ဓမ္မတာဖြစ်မည်။ ထိုအရပ်ရှိရေမှာ သန့်ရှင်းမှုမရှိပါက နားလည်တတ်ကျွမ်းသူတို့ကို အသိပေးရပေလိမ့်မည်။ ထိုနားလည်သိရှိသူတို့ကလည်း သက်ဆိုင်ရာ သို့အသိပေး၍ ဝိုင်းဝန်းအဖြေရှာကြရပေလိမ့်မည်

အချို့ရေပေါများသောနေရာအချို့၌မူ ရေကိုဖောဖောသီသီသုံးစွဲကြသဖြင့် တန်ဖိုးကြီးမားသောရေများ အဟောသိကံဖြစ်နေကြရသည်ကိုလည်း တွေ့မြင်နေရသည်။ ရေကိုထိရောက်စွာ အသုံးချနိုင်စေရန် နားမလည်၍သော်လည်းကောင်း၊ ငွေကြေးနှင့်နည်းပညာအင်အား မတတ်နိုင်သဖြင့် အသုံးမချနိုင်၍ သော်လည်းကောင်း ရှိပေလိမ့်မည်။ 

မြန်မာနိုင်ငံအနေဖြင့် မိုးနည်းရေရှား ရပ်ဝန်းဒေသများမှလွဲ၍ ကျန်ဒေသများတွင် သောက်ရေသုံးရေ ပေါများလှသည်။ မိုးနည်းရေရှားဒေသများတွင်ပင် ယခုအခါ နိုင်ငံတော်၏ စေတနာရှေ့ထားဆောင်ရွက်ပေးမှုများကြောင့် မြေအောက်ရေများ ရရှိနေပြီဖြစ်သည်။ အကျိုးများသောရေကို တန်ဖိုးရှိရှိ အသုံးချတတ်ဖို့သာ လိုရင်းဖြစ်သည်။

မကြာသေးမီရက်ပိုင်းအတွင်းက နေပြည်တော်တွင် အမျိုးသားအဆင့် ရေညီလာခံကြီးကို ကျင်းပခဲ့သည်။ ထိုရေညီလာခံမှ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ သက်ဆိုင်ရာဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပေါင်းစပ်ညှိနှိုင်းအဖြေရှာနိုင်မှုကြောင့် ရေနှင့်ပတ်သက်သည့် တန်ဖိုးမဖြတ်နိုင်သော အကျိုးရလဒ်များ ဖော်ထုတ်နိုင်ခဲ့သည်။ ထိုရလဒ်များကို လိုနေသောနေရာများသို့ မျှဝေပေးနိုင်လိမ့်မည်။ သက်ဆိုင်သူများနှင့် စေတနာရှင်များက ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။

လက်ငင်းလိုအပ်ချက်မှာ ရေလိုသောနေရာများတွင် ရေဖြည့်ဆည်းပေးနိုင်ရေး၊ ရေပေါသောနေရာများတွင် ရေစွမ်းအင်ကို ထိထိရောက်ရောက် အသုံးချနိုင်ရေးနှင့် ကျေးလက်များတွင် သန့်ရှင်းသော သောက်သုံးရေကို အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းအဖြေရှာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်း အားထုတ်ကြရပေလိမ့်မည်။ 

ရေညီလာခံတွင် မြန်မာနိုင်ငံ၌ သောက်သုံးရေ အရည်အသွေး သတ်မှတ်ချက်အား အမြန်ဆုံးထုတ်ပြန်နိုင်ရန်၊ ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ကျွမ်းကျင်သူပညာရှင်အဖွဲ့ဝင်များပါ ပေါင်းစပ်စုစည်းပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပေးရန်နှင့် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများပါဝင်သည့် ဘက်စုံအချက်အလက် စုဆောင်းထားရှိသော အခြေခံစနစ်တည်ထောင်ရန်မူတို့ကို ချမှတ်နိုင်ခဲ့သဖြင့် ရေနှင့်ပတ်သက်၍ အဖိုးတန်သော အကျိုးရလဒ်ကောင်းများ ရရှိလာသည်။

သို့ဖြစ်ရာ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ရေကိုအဆင့်မြင့်မြင့် စစ်ဆေးနိုင်ရေးအတွက် ရရှိထားသော အခွင့်အလမ်းကောင်းများကို အသုံးချပြီး ကျေးလက်နေပြည်သူများ ကျန်းမာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ။

ကြေးမုံ ကာတွန်း(31.10.2014)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် အီးအာရ်အိုင်အေမှ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဆွေးနွေး




 နေပြည်တော် အောက်တိုဘာ ၃ဝ

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန (အီးအာရ်အိုင်အေ)အမှုဆောင် ဒါရိုက်တာ ပရော်ဖက်ဆာ ဟိဒဲတိုရှိ နိရှိမူရာနှင့် ဟားဗတ်တက္ကသိုလ်မှ တာဝန်ရှိသူများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးဟံစိန်၊ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ''အာဆီယံစီးပွားရေးအသိုက်အဝန်း အကျိုးစီးပွားမြှင့်တင်ခြင်းမှသည် ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ'' ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် မြန်မာ-အီးအာရ်အိုင်အေ-ဟားဗတ်ဆွေးနွေးပွဲရလဒ်များ၊ မူဝါဒရေးရာ ထောက်ခံတင်ပြချက်များ၊ ဒေသတွင်းနိုင်ငံများ၏ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း များအတွက် အာဆီယံစီးပွားရေးအသိုက်အဝန်း၏ အထောက်အကူပြုမှု အမြင့်မားဆုံးရရှိရေး လေ့လာသုံး သပ်ချက်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် အီးအာရ်အိုင်အေမှ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

(သတင်းစဉ်)

Thursday, October 30, 2014

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းတည်ဆောက်ရန် တင်ဒါအောင်မြင်




မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရေမြေတောတောင်သဘာဝများက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်လျက်ရှိနေပါသည်။ ပြည်ပဧည့်သည်များ ဝင်ရောက်မှုများလာသည်နှင့်အတူ ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းများ၊ ဧည့်လမ်းညွှန်များစသည်တို့ ပိုမိုတိုးပွားလာကာ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာခဲ့ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းကလည်း အထောက်အကူပြုလျက်ရှိသည်။ 

 လက်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုထပ်မံတိုးချဲ့တည်ဆောက်ရန် မြေနေရာအခက်အခဲရှိသည့်အတွက် အနာဂတ်ကာလတွင် နိုင်ငံတကာအဆင့်မီ လေဆိပ်အသစ် တစ်ခုလိုအပ်လာပါသဖြင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကျောက်တိုင် ကန်ကျေးရွာအနီး မြေအကျယ်အဝန်း ဧက ၆၉၆ဝ တွင် ကနဦး တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ကိုင်တွယ်နိုင်သည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်တည်ဆောက်ရန် ရည်ရွယ်၍ ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံမည့်လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူခဲ့သည်။ 

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းတင်ဒါခေါ်ယူခြင်းနှင့်စပ်လျဉ်း၍ ယနေ့ နံနက် ၁ဝ နာရီခွဲက ရန်ကုန်မြို့ လေကြောင်းပညာသိပံ္ပကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ရှင်းလင်းပြောကြားရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် လေယာဉ်ပြေးလမ်း၊ အလေးဝန်ခံနိုင်မှုနှင့်တိုးချဲ့ရန် မြေနေရာကန့်သတ်ချက်များရှိပြီး တိုးတက်များပြားလာသော လေကြောင်းခရီးစဉ်များနှင့်ခေတ်မီလေယာဉ်ကြီးများဆင်းသက်နိုင်ရန် လုံလောက်မှုမရှိတော့သဖြင့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်တစ်ခုတည်ဆောက်ရန် မြေနေရာရှာဖွေခဲ့ရာ ရန်ကုန်မြို့နှင့်အနီးဆုံးတွင်တည်ရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လေယာဉ်ဆင်းသက်မှုကို ထိခိုက်မှုမရှိစေသော နေရာ ၁ဝ နေရာအား ရှာဖွေခဲ့ပြီး ဦးစားပေးရွေးချယ်ခဲ့သောနေရာမှာ ရန်ကုန်မြို့မှ မိုင် ၅ဝ အတွင်းရှိ ပဲခူးမြို့အရှေ့ဘက် ကျောက်တိုင်ကန်ကျေးရွာအနီးရှိ ဂျပန်ခေတ်လေယာဉ်ကွင်းဟောင်းနေရာအား ရွေးချယ်ခဲ့သည်ဟု ဆိုသည်။ 

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအး ၁၉၉၇ ခုနှစ် မတ်၂၁ ရက်တွင် ပန္နက်တင်အခမ်းအနားပြုလုပ်၍ လုပ်ငန်းစတင်ခဲ့ပြီး တည်ဆောက်မှုလုပ်ငန်းကို နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း၊ လေယာဉ်ပြေးလမ်း၊ လေယာဉ်သွားလမ်း၊ လေယာဉ်ရပ်နားနေရာ၊ ရေနုတ်မြောင်း၊ လေဆိပ်ချဉ်းကပ်လမ်း၊ လေဆိပ်ခြံစည်းရိုး၊ မီးသတ်အဆောက်အအုံ၊ လေကြောင်းလမ်းညွှန်စက်များနှင့်လေယာဉ်ပြေးလမ်း၊ လျှပ်စစ်မီးတို့၏ အခြေခံဖောင်ဒေးရှင်းတည်ဆောက်ရေးလုပ်ငန်းများကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ကြောင်း၊ လေဆိပ်အဆောက်အအုံနှင့် အခြားဆက်စပ်လုပ်ငန်းများကို Archon &Inter-Regional Investment Limited Joint Venture(A&IJV) ဖြင့်ဆောင်ရွက်ရန် ၂ဝဝဝ ပြည့်နှစ် စက်တင်ဘာလ ၂၈ ရက်တွင် လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ Archon Co.,Ltd. အနေဖြင့် ကန်ထရိုက်စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ၄၅ ရက်အတွင်း ပေးသွင်းရမည့် Performance Bank Guaranitee အမေရိကန်ဒေါ်လာ ၈ သန်းပေးသွင်းဆောင်ရွက်ရာတွင် အခက်အခဲရှိခဲ့ကြောင်း၊ အချိန်ပေးစောင့်ဆိုင်းခဲ့သော်လည်း တည်ဆောက်ရေးကန်ထရိုက်ထံမှ ငွေပေးငွေသွင်းနိုင်မှုမရှိခြင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိခြင်းတို့ကြောင့်
၁၈.၅.၂ဝဝဝ တွင် များအားလုံးအား ၁၇-၁ဝ-၂ဝ၁၃ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းခဲ့ကြောင်း ရပ်ဆိုင်းထားခဲ့သည့်စီမံကိန်းအား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်၍ ပုဂ္ဂလိကပါဝင်မှု (PPP) ဖြင့် တင်ဒါခေါ်ယူရာ လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနနှင့် အတိုင်ပင်ခံ Nippon Koei Co.,Ltd.တို့သည် ပဏာမအရည်အချင်းစစ် အောင်မြင်သည့်အဖွဲ့များသို့ Tender Documents (Request for Proposal) များ ထုတ်ပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း ၂၇-၅-၂ဝ၁၃ ရက်နေ့တွင် Tender Documents များ နောက်ဆုံးထားတင်ပြရန် သတ်မှတ်ထားသည်။ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက်ပဏာမအရည်အချင်း စစ်အောင်မြင်သည့်အဖွဲ့ ခုနစ်ဖွဲ့နှင့် Tender Documents ထုတ်ယူသည့်အဖွဲ့ ခုနစ်ဖွဲ့ရှိသော်လည်း Tender Documents ကို အဖွဲ့လေးဖွဲ့ကသာ ပြန်လည်တင်ပြလာကြောင်း တင်ဒါစိစစ်ရေးအဖွဲ့ ပဏာမစစ်ဆေးချက်များ အရ ၁ဝ-၈-၂ဝ၁၃ ရက်နေ့တွင် အောင်မြင်ခဲ့သော Inchon Airport Consortium နှင့် အရန်ဖြစ်သောYongnam CAPE-JGC Consortium တို့အား ရွေးချယ်ခဲ့ကြောင်း၊ တင်ဒါအောင်မြင်ခဲ့သော Inchon Airport Consortium နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးမှု ခြောက်ကြိမ်ပြုလုပ်ပြီးနောက် တင်ဒါလိုလားချက်
Request for Porposal နှင့် ကွဲလွဲခြင်း၊ ငွေကြေးဆိုင်ရာအာမခံချက်ပေးရန် တောင်းဆိုခြင်း၊ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်အား ထိန်းချုပ်ကန့်သတ်စေခြင်း စသည့်အချက်များကြောင့် ညှိနှိုင်းဆွေးနွေးမှုအား နှစ်ဦးနှစ်ဖက်သဘော တူညီမှုဖြင့် ၁၅-၁-၂ဝ၁၄ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

 အရန်ဖြစ်သောYongnam CAPE-JGC Consortium အား ဖိတ်ခေါ်၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီနှင့်Yongnam CAPE-JGC Consortiumအဖွဲ့တို့အကြား ညှိနှိုင်းဆွေးနွေးရာတွင် ODA ဖြင့် လုပ်ငန်းအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ကော်မတီအနေဖြင့် အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ မူသဘောထားများရယူမည်ဖြစ်ပါသောကြောင့် ညှိနှိုင်းဆွေးနွေးမှုအား ခေတ္တရပ်ဆိုင်းရန် နှစ်ဦးနှစ်ဖက်သဘောတူခဲ့ကြောင်း၊ စီမံကိန်းတန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းထက်မကျော်လွန်သောODA ရယူဆောင်ရွက်ခွင့်ပြုရန် Request for Proposalူ ၌ ပြင်ဆင်ခွင့်တင်ပြရရှိခဲ့ကြောင်း ၂၁-၂-၂ဝ၁၄ တွင် လေဆိပ်စီမံကိန်းအတွက် Short List ဖြစ်သော ယခင်တင်ဒါတင်သွင်းခဲ့သည့် အဖွဲ့လေးဖွဲ့အား စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံရာတွင် စီမံကိန်းတန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းထက်မများသော ODA ချေးငွေရယူဆောင်ရွက်နိုင်ကြောင်းနှင့် Reviset Proposal အား ၂၂-၄-၂ဝ၁၄ နောက်ဆုံးထား၍ ပြန်လည်တင်ပြရန်အကြောင်းကြားခဲ့ရာ Inchon Airport Consortium နှင့် Yangnam CAPE-JGC Consortium တို့က ပြန်လည်တင်ပြခဲ့ကြောင်း၊ အဆိုပါ အဖွဲ့နှစ်ဖွဲ့၏ တင်ပြချက်အပေါ် လေ့လာသုံးသပ်ချက်အရ
Yangnam CAPE-JGC Consortium ၏ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ငွေကြေးရရှိမှုစီစဉ်ပြီး ဖြစ်နိုင်ချေရှိခြင်းနှင့် မြန်မာနိုင်ငံအစိုးရထံမှ Government Guarantee မတောင်းဆိုသည့်အတွက်တို့ကြောင့် စီမံကိန်းဆောင်ရွက်ရန်ဖြစ်နိုင်ချေရှိကြောင်း သုံးသပ်တွေ့ရှိရ၍ ကော်မတီမှ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းတည်ဆောက်ရန် အောင်မြင်သောတင်ဒါ ရှင်အဖြစ် Yangnam CAPE-JGC Consortium အား ရွေးချယ်ခဲ့ကြောင်း၊ ဆက်လက်၍ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်Yangnam CAPE-JGC Consortium နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 သတင်းမှတ်စု-စိုးစိုးနိုင်(ကြေးမုံ)
ဓာတ်ပုံ-ဇာဏီ(ကြေးမုံ)

တီဘီရောဂါတိုက်ဖျက်ရေး ကွင်းဆင်းစစ်ဆေးပညာပေး




နေပြည်တော် အောက်တိုဘာ ၂၉

 ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားတီဘီတိုက်ဖျက်ရေးစီမံကိန်းနှင့် Global Fund တို့က ပူးပေါင်းဆောင်ရွက်သော တီဘီလူနာကွင်းဆင်း ရှာဖွေရေး လှုပ်ရှားမှုအစီအစဉ်ကို နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 နေပြည်တော် ကောင်စီနယ်မြေ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှလှကြည်နှင့် ပျဉ်းမနားမြို့နယ် တီဘီတိုက်ဖျက်ရေးအဖွဲ့၊ဇေယျာသီရိ မြို့နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာသီတာဝင်းနှင့် ကျန်းမာရေးဝန်ထမ်းအင်အား ၂ဝ ပါဝင်သော တီဘီရောဂါတိုက်ဖျက် ရေးအဖွဲ့သည် ဇေယျာသီရိမြို့နယ်အတွင်း ပြည်စံအောင်၊ ခေတ်အေး၊ နန်းသြ အစရှိသော ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာမှ ဒေသခံပြည်သူများကို တီဘီရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ တီဘီရောဂါရှာဖွေရေးအတွက် သလိပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်စစ်ဆေး ခြင်းများကိုပြုလုပ်၍ ရောဂါတွေ့ရှိ သူများအား ရောဂါပျောက်ကင်းသည်အထိ အခမဲ့ကုသနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

တီဘီရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ ဒေသခံ ၁ဝ၄ ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဒေသခံများကို တီဘီရောဂါ ရှာဖွေစစ်ဆေးပေးခဲ့သည်။ ဇေယျာသီရိမြို့နယ်အတွင်း ကျန်ရှိနေသေးသော ကျေးရွာများသို့လည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုကိုနေ
ဓာတ်ပုံ - အောင်ကျော်ဝင်း

သီရိလင်္ကာ၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုများဖြစ်ပွား လူ ၁ဝ ဦးသေဆုံးပြီး ၃ဝဝ ခန့်ပျောက်ဆုံးနေ




ကိုလံဘို အောက်တိုဘာ ၂၉

 သီရိလင်္ကာနိုင်ငံအလယ်ပိုင်းဒေသတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၁ဝ ဦးထက်မနည်းသေဆုံးပြီး ရာနှင့်ချီသောလူများ ပျောက်ဆုံးခဲ့ကြောင်း သီရိလင်္ကာ သဘာဝဘေးဒုက္ခသည်အရေးဆိုင်ရာ တာဝန်ရှိသူများက ယနေ့ပြောကြားကြောင်း ဒေသဆိုင်ရာသတင်းများ၌ ဖော်ပြသည်။

မုတ်သုံမိုးများသည်းထန်စွာရွာသွန်းပြီးနောက်
တွင် အဆိုပါမြေပြိုမှုများဖြစ်ပွားခဲ့ရာ ဘာဒူလာခရိုင်၌ လူနေအိမ်ခြေ ၁၄ဝ ခန့် မြေဖုံးလွှမ်းမှုခံရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 သီရိလင်္ကာလုံခြုံရေးတပ်ဖွဲ့များက အဆိုပါဒေသတွင်း၌ ပြောင်းရွှေ့ရေးနှင့် ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

 လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းက စတင်ခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားစဉ်ကတည်းက ရွှံ့နွံများပြိုကျမည့်ဘေးကျရောက်နိုင်ကြောင်း သတိပေးချက်များထုတ်ပြန်ခဲ့သည်။

 သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုနှင့်ကီလိုမီတာ ၂ဝဝ (၁၂ဝ မိုင်)ရှိ လက်ဖက်အဓိကစိုက်ပျိုးရာ မာရီယာဘက်ဒါဒေသ၌ မြေပြိုမှုများ အောက်တိုဘာ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ဖြစ်ပွားခဲ့သည်။ယင်းမြေပြိုမှုကြောင့် လူ ၁ဝ ဦးသေဆုံးပြီး ၃ဝဝ ခန့် ပျောက်ဆုံးနေကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

(ဆင်ဟွာ)

ကိုဘာနီမြို့ ကာကွယ်ရေးအတွက် ဆီးရီးယားမှ တပ်ဖွဲ့ဝင်နှစ်ရာကျော် စစ်ကူရောက်ရှိ




ကိုဘာနီ အောက်တိုဘာ ၂၉

 ဆီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသနယ်ခြားမြို့ ကိုဘာနီအား အိုင်အက်စ်တပ်ဖွဲ့များလက်အောက်သို့ မကျရောက်စေရေးအတွက် ခုခံတိုက်ခိုက်နေသည့် ကာဒစ်တပ်ဖွဲ့ဝင်များအား အကူအညီပေးရန် ဆီးရီးယားမှတပ်ဖွဲ့ဝင် ၂ဝဝ ကျော် အဆိုပါမြို့သို့ ရောက်ရှိလာကြောင်း ယနေ့ဘီဘီစီ သတင်းတွင်ဖော်ပြသည်။ 

 လွတ်လပ်သော ဆီးရီးယားတပ်မတော် (အက်ဖ် အက်စ်အေ)အမည်ရှိ အဆိုပါတပ်ဖွဲ့၏တပ်မှူးက ၎င်းတို့အားလုံး အလံတော်တစ်ခုတည်းအောက်တွင် တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့မှာ အနောက်အုပ်စု၏ အားပေးထောက်ခံမှုရရှိနေသည့် အဖွဲ့လည်းဖြစ်သည်။ 

တပ်ဖွဲ့ဝင်အင်အား ၁၅ဝ ခန့်ပါဝင်သော ကာဒစ်တပ်ဖွဲ့ တိုက်ခိုက်ရေးသမားများ တူရကီနိုင်ငံတွင် ရောက်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ဆီးရီးယားသူပုန်များ ကိုဘာနီသို့ရောက်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။ နိုင်ငံစုံပါဝင်သော တပ်ဖွဲ့တစ်ဖွဲ့သည် အီရတ်နိုင်ငံတွင်းမှ တူရကီနိုင်ငံအရှေ့တောင်ပိုင်းဆီသို့ ဦးတည်လာနေပြီး ယင်းတို့ ထဲ၌ လက်နက်ကြီးများနှင့်မြေပြင်သွားယာဉ်များ ပါဝင်သည်ဟုဆိုသည်။ 

 ကိုဘာနီမြို့ အိုင်အက်စ်လက်တွင်းမကျရောက်ရေးအတွက် နိုင်ငံတကာမှ ဖိအားပေးမှုများဖြစ်ပေါ်နေစဉ် ယင်းဖြစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး ယင်းသို့တပ်ဖွဲ့များဖြန့်ကြက်ခြင်းကို တူရကီအစိုးရက လွန်ခဲ့သောရက်သတ္တပတ်အတွင်းက သဘောတူညီခဲ့သည်။

(ဘီဘီစီ)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း


 


 နေပြည်တော် အောက်တိုဘာ ၂၉

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ သာသနာ့ဗိမာန်တော်ကြီး ၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

 အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးÓဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် သာသနာ့ဗိမာန်တော်ကြီး ရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းတို့ကို ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာ ဘိဝံသထံမှ နိုင်ငံတော် သမ္မတနှင့်ဇနီးတို့ အမှူးပြုသော ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူ သည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အား လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီး ဇမ္ဗူသီရိမြို့နယ် နန်းဦးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥဇ္ဇောတထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းတို့ကို ဆက်ကပ် လှူဒါန်းသည်။

 ဆက်လက်၍ ဒုတိယသမ္မတများနှင့် တက်ရောက်လာကြသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။

 ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ ဓမ္မပါရဂူပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တအရိယာ လင်္ကာရထံမှ ပရိသတ်များ က ကထိန်အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

 အခမ်းအနားအပြီးတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များအား နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

(သတင်းစဉ်)

လူမဲ့အမေရိကန်ဒုံးယာဉ် ပစ်လွှတ်ပြီးနောက်ပေါက်ကွဲ




ဝါရှင်တန် အောက်တိုဘာ ၂၉

 နိုင်ငံတကာအာကာသစခန်းသို့ ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်သည့် လူလိုက်ပါခြင်းမရှိသော ဒုံးယာဉ်သည် အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှ ပစ်လွှတ်ပြီးမကြာမီ ပေါက်ကွဲသွားကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။

 အော်ဘီတဲလ်ဆိုင်းယင့်စစ်ကော်ပိုရေးရှင်းက တည်ဆောက်သည့် အန်တရက်(စ်)သည် ပင်လယ်ကမ်းခြေရှိ ပစ်လွှတ်စင်မှပစ်လွှတ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် မီးလောင်သွားခြင်းဖြစ်သည်။

မည်သည့် ချွတ်ယွင်းချက်ကြောင့် ယင်းသို့ပေါက် ကွဲရခြင်းဖြစ်သည်ကို ယခုထက်တိုင် မသိရှိရသေးပေ။

မူလအစီအစဉ်မှာ တနင်္လာနေ့တွင် အဆိုပါယာဉ်ကိုပစ်လွှတ်ရန်ဖြစ်သော်လည်း ပတ်ဝန်းကျင်အန္တရာယ်ဇုန်အတွင်းရှိ ရွက်လှေတစ်စင်းကြောင့် နှောင့်နှေးကြန့်ကြာ ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အာကာသယာဉ်သည် နိုင်ငံတကာအာကာသစခန်း၌ရှိသော အာကာသယာဉ်မှူးခြောက်ဦးအတွက် ထောက်ပံ့ရေးပစ္စည်း အလေးချိန်ပေါင် ၅ဝဝဝ နီးပါးကို သယ်ဆောင်သွားရန်ဖြစ်သည်။ 

 ယင်းတို့အနက် ဥက္ကာပျံများလေ့လာရန်နှင့်လူသားဦးနှောက်သို့ သွေးစီးဆင်းပုံကို စမ်းသပ်ရန်လိုအပ်သော ကိရိယာများပါဝင်သည်။

ယာဉ်ပေါ်၌ အသင့်စားသုံးနိုင်သော စားသောက်ဖွယ်ရာအထုပ်များနှင့်အခြောက်ခံထားသော ကဏန်း၊ ကိတ်မုန့်များပါရှိကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါဖြစ်စဉ်တွင်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးရေးအဖွဲ့က အချက်အလက်များကို စိစစ်လေ့လာလျက်ရှိကြောင်း အော်ဘီတဲလ်ဆိုင်ယင့်စစ်ကော်ပိုရေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဖရန့်ကားလ်ဘတ်ဆန်က ပြောသည်။

 (ဘီဘီစီ)

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


 


နေပြည်တော် အောက်တိုဘာ ၂၉

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်ဥက္ကဋ္ဌ မစ္စတာလိရော့ကူး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော်စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ပြည်သူ့လွှတ်တော်ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှု လက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ အမျိုးသားလွှတ်တော်ရေးရာကော်မတီများနှင့် လွှတ်တော် အုပ်ချုပ်မှု မူဝါဒဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေ၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအတွင်းရေးမှူး ဦးမောင်တိုး၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၊ ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဒေါက်တာဝင်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှု လက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းဦး၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင် မောင်ထွန်းနှင့် ဒေါ်အေးအေးမူ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

(သတင်းစဉ်)

မြန်မာနိုင်ငံအား ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် နည်းပညာဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေး




 နေပြည်တော် အောက်တိုဘာ ၂၉

 သမ္မတရုံးဝန်ကြီးဌာန(၅) ပြည် ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းသည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုညီလာခံ (UNCTAD)အတွင်းရေးမှူးချုပ် မစ္စတာ မူခီဆာကီတူရီအား နိုင်ငံတော်သမ္မတရုံး သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

 တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး၊ လူမှု/စီးပွား၊ အုပ်ချုပ်ရေး နှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တစ်ဦးကျဝင်ငွေ ဆိုင်ရာစံနှုန်း၊ လူသားအရင်းအနှီး ဆိုင်ရာစံနှုန်းနှင့် စီးပွားရေးထိခိုက် နစ်နာလွယ်မှုဆိုင်ရာ စံနှုန်းတို့ကို UNCTAD ၏မူဝါဒစည်းမျဉ်းများ အတိုင်း တွက်ချက်ဆောင်ရွက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီ ပေးရေးကိစ္စရပ်များအား ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

ဖျာပုံတံတားကြီး၏ လူသွားစင်္ကြံလက်ရန်းသံတန်းများပြုတ်ထွက်နေမှုကို အမြန်ဆုံးပြုပြင်ပေးရန်လို

Photo: ထင်သာမြင်သာ ပြုပြင်စရာ
===============

ဖျာပုံတံတားကြီး၏ လူသွားစင်္ကြံလက်ရန်းသံတန်းများပြုတ်ထွက်နေမှုကို အမြန်ဆုံးပြုပြင်ပေးရန်လို
===========================================

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင်   ဖျာပုံမြို့ရှိ  ပြည်သူများနှင့်  အနယ်နယ်အရပ်ရပ်မှ   ခရီးသွား ပြည်သူများ  လူမှုစီးပွားရေးအတွက် မရှိမဖြစ်အသုံးပြုနေရသော ဖျာပုံ မြို့၏ဂုဏ်ဆောင် ဖျာပုံတံတားကြီး၏ လက်ဝဲ၊    လက်ယာတွင်    လူသွား    စင်္ကြံလမ်းများကို  ပြည်သူများ ဘေး      အန္တရာယ်ကင်းရှင်းစွာ   ခရီးသွား နိုင်ရေးအတွက် သံတိုင်လက်ရန်းများ တပ်ဆင်ထားသည်မှာ ဖျာပုံတံတား ကြီး တည်ဆောက်ပြီးစီးစဉ်ကတည်း က ဖြစ်သည်။

ယခုအခါ အဆိုပါလူသွားစင်္ကြံသံတိုင်လက်ရန်းများတွင် ဖျာပုံမြို့ ဘက်ခြမ်း လက်ဝဲဘက်လူသွားစင်္ကြံ သံတိုင်လက်ရန်းများတွင် လက်ရန်း ကွက်ရှစ်ကွက်မြောက်နေရာရှိ သံတိုင် များပြုတ်ထွက်နေသည့်အပြင် အပေါ် အောက်  ချုပ်တန်းများသည်လည်း သံချေးစား၍   ပေါက်ပြဲလျက်ရှိနေ သဖြင့်    ခြေကျင်ခရီးသွားပြည်သူ   များ  ဘေးအန္တရာယ်  ကင်းရှင်းရေး အတွက်  စိုးရိမ်နေရပါသည်။

''ကျွန်တော်တို့ဖျာပုံမြို့က ဖျာပုံ တံတားကြီးကို    နေ့စဉ်လူမှုဘဝ အတွက်  မရှိမဖြစ်   အသုံးပြုနေရ တာပါ။       စီးပွားရေးလုပ်ငန်းများ  အပြင် ကျန်းမာရေးအတွက်  နေ့စဉ် လမ်းလျှောက်တဲ့အခါ၊  ကျောင်းသား ကျောင်းသူတွေ ခြေကျင်လမ်းလျှောက် တဲ့အခါတွေမှာ ဒီ လူသွားစင်္ကြံကိုပဲ ယာဉ်အန္တရာယ်   ကင်းရှင်းစေရေး အတွက်   အသုံးပြု နေရတာပါ။ အခု ကျိုးပြတ်နေတဲ့ လက်ရန်းနေရာလေး က    မိုးဦးကျစ       ကတည်းက  ဖြစ်နေတာပါ။     ပွင့်လင်းရာသီမှာ    သံတိုင်တွေပြတ်ထွက်ပြီး အပေါက်ကြီး ဖြစ်နေတော့    သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊      ကျောင်းသူ  ကျောင်းသားတွေ   လမ်းလျှောက်ရင်း မတော်တဆ    အောက်ပြုတ်ကျရင်   အသက်အန္တရာယ်    စိုးရိမ်ရလို့   သက်ဆိုင်ရာတာဝန်ရှိ  ဌာနဆိုင်ရာ တွေက အမြန်ဆုံးလာရောက် ပြုပြင် ပေးစေချင်ပါတယ်''  ဟု  နေ့စဉ်ကြုံ တွေ့နေရသည့်    ခရီးသွားပြည်သူ တစ်ဦးကပြောသည်။

ဖျာပုံမြို့သည်    ယခင်ကာလ များနှင့်မတူ   စီးပွားရေးဖွံ့ဖြိုးတိုးတက် လာ၍    လူဦးရေထူထပ်သိပ်သည်း   ပြီး ခရီးသွားပြည်သူများ   ပိုမိုများပြား လာသည့်အပြင်    ပတ်ဝန်းကျင် ကျေးရွာများနှင့် မြို့နယ်အသီးသီးမှ ခရီးသွားပြည်သူများကလည်း ဖျာပုံ တံတားကြီးကိုအသုံးပြု၍   နေ့စဉ်   ခရီးသွားကြရာတွင်    ယခုလူသွား စင်္ကြံလမ်းသည်လည်း   အချိန်အခါ   မရွေး အသုံးပြုနေရသဖြင့် ယခုပေါက် ပြဲပြုတ်ထွက်  ပြတ်တောက်နေသည့် သံတန်းလက်ရန်းနှင့်      အခြား ပြုတ်ထွက်     ပြတ်တောက်စပြုနေ   သည့်     လက်ရန်းအကွက်များကို  လည်း သက်ဆိုင်ရာတာဝန်ရှိ   ဌာန ဆိုင်ရာများနှင့်    ကျွမ်းကျင်ပညာ ရှင်များ၊  မြို့မိမြို့ဖများ  ပူးပေါင်း၍ အမြန်ဆုံး   ပြုပြင်ပေးရန်  ပြည်သူ များက    လိုလားတောင့်တလျက်ရှိ ကြောင်း သိရသည်။ ချမ်းသာ(ဖျာပုံ)

 
 
ထင်သာမြင်သာ ပြုပြင်စရာ


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဖျာပုံမြို့ရှိ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွား ပြည်သူများ လူမှုစီးပွားရေးအတွက် မရှိမဖြစ်အသုံးပြုနေရသော ဖျာပုံ မြို့၏ဂုဏ်ဆောင် ဖျာပုံတံတားကြီး၏ လက်ဝဲ၊ လက်ယာတွင် လူသွား စင်္ကြံလမ်းများကို ပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစွာ ခရီးသွား နိုင်ရေးအတွက် သံတိုင်လက်ရန်းများ တပ်ဆင်ထားသည်မှာ ဖျာပုံတံတား ကြီး တည်ဆောက်ပြီးစီးစဉ်ကတည်း က ဖြစ်သည်။

ယခုအခါ အဆိုပါလူသွားစင်္ကြံသံတိုင်လက်ရန်းများတွင် ဖျာပုံမြို့ ဘက်ခြမ်း လက်ဝဲဘက်လူသွားစင်္ကြံ သံတိုင်လက်ရန်းများတွင် လက်ရန်း ကွက်ရှစ်ကွက်မြောက်နေရာရှိ သံတိုင် များပြုတ်ထွက်နေသည့်အပြင် အပေါ် အောက် ချုပ်တန်းများသည်လည်း သံချေးစား၍ ပေါက်ပြဲလျက်ရှိနေ သဖြင့် ခြေကျင်ခရီးသွားပြည်သူ များ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် စိုးရိမ်နေရပါသည်။

''ကျွန်တော်တို့ဖျာပုံမြို့က ဖျာပုံ တံတားကြီးကို နေ့စဉ်လူမှုဘဝ အတွက် မရှိမဖြစ် အသုံးပြုနေရ တာပါ။ စီးပွားရေးလုပ်ငန်းများ အပြင် ကျန်းမာရေးအတွက် နေ့စဉ် လမ်းလျှောက်တဲ့အခါ၊ ကျောင်းသား ကျောင်းသူတွေ ခြေကျင်လမ်းလျှောက် တဲ့အခါတွေမှာ ဒီ လူသွားစင်္ကြံကိုပဲ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် အသုံးပြု နေရတာပါ။ အခု ကျိုးပြတ်နေတဲ့ လက်ရန်းနေရာလေး က မိုးဦးကျစ ကတည်းက ဖြစ်နေတာပါ။ ပွင့်လင်းရာသီမှာ သံတိုင်တွေပြတ်ထွက်ပြီး အပေါက်ကြီး ဖြစ်နေတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ကျောင်းသူ ကျောင်းသားတွေ လမ်းလျှောက်ရင်း မတော်တဆ အောက်ပြုတ်ကျရင် အသက်အန္တရာယ် စိုးရိမ်ရလို့ သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာ တွေက အမြန်ဆုံးလာရောက် ပြုပြင် ပေးစေချင်ပါတယ်'' ဟု နေ့စဉ်ကြုံ တွေ့နေရသည့် ခရီးသွားပြည်သူ တစ်ဦးကပြောသည်။

ဖျာပုံမြို့သည် ယခင်ကာလ များနှင့်မတူ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာ၍ လူဦးရေထူထပ်သိပ်သည်း ပြီး ခရီးသွားပြည်သူများ ပိုမိုများပြား လာသည့်အပြင် ပတ်ဝန်းကျင် ကျေးရွာများနှင့် မြို့နယ်အသီးသီးမှ ခရီးသွားပြည်သူများကလည်း ဖျာပုံ တံတားကြီးကိုအသုံးပြု၍ နေ့စဉ် ခရီးသွားကြရာတွင် ယခုလူသွား စင်္ကြံလမ်းသည်လည်း အချိန်အခါ မရွေး အသုံးပြုနေရသဖြင့် ယခုပေါက် ပြဲပြုတ်ထွက် ပြတ်တောက်နေသည့် သံတန်းလက်ရန်းနှင့် အခြား ပြုတ်ထွက် ပြတ်တောက်စပြုနေ သည့် လက်ရန်းအကွက်များကို လည်း သက်ဆိုင်ရာတာဝန်ရှိ ဌာန ဆိုင်ရာများနှင့် ကျွမ်းကျင်ပညာ ရှင်များ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ အမြန်ဆုံး ပြုပြင်ပေးရန် ပြည်သူ များက လိုလားတောင့်တလျက်ရှိ ကြောင်း သိရသည်။ ချမ်းသာ(ဖျာပုံ)

Like

30.10.2014 ကြေးမုံကာတွန်း

ထားဝယ် အထူးစီးပွားရေးဇုန်တွင် သုတေသနလုပ်ငန်းများ အပ်နှံဆောင်ရွက်နေ




နေပြည်တော် အောက်တိုဘာ ၂၉

 အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမြင့်သည် ဂျပန်နိုင်ငံ Daiwa Institute of Research နှင့် Deloitte Tohmatsu Consulting Co.,Ltd. မှ တာဝန်ရှိပုဂ္ဂိုလ်များအား အောက်တိုဘာ ၂၈ ရက်က ပြည်ထောင်စုဝန်ကြီးရုံးဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက သုတေသနလုပ်ငန်းအား မူလသတ်မှတ်ထားသည့် အတိုင်း၂ဝ၁၅ ခုနှစ် မတ်လကုန်တွင် ပြီးစီးအောင်ဆောင်ရွက်ရန်၊ကနဦး အစီရင်ခံစာအား ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် တင်ပြရန်နှင့်လစဉ်တိုးတက်မှု အစီရင်ခံစာများ တင်ပြရန်ပြောကြားသည်။ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ယခု သုတေသနအပြင် ကျန်ရှိသည့် သုတေသနလုပ်ငန်း နှစ်ခုကိုလည်း အလားတူဆောင်ရွက်နိုင်ရေးအတွက် METI သို့ ဆက်လက်အကြောင်းကြားပေးရန် ပြောကြားသည်။

 ထားဝယ် အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံစီးပွားရေး၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန(Ministry of Economy, Trade and Industry- METI) မှ ဦးဆောင်ပြီး အာဆီယံနှင့်အရှေ့အာရှ စီးပွားရေးသုတေသန ဌာနမှတာဝန်ယူ၍ ထားဝယ်အထူးစီးပွားရေးဇုန် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်း သုံးခုကို ဆောင်ရွက်ရာတွင် ပထမသုတေသန လုပ်ငန်းဖြစ်သည့် မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်းနှင့်မဲခေါင်၊ အိန္ဒိယ တောင်ဘက်စီးပွားရေးစင်္ကြံဖွံ့ဖြိုးမှု တိုးမြှင့်စေရေး သုတေသနလုပ်ငန်းအား ERIAအဆိုပါ အဖွဲ့ကို လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

(ကြေးမုံ)

သတိနှင့်မောင်း၊ သတိနှင့်သွား


မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


မော်တော်ယာဉ် မတော်တဆဖြစ်ရခြင်း၏ အဓိက အကြောင်းအရင်းများသည်ကား မဆင်မခြင်မောင်းနှင်ခြင်း၊ မူးယစ်သောက်စား ယာဉ်မောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိဘဲမောင်းနှင်ခြင်း၊ ကျွမ်းကျင်မှုမရှိခြင်းနှင့် စည်းကမ်းလိုက်နာမှု အားနည်းခြင်းတို့ကြောင့်ဖြစ်ရကြောင်း ပညာရှင်တို့က လေ့လာ သုံးသပ်ထားပါသည်။ ဤသို့သော အကြောင်းများကြောင့် နိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှုများတိုးပွားကာ လူ့အသက် ပေါင်းများစွာ ဆုံးရှုံးလျက်ရှိပါသည်။

ယာဉ်မတော်တဆဟုဆိုရာတွင် မော်တော်ယာဉ်အချင်းချင်းတိုက်မိခြင်း၊ ယာဉ်က လူကိုဝင်တိုက်ခြင်း၊ မော်တော်ဆိုင် ကယ်တိုက်မှု၊ မော်တော်ဆိုင်ကယ်ပေါ်မှပြုတ်ကျမှု စသည်တို့ပါ ဝင်သည်။ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်သုံးစွဲမှု အရေအတွက် များပြားလာသည်နှင့်အမျှ ယာဉ်မတော်တဆ ဖြစ်မှုများမှာလည်း တိုးပွားလာလျက်ရှိပါသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ် မတော်တဆမှု ၂၂၆၃ မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း ၄၂၅ ဦးသေဆုံးပြီး ဒဏ်ရာရ သူ ၃၂၆၄ ဦးရှိကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ စာရင်းဇယားများအရ သိရသည်။ ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းများတွင် လူကြောင့်ဖြစ်သည့် ယာဉ်မတော်တဆမှုမှာ ၉၉ ရာခိုင်နှုန်းရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းဆောင်ရွက်မှုအနေဖြင့် ယာဉ်ထိန်းတပ်ဖွဲ့ အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနအပါအဝင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း၊လမ်း စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ အစီအစဉ်ဖြင့် ဖွဲ့စည်းပေးထားသည့် ပူးပေါင်းအဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့ အစီအစဉ်ဖြင့် ဖွဲ့စည်းထားသော ပူးပေါင်းအဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့၊ တပ်ဖွဲ့စု၊ မြို့နယ်အလိုက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များက အရေးယူဆောင်ရွက်လျက်ရှိသော်လည်း လိုက်နာမှုအားနည်းခြင်းကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိပါသည်။

သို့ပါ၍ ''ယာဉ်စည်းကမ်းကို လိုက်နာဖို့လိုပါသည်၊ လမ်းစည်းကမ်းကို လိုက်နာဖို့လိုပါသည်'' ဆိုသောသီချင်းစာသား အတိုင်း ယာဉ်အန္တရာယ် မဖြစ်ပွားရေး အထူးသတိပြုကြရ မည်ဖြစ်ပါသည်။ ယာဉ်မောင်းသူများရော လမ်းပေါ်တွင် သွား လာနေကြသောခရီးသွားပြည်သူများပါ စည်းကမ်းကို လိုက်နာ ကြဖို့ အချိန်တန်ပြီဖြစ်ပါသည်။ တစ်ဦးတစ်ယောက်၏ ပေါ့ဆမှု၊ မကျွမ်းကျင်မှု၊ စည်းကမ်း မလိုက်နာမှုများကြောင့် တစ်ပါးသူတို့ ၏ အသက်ဆုံးရှုံးနေရခြင်းကား မဖြစ်သင့်တော့ပါ။ ယာဉ်မောင်း လျှင် ယာဉ်မတော်တဆဖြစ်နိုင်မှုကို ယာဉ်မောင်းသူများအားလုံးက အမြဲနှလုံးသွင်းသင့်သလို လမ်းပေါ်တွင် သွားလာကြသူများက လည်း စည်းကမ်းရှိစွာ သတိနှင့်သွားလာကြရမည်ဖြစ်ပါ ကြောင်း။ ။

မြန်မာနှင့်တရုတ် နှစ်နိုင်ငံစီးပွားရေး ပိုမိုတိုးမြင့်လာစေရန် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး





 နေပြည်တော် အောက်တိုဘာ ၂၉

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်ဥက္ကဋ္ဌမစ္စတာလိရော့ကူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးကျော်ဆန်း၊ ဦးခင်မောင်စိုး၊ ဦးဇေယျာအောင်၊ ဦးဝင်းမြင့်၊ ဒေါက်တာကံဇော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် တရုတ်နှစ်နိုင်ငံစီးပွားရေး ပိုမိုတိုးမြင့်လာစေရန် ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

(သတင်းစဉ်)

လူလိုက်ပါခြင်းမရှိသည့် ဒုံးပျံတစ်စင်း နိုင်ငံတကာအာကသစခန်းသို့ လွှင့်တင်စဉ်ပေါက်ကွဲ

Photo: လူလိုက်ပါခြင်းမရှိသည့် ဒုံးပျံတစ်စင်း နိုင်ငံတကာအာကသစခန်းသို့ လွှင့်တင်စဉ်ပေါက်ကွဲ
=======================================

ဗာဂျီးနီးယား  အောက်တိုဘာ  ၂၉

နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ်အက်စ်) သို့ လွှတ်တင်မည့် လူလိုက်ပါ ခြင်းမရှိသည့် ထောက်ပံ့ပို့ဆောင် ရေးဒုံးပျံတစ်စင်း အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ဒုံးပျံလွှတ်တင်ရေးစခန်းမှ လွှတ်တင်စဉ် ပေါက်ကွဲသွားခဲ့သည်။

အော်ဘစ်တယ် သိပ္ပံကော်ပိုရေးရှင်းက တည်ဆောက်ခဲ့သည့်  Antares အမည်ရှိ အမေရိကန်ဒုံးပျံသည် ဒုံးပစ်စင် မှ လွှတ်တင်ပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲသွားခဲ့သည်။ အဆိုပါ ကုန်တင်အာကာသယာဉ်ပေါက်ကွဲခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ချက်ချင်းမလုပ်နိုင်သေးဟု ဆိုသည်။

အဆိုပါ ထောက်ပံ့ရေးကုန်တင်ဒုံးပျံယာဉ်ကို မူလက တနင်္လာနေ့တွင် လွှတ်တင်ရန် စီစဉ်ထားခဲ့သော်လည်း အနီးရှိ ရေပိုင်နက်အတွင်း သင်္ဘောတစ်စင်းရှိနေခြင်းကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ အဆိုပါ ထောက်ပံ့ရေးဒုံးပျံသည် နိုင်ငံတကာအာကာသစခန်းရှိ အာကာသယာဉ်မှူးခြောက်ဦးအတွက် ထောက်ပံ့ရေးပစ္စည်း ပေါင် ၅ဝဝဝ နီးပါး သယ်ဆောင်သွားစဉ် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။

'' ဒီပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ် သွားမှာဖြစ်ပါတယ်'' ဟု အော်ဘစ်တယ်သိပ္ပံ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ ဖရန်ကာဘာတန်က ပြောသည်။ စုံစမ်း စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ပေါက်ကွဲရာနေရာသို့ အချက်အလက်များ စုဆောင်းဖို့ ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း  ၄င်းက ပြောသည်။                                                                                           (ဘီဘီစီ)

 

ဗာဂျီးနီးယား အောက်တိုဘာ ၂၉

နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ်အက်စ်) သို့ လွှတ်တင်မည့် လူလိုက်ပါ ခြင်းမရှိသည့် ထောက်ပံ့ပို့ဆောင် ရေးဒုံးပျံတစ်စင်း အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် ဒုံးပျံလွှတ်တင်ရေးစခန်းမှ လွှတ်တင်စဉ် ပေါက်ကွဲသွားခဲ့သည်။

အော်ဘစ်တယ် သိပ္ပံကော်ပိုရေးရှင်းက တည်ဆောက်ခဲ့သည့် Antares အမည်ရှိ အမေရိကန်ဒုံးပျံသည် ဒုံးပစ်စင် မှ လွှတ်တင်ပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲသွားခဲ့သည်။ အဆိုပါ ကုန်တင်အာကာသယာဉ်ပေါက်ကွဲခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ချက်ချင်းမလုပ်နိုင်သေးဟု ဆိုသည်။

အဆိုပါ ထောက်ပံ့ရေးကုန်တင်ဒုံးပျံယာဉ်ကို မူလက တနင်္လာနေ့တွင် လွှတ်တင်ရန် စီစဉ်ထားခဲ့သော်လည်း အနီးရှိ ရေပိုင်နက်အတွင်း သင်္ဘောတစ်စင်းရှိနေခြင်းကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ အဆိုပါ ထောက်ပံ့ရေးဒုံးပျံသည် နိုင်ငံတကာအာကာသစခန်းရှိ အာကာသယာဉ်မှူးခြောက်ဦးအတွက် ထောက်ပံ့ရေးပစ္စည်း ပေါင် ၅ဝဝဝ နီးပါး သယ်ဆောင်သွားစဉ် ပေါက်ကွဲသွားခဲ့ခြင်းဖြစ်သည်။

'' ဒီပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ် သွားမှာဖြစ်ပါတယ်'' ဟု အော်ဘစ်တယ်သိပ္ပံ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ ဖရန်ကာဘာတန်က ပြောသည်။ စုံစမ်း စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ပေါက်ကွဲရာနေရာသို့ အချက်အလက်များ စုဆောင်းဖို့ ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း ၄င်းက ပြောသည်။ (ဘီဘီစီ)

2Like

ချယ်ရီ ၁၊ ၂၊ ၃ သင်္ဘောများ မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိ


 


 ရန်ကုန် အောက်တိုဘာ ၂၉

 ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များအဖြစ်အသုံးပြုရန်JICA မှ လှူဒါန်းသည့် ချယ်ရီ(၁)၊ (၂)၊ (၃)တို့သည် ယနေ့နံနက် ၄ နာရီခွဲက ဂျပန် နိုင်ငံမှMV.PAULA သင်္ဘောဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိလာသည်။

 ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဖေက ''ပန်းဆိုးတန်းနဲ့ ဒလဆိပ်ကမ်းကို ခရီးသွားပြည်သူတွေ လျင်မြန် စွာနဲ့ အဆင့်အတန်းမီစွာ သွားလာနိုင်ဖို့အတွက် ဂျပန်နိုင်ငံမှ လှူဒါန်းတဲ့ သင်္ဘောတွေကို မနက်အလုပ်သွားချိန်၊ ညနေအလုပ်ပြန်ချိန်တွေမှာ ကူးတို့ ရေယာဉ်သုံးစင်းနဲ့ ပြေးဆွဲပေးမှာပါ။ ဒီနေ့ကတော့ သင်္ဘောကြီးပေါ်က မချနိုင် သေးဘူး။ သင်္ဘောမှာပါလာတဲ့ ပစ္စည်းတွေကို အကောက်ခွန်က သေချာစိစစ် ဆောင်ရွက်မှာကတစ်ကြောင်း၊ သင်္ဘောတွေကို ရေထဲချဖို့အတွက် ပြင်ဆင်မှု တွေအများကြီးလုပ်ရမှာဖြစ်တာကြောင့် မချဖြစ်တာပါ။ ဂျပန်မှာတော့ သင်္ဘော ကြီးပေါ်ကို တစ်ရက်တစ်စင်းတင်ပါတယ်။ တင်တဲ့အဖွဲ့က တစ်ခု၊ ချတဲ့အဖွဲ့က တစ်ခု၊ ဒီမှာတော့ ပုံစံမတူတဲ့အတွက် မြန်မလား၊ နှေးမလားတော့ မသိပါဘူး။ သင်္ဘောကြီးတွေက လူတွေထိုင်ဖို့ခုံတွေ တပ်ဆင်ဖို့ပဲ ကျန်ပါတယ်''ဟု ပြော သည်။

 အဆိုပါ သင်္ဘောကြီးများဖြင့် နံနက် ၆ နာရီမှ နံနက် ၉ နာရီအထိ ပြေးဆွဲ ပေးမည်ဖြစ်ပြီး ညနေပိုင်းတွင် ညနေ ၄ နာရီမှ ည ၇ နာရီအထိ ပြေးဆွဲ ပေးမည်ဖြစ်ကြောင်း၊ အလျားပေ ၁၃ဝ၊ ဗြက် ၃၂ ပေရှိ နှစ်ထပ်ကူးတို့ ရေယာဉ်များဖြစ်သည်။ လက်ရှိ ပြေးဆွဲနေသော ရေယာဉ်များကို လိုအပ်ချက်ရှိမည့် ရေယာဉ်လိုင်းများ တွင် ထည့်သွင်းပြေးဆွဲပေးမည်ဖြစ်ပြီး ဖယ်ရီလိုင်းတစ်ခုကိုလည်း အသစ် တိုးချဲ့ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ နေ့စဉ်လူဦးရေ ၁၅ဝဝဝ၊ ၂ဝဝဝဝ ခန့် ရှိ၍ တစ်ခါတစ်ရံ ခရီးသွားပြည်သူ ၂၅ဝဝဝ၊ ၃ဝဝဝဝ ခန့်ရှိသည်ဟုJICA မှ တာဝန်ရှိသူများက နေ့စဉ် တစ်လတိတိ ရေတွက်၍ မှတ်တမ်း တင်ထားကြောင်း၊ နိုင်ငံသား တစ်ဦးလျှင် သင်္ဘောတစ်ခေါက်စီးခ ကျပ်တစ်ရာနှင့် နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန် နှစ်ဒေါ်လာ ဖြင့် လက်ရှိကောက်ခံသည့် နှုန်းထား အတိုင်းသာ ကောက်ခံသွားမည်ဖြစ် ကြောင်း ပြောကြားသည်။ 

 ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရေကြောင်းဌာနမှူးချုပ် ဦးဝင်းသိန်းက ''မိလ္လာစနစ်က လှောင်ကန်လည်းပါ သလို၊ တိုက်ရိုက်စွန့်ပစ်တဲ့စနစ်လည်းပါပါတယ်။ ခုတော့ ဒီမှာတိုက်ရိုက် စွန်ပစ်တဲ့စနစ်ကို သုံးမှာပါ။ လှောင် ကန်ဆိုရင်တော့ သတ်မှတ်နေရာမှာ စွန့်ပစ်တာတို့၊ စုပ်ထုတ်တာတို့ လုပ်ရ ပါမယ်။ 

 ကျွန်တော်တို့ဌာနရဲ့ဝင်ငွေနဲ့ ဝန်ထမ်းလစာပေးနေရတာဆိုတော့ စုပ်ထုတ်တဲ့စနစ်ကို မသုံးနိုင်သေးပါ ဘူး။ အဲဒီလို မလုပ်ရဘူးလို့ ဥပဒေ ထွက်လာရင်တော့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး နည်းလမ်းရှာရမယ့် အနေ အထားပါ''ဟု ပြောသည်။

 ဒလဘက်ကမ်းတွင် ခံ့ထည် လှပသော ခရီးသည်နားနေဆောင်၊ အများသုံးသန့်စင်ခန်း၊ သင်္ဘောဆိုက် ကပ်ရာဗောတံတားသို့ အတက်၊ အဆင်း တံတားနှစ်ခု၊ သင်္ဘောကပ်မည့် ဗော်ယာသံထည်ကိုလည်း ကွန်ကရစ် များခံရုံသာမက လက်ရန်းများပါ ထည့်သွင်းထားသည်။ ယင်းနားနေ ဆောင်သည် ခရီးသည်များ ထိုင်ခုံ မရှိသေးသည်မှအပ အားလုံးနီးပါး ပြီးစီးနေသော်လည်း ပန်းဆိုးတန်း ဘက်ကမ်းတွင် သင်္ဘောကပ်မည့် ဗော်ယာတစ်ခုတွင် အတက်ရော အဆင်းပါ အသုံးပြုနေသည့် တံတား တစ်စင်းသာ ရှိနေသေးသည်ကို မေးမြန်းရာတွင် ပုဂ္ဂလိကကုမ္ပဏီ တစ်ခု ကန့်ကွက်ထားသဖြင့် ကြန့်ကြာ နေခြင်းသာဖြစ်ကြောင်း၊ ဒလဘက် ကဲ့သို့ ပြုလုပ်ဆောင်ရွက်သွားမည့် အစီအစဉ်ရှိပါကြောင်း၊ ညှိနှိုင်း ဆောင်ရွက်နေပါသဖြင့် မကြာခင် အကောင်အထည်ပေါ်လာမည်ဖြစ် ကြောင်း၊ ကူးတို့သင်္ဘောတစ်စင်းလျှင် ခရီးသည် ၁၂ဝဝ ဆံ့ပြီး ကူးတို့ ရေယာဉ်များသည် မြန်နှုန်းကောင်း သဖြင့် အချိန်တိုအတွင်း မိမိလိုရာခရီး ကို အရောက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 ချယ်ရီ(၂) ကူးတို့သင်္ဘော မောင်းနှင် မည့် ရေယာဉ်မှူး ဦးညွန့်ဝင်းက ''ကျွန်တော်တို့ ဂျပန်နိုင်ငံကို ဇူလိုင် ၇ ရက်က သွားတယ်။ ဇူလိုင် ၁၉ ရက်မှာ ပြန်လာရတယ်။ ၁၂ ရက်ကြာ သင်တန်း ပေးတယ်။ ဒီသင်္ဘောကြီးတွေကို ဂျပန်နိုင်ငံက ပညာရှင်တွေက လက်တွေ့သင်ကြား မောင်းနှင်ပြပါ တယ်။

သင်္ဘောဖွဲ့စည်းပုံတွေက တူပါ တယ်။ ဒါပေမယ့် ဂျပန်နိုင်ငံက တည်ဆောက်တဲ့ ဒီသင်္ဘောတွေက ပိုမြင့်ပါတယ်။ ဒီမှာရှိနေတဲ့ သင်္ဘော တွေမှာတော့ အမြင့်ဆုံးသင်္ဘောတွေ ပေါ့ဗျာ။ ရေဒါ၊ ဂျီပီအက်စ်၊ စကား ပြောစက် စတဲ့ စက်တွေအကုန်ပါ ပါတယ်။ ရေဒါကတော့ ခုလည်း ဒီလက်ရှိပြေးနေတဲ့ ကူးတို့လိုင်းမှာ သုံးပါတယ်။ 

 ဂျီပီအက်စ်ကတော့ လမ်းကြောင်းပြတယ်။ အဲဒီတော့ မောင်းရတာ အန္တရာယ်ကင်းပါတယ်။ ဂျပန်မှာ ကျွန်တော်တို့ မောင်းခဲ့တာ ရေလည်းမစီးဘူး၊ လေလည်းမတိုက်ဘူး၊ ဒိုက်လည်းမရှိဘူး၊ ရာသီဥတုပဲကောင်း နေလို့လား မသိဘူး၊ လက်ရှိလည်း မောင်းနေတာဆိုတော့ ဘာအခက် အခဲမှမရှိပါဘူး။ သင်္ဘောကြီးပေါ်က ချယ်ရီ(၂)ကို နောက်ဆုံးမှ ရေချမယ် လို့သိရပါတယ်''ဟု ပြောသည်။

 ချယ်ရီ(၂) ကူးတို့ရေယာဉ်တွင် စက်ခန်းအုပ်(၂) ရာထူးဖြင့် လုပ်ကိုင် မည့် ဦးစံမြင့်ကလည်း တိုးတက်သော နိုင်ငံကြီးဖြစ်သည့်အတွက် စည်းစနစ် ကျကြောင်း၊ သင်္ဘောကျင်းတွင် အလုပ် ဆင်းမည့်သူသည် သတ်မှတ်ထားသည့် ဝတ်စုံကိုသာ ဝတ်ဆင်ရပြီး ဝတ်ဆင်ရ မည့်ဝတ်စုံတွင် လိုအပ်ချက်ရှိပါက လုံးဝ ဝင်ခွင့်မပြုကြောင်း၊ စက်ခန်း တာဝန်ကျအင်ဂျင်နီယာများကိုလည်း ကျွမ်းကျင်ပညာရှင်များက သေချာစွာ ဂရုတစိုက်သင်ပေးကြောင်း၊ သင်္ဘော တွင် ဆိုလာစနစ်ပါဝင်ခြင်းသည် သင်္ဘောမောင်းရန်အတွက်မဟုတ်ဘဲ သင်္ဘောပျက်ပါက အလိုအလျောက် ဖွင့်ပေးသည့်စနစ်သာဖြစ်ကြောင်း၊ ယခုကဲ့သို့ သင်္ဘောသစ်ကြီးကိုစီးမည့် ခရီးသည်များကလည်း တစ်ဦးချင်းစီ စည်းကမ်းရှိစွာစီးနင်းရန်လည်း လိုအပ် ပါကြောင်း၊ စက်ခန်းအုပ်တစ်ဦး၊ လ/ထတစ်ဦးနှင့် ဆီလောင်း သုံးဦး စုစုပေါင်း ငါးဦးသာဖွဲ့စည်းပုံအပြည့် ခန့်အပ်ထားကြောင်း ပြောသည်။

ဒလဘက်ကမ်းတွင် ကုန်တင်ယာဉ် ရပ်နားစခန်းကို တည်ဆောက်မည် ဖြစ်ကြောင်း၊ ဗိုလ်ရန်ပြေရပ်ကွက်ရှိ ကားကူးဇက်ဆိပ်ကိုလည်း နေရာ ပြောင်းရွှေ့မည်ဖြစ်ပြီး သန့်ရှင်းသန့်ရပ် မှုမရှိသော ဈေးဆိုင်ခန်းများကိုလည်း နေရာသစ်ပေးပြီး အဆောက်အအုံ သစ်များ ဆောက်လုပ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကာ မကြာမီအကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း၊ ကူးတို့သင်္ဘော သုံးစင်းလွှဲပြောင်းပေးအပ်ပွဲနှင့် ဒလ ဘက်တွင် ဆောက်လုပ်ပြီးစီးနေသော အဆောက်အအုံများ ဖွင့်လှစ်ပွဲကို နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်ပေး မည်ဖြစ်ကြောင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဖေက ပြောကြားသည်။ အဆိုပါသင်္ဘော သုံးစင်းပါ သင်္ဘောကြီးသည် အောက် တိုဘာ ၁၉ ရက်က ဂျပန်နိုင်ငံမှ ထွက်ခွာလာပြီး အောက်တိုဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ ခဲ့ကြောင်း သိရသည်။


 သတင်း - အောင်မင်း(ကြေးမုံ)
ဓာတ်ပုံ - ခင်မောင်ဝင်း(ကြေးမုံ)

အီရတ် ကာ့ဒ်တိုက်ခိုက်ရေးသမားများ ဆီးရီးယားရှိ အိုင်အက်စ်တို့ကိုတိုက်ခိုက်ရန် တူရကီသို့ရောက်ရှိလာ

Photo: အီရတ် ကာ့ဒ်တိုက်ခိုက်ရေးသမားများ ဆီးရီးယားရှိ အိုင်အက်စ်တို့ကိုတိုက်ခိုက်ရန် တူရကီသို့ရောက်ရှိလာ
=================================

ကိုဘာနီ  အောက်တိုဘာ  ၂၉

အီရတ်ကာ့ဒ်ပက်ရှ်မာဂါ (Pesh-merga)  တိုက်ခိုက်ရေးသမား   ၁၅ဝ ခန့်ပါဝင်သော    အဖွဲ့တစ်ဖွဲ့သည် ကိုဘာနီမြို့ကို    သိမ်းပိုက်ထားသော အိုင်အက်စ်    စစ်သွေးကြွများအား  ဆီးရီးယား  နယ်စပ်ကို  ဖြတ်ကျော် တိုက်ခိုက်ရန်  တူရကီသို့ ရောက်ရှိ လာသည်။

အီရတ်မှ     ထွက်ခွာလာသော အဆိုပါ   တိုက်ခိုက်ရေးသမားများ သည်    တူရကီအရှေ့တောင်ပိုင်း လေဆိပ်တစ်ခုသို့ ရောက်ရှိလာသည်။ အမြောက်လက်နက်ကြီးများ  ပါဝင် သော     တပ်ဖွဲ့တစ်ဖွဲ့သည်လည်း တူရကီနိုင်ငံအတွင်း အီရတ်မှ နယ်စပ် ဖြတ်ကျော်    ဝင်ရောက်လာလျက် ရှိသည်။

တူရကီ  ကာ့ဒ်တပ်ဖွဲ့ဝင်များက နယ်စပ်ဖြတ်ကျော်   တိုက်ခိုက်ရန် ငြင်းဆိုခဲ့သော်လည်း   လွန်ခဲ့သော သီတင်းပတ်တွင်   တူရကီအစိုးရက သဘောတူခဲ့သည်။   အီရတ်ကာ့ဒ် မြို့တော်အီဘီလ်မြို့မှ လေယာဉ်ဖြင့် ထွက်ခွာလာသော ကာ့ဒ်တပ်ဖွဲ့ဝင် များအား ထောင်ပေါင်းများစွာသောတူရကီဒေသခံများက   အလံများ ဝှေ့ယမ်းလျက် ကြိုဆိုခဲ့သည်။

ပက်ရှ်မာဂါတပ်ဖွဲ့ ပထမအသုတ် အဖြစ်   တူရကီအရှေ့တောင်ပိုင်း ဆန်လီဖာလေဆိပ်သို့   ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင်  ရောက်ရှိလာကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြ သည်။  

ယင်း  တိုက်ခိုက်ရေးသမားများ သည်   တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်    များခြံရံလျက်  ကားများဖြင့် ထွက်ခွာ သွားရာ  မာစကီပင်းနားနယ်စပ်ကို ဖြတ်၍  ကိုဘာနီမြို့သို့  သွားရောက် ဖွယ်ရှိသည်ဟု ဆိုသည်။ 

  (ဘီဘီစီ)



ကိုဘာနီ အောက်တိုဘာ ၂၉

အီရတ်ကာ့ဒ်ပက်ရှ်မာဂါ (Pesh-merga) တိုက်ခိုက်ရေးသမား ၁၅ဝ ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ကိုဘာနီမြို့ကို သိမ်းပိုက်ထားသော အိုင်အက်စ် စစ်သွေးကြွများအား ဆီးရီးယား နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်ရန် တူရကီသို့ ရောက်ရှိ လာသည်။

အီရတ်မှ ထွက်ခွာလာသော အဆိုပါ တိုက်ခိုက်ရေးသမားများ သည် တူရကီအရှေ့တောင်ပိုင်း လေဆိပ်တစ်ခုသို့ ရောက်ရှိလာသည်။ အမြောက်လက်နက်ကြီးများ ပါဝင် သော တပ်ဖွဲ့တစ်ဖွဲ့သည်လည်း တူရကီနိုင်ငံအတွင်း အီရတ်မှ နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာလျက် ရှိသည်။

တူရကီ ကာ့ဒ်တပ်ဖွဲ့ဝင်များက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ရန် ငြင်းဆိုခဲ့သော်လည်း လွန်ခဲ့သော သီတင်းပတ်တွင် တူရကီအစိုးရက သဘောတူခဲ့သည်။ အီရတ်ကာ့ဒ် မြို့တော်အီဘီလ်မြို့မှ လေယာဉ်ဖြင့် ထွက်ခွာလာသော ကာ့ဒ်တပ်ဖွဲ့ဝင် များအား ထောင်ပေါင်းများစွာသောတူရကီဒေသခံများက အလံများ ဝှေ့ယမ်းလျက် ကြိုဆိုခဲ့သည်။

ပက်ရှ်မာဂါတပ်ဖွဲ့ ပထမအသုတ် အဖြစ် တူရကီအရှေ့တောင်ပိုင်း ဆန်လီဖာလေဆိပ်သို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ရောက်ရှိလာကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြ သည်။

ယင်း တိုက်ခိုက်ရေးသမားများ သည် တူရကီလုံခြုံရေးတပ်ဖွဲ့ဝင် များခြံရံလျက် ကားများဖြင့် ထွက်ခွာ သွားရာ မာစကီပင်းနားနယ်စပ်ကို ဖြတ်၍ ကိုဘာနီမြို့သို့ သွားရောက် ဖွယ်ရှိသည်ဟု ဆိုသည်။

(ဘီဘီစီ)

2Like

အာဆီယံဥက္ကဋ္ဌတာဝန်ယူခဲ့ရသည့် မိမိတို့နိုင်ငံအတွက် ၂ဝ၁၄ ခုနှစ်အတွင်း အပြီးသတ်အစည်းအဝေးဖြစ် ၂ဝ၁၅ အာဆီယံအသိုက်အဝန်းထူထောင်ရေး အခြေခံအုတ်မြစ်ချပေးနိုင်ရေး အကျိုးသက်ရောက်


 


 နေပြည်တော် အောက်တိုဘာ ၂၉

၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံအာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေးနှင့် အာဆီယံအသိုက်အဝန်းထူထောင်ရေးဆိုင်ရာဗဟိုကော်မတီ၏ ၂ဝ၁၄ ခုနှစ် (နှစ်ဝက်) ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁၌ ကျင်းပ ခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် အိမ်ရှင်အဖြစ် နေပြည်တော်တွင် လက်ခံကျင်းပပြုလုပ်မည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေ များကို ပြန်လည်ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည်များကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။

 ယခုကဲ့သို့ အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်း အဝေးကို မိမိတို့နိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ကြီး အတွင်းသို့ ဝင်ရောက်ပြီး (၁၇)နှစ် အတွင်း၌ ပထမဆုံးအကြိမ် ဥက္ကဋ္ဌ တာဝန်ကို ရယူနိုင်ခဲ့ပြီး အိမ်ရှင် အဖြစ် ပထမဆုံးအကြိမ် လက်ခံ ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်ပါကြောင်း။

အာဆီယံအနေဖြင့် မူဝါဒပိုင်း ဆိုင်ရာတွင် အာဆီယံ၏အချက် အချာကျမှု၊ အာဆီယံ၏ တူညီဆန္ဒ ကို ရယူခြင်းနှင့် အာဆီယံကိုယ်စား ပြုပြီး ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုမြှင့်တင်ခြင်းအပိုင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 စီမံခန့်ခွဲမှု အပိုင်းတွင်လည်း ပြီးခဲ့သည့်လများအတွင်းက (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ၊ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အခြားသော ဝန်ကြီးဌာနအသီးသီး၏ အစည်း အဝေးများကို စနစ်တကျ စီမံခန့်ခွဲ ပြီး အောင်အောင်မြင်မြင် ကျင်းပ ပြုလုပ်ပေးနိုင်ခဲ့သည့်အတွက် အာဆီ ယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံ များ၏ ကျေနပ်နှစ်သက်မှု၊ ချီးကျူးမှု တို့ကို ရရှိခံယူခဲ့ရပါကြောင်း။

 ထို့ကြောင့် ထိုအစည်းအဝေး များတွင် မိမိတို့ကျရာတာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက် နိုင်ခဲ့ကြသည့် ဦးဆောင်ကော်မတီ နှင့် ကော်မတီအသီးသီး၊ ဆပ် ကော်မတီအသီးသီးတို့မှ ဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝိုင်းဝန်းကူညီသူ အရပ်ဘက်အဖွဲ့ အစည်းအသီးသီးတို့မှ ပုဂ္ဂိုလ်များ အား မိမိတို့အနေဖြင့် အထူးပင် ကျေးဇူးတင်ပါကြောင်း။

မကြာမီကျင်းပပြုလုပ်မည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆွေးနွေးဖက် ဆက်စပ်အစည်းအဝေးများ၊ အရှေ့ အာရှ ထိပ်သီးအစည်းအဝေးများ သည် အာဆီယံဥက္ကဋ္ဌတာဝန်ယူ ခဲ့ရသည့် မိမိတို့နိုင်ငံအတွက် ၂ဝ၁၄ ခုနှစ်အတွင်း အပြီးသတ် အစည်း အဝေးဖြစ်ပါကြောင်း၊ ထိုအစည်း အဝေးများကို အောင်အောင် မြင်မြင် ကျင်းပပြုလုပ်နိုင်ခြင်း အားဖြင့် ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အဝန်း ထူထောင်နိုင်ရေး အတွက် အခြေခံအုတ်မြစ်ချပေးနိုင်ရေးကိုလည်း များစွာအကျိုးသက် ရောက်မှုရှိပါကြောင်း။

 ထို့ကြောင့် မိမိတို့အနေဖြင့် အာဆီယံအဖွဲ့ကြီး၏ အချက်အချာ ကျမှုကို မြှင့်တင်နိုင်ရန်လည်း ကောင်း၊ ၂ဝ၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်းထူထောင်ရန်ဆောင် ရွက်ရမည့်ကိစ္စများကို ဖြည့်ဆည်း ပေးရန်လည်းကောင်း၊ ၂ဝ၁၅ ခုနှစ် အလွန် အာဆီယံ၏သွင်ပြင်လက္ခဏာ ကို အုတ်မြစ်ချရာတွင်လည်းကောင်း ဦးဆောင်ဦးရွက် ပြုရာရောက်သည့် အတွက် မိမိတို့နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်သည့် ဤအစည်းအဝေးကြီး များကို အောင်မြင်အောင် တက်ညီ လက်ညီဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အာဆီ ယံထိပ်သီးအစည်းအဝေးကျင်းပရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းတာဝန် များအလိုက် ဆပ်ကော်မတီ(၁၇)ခုကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ အဆိုပါဆပ်ကော်မတီများအနေဖြင့် ယခုကျင်းပမည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအတွက် ပြင်ဆင်မှုများ၊ ဆွေးနွေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းအားလုံးပြီးစီးသည့် အနေအထားကို ရောက်ရှိနေပြီဖြစ်ပါ ကြောင်းဖြင့် ဆွေးနွေးပြောကြား ခဲ့သည်။

ယင်းနောက် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ထိပ်သီးအစည်း အဝေးများ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ပြင်ဆင်ထားရှိမှုများ၊ အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ ကြိုတင်ပြင်ဆင် ထားရှိမှုများကို လည်းကောင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က အာဆီယံစီးပွားရေးအသိုက် အဝန်းနှင့်သက်ဆိုင်သည့် ကိစ္စရပ် များကိုလည်းကောင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက အာဆီယံ ယဉ်ကျေးမှုအသိုက်အဝန်းနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို လည်း ကောင်း တင်ပြခဲ့ကြသည်။

 ထို့နောက် တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများ က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ က တင်ပြချက်များအပေါ် လမ်းညွှန် မှာကြားပြီး အာဆီယံဥက္ကဋ္ဌတာဝန် နှင့်ပတ်သက်၍ အိမ်ရှင်ဖြစ်သည့် မိမိတို့အနေဖြင့် လုပ်ကိုင်နိုင်စွမ်း ရှိမှုကို ပြသနိုင်ရန် လိုအပ်ပါကြောင်း၊ အောင်မြင်စွာ ထမ်းဆောင်နိုင်ခြင်း သည် နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ရာရောက်ပါကြောင်း၊ သို့ဖြစ် ၍ အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ထပ်မံတိုက်တွန်း ပါကြောင်းဖြင့် ပြောကြားကာ အစည်းအဝေးကျင်းပမည့် ခန်းမ များကို လိုက်လံစစ်ဆေးကြည့်ရှု ခဲ့သည်။

 (သတင်းစဉ်)