Thursday, October 30, 2014

သီရိလင်္ကာ၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုများဖြစ်ပွား လူ ၁ဝ ဦးသေဆုံးပြီး ၃ဝဝ ခန့်ပျောက်ဆုံးနေ




ကိုလံဘို အောက်တိုဘာ ၂၉

 သီရိလင်္ကာနိုင်ငံအလယ်ပိုင်းဒေသတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၁ဝ ဦးထက်မနည်းသေဆုံးပြီး ရာနှင့်ချီသောလူများ ပျောက်ဆုံးခဲ့ကြောင်း သီရိလင်္ကာ သဘာဝဘေးဒုက္ခသည်အရေးဆိုင်ရာ တာဝန်ရှိသူများက ယနေ့ပြောကြားကြောင်း ဒေသဆိုင်ရာသတင်းများ၌ ဖော်ပြသည်။

မုတ်သုံမိုးများသည်းထန်စွာရွာသွန်းပြီးနောက်
တွင် အဆိုပါမြေပြိုမှုများဖြစ်ပွားခဲ့ရာ ဘာဒူလာခရိုင်၌ လူနေအိမ်ခြေ ၁၄ဝ ခန့် မြေဖုံးလွှမ်းမှုခံရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 သီရိလင်္ကာလုံခြုံရေးတပ်ဖွဲ့များက အဆိုပါဒေသတွင်း၌ ပြောင်းရွှေ့ရေးနှင့် ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

 လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းက စတင်ခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားစဉ်ကတည်းက ရွှံ့နွံများပြိုကျမည့်ဘေးကျရောက်နိုင်ကြောင်း သတိပေးချက်များထုတ်ပြန်ခဲ့သည်။

 သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုနှင့်ကီလိုမီတာ ၂ဝဝ (၁၂ဝ မိုင်)ရှိ လက်ဖက်အဓိကစိုက်ပျိုးရာ မာရီယာဘက်ဒါဒေသ၌ မြေပြိုမှုများ အောက်တိုဘာ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ဖြစ်ပွားခဲ့သည်။ယင်းမြေပြိုမှုကြောင့် လူ ၁ဝ ဦးသေဆုံးပြီး ၃ဝဝ ခန့် ပျောက်ဆုံးနေကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

(ဆင်ဟွာ)

No comments:

Post a Comment