Friday, October 31, 2014

အခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးမည့်စာမေးပွဲသည် ကျောင်းစစ်အဖြစ်သာ ရှိမည်ဆိုခြင်းမှာ မဟုတ်





ပြည်သူ့လွှတ်တော်အစည်းအဝေး
နေပြည်တော် အောက်တိုဘာ ၃ဝ

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

ချမ်းမြသာစည်မဲဆန္ဒနယ်မှ ဦးတင် မောင်၏ ''၂ဝ၁၅ ခုနှစ် နောက်ပိုင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို တက္ကသိုလ်အလိုက် စစ်ဆေးခဲ့လျှင် ဒသမတန်းရမှတ်အား ထည့်သွင်း စဉ်းစားခြင်း ရှိ၊ မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပညာရေး စနစ်ပြုပြင်ပြောင်းလဲမှုကို အမျိုးသား ပညာရေးဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အခြေခံပညာရေး ဖွဲ့စည်းပုံ တွင်(ွု+၁၂)စနစ်ဖြင့် သူငယ်တန်း အပါအဝင် ပထမတန်းမှ ဒွါဒသမ တန်းအထိ သင်ကြားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားရန် ရှိပါ ကြောင်း၊ ထို့အတူ အခြေခံပညာပြီးဆုံး သည့် စာမေးပွဲနှင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများကို သီးခြားစီကျင်းပရန် ဆွေးနွေးနေဆဲဖြစ်ပြီး အခြေခံပညာ ပြီးဆုံးကြောင်း စစ်ဆေးမည့်စာမေးပွဲ သည် အစိုးရစစ်ပင်ဖြစ်ပြီး ကျောင်းစစ် အဖြစ်သာရှိမည်ဆိုခြင်းမှာ မဟုတ်ပါ ကြောင်း၊ အမျိုးသားပညာရေးဥပဒေ အရ တက္ကသိုလ်များသည် သီးခြား လွတ်လပ်စွာရပ်တည်၍ တက္ကသိုလ်၏ ပညာရည်အဆင့်အတန်း မြင့်မားရေး၊ အရည်အသွေးအာမခံနိုင်မှုရှိရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းများ၏ အသိအမှတ်ပြုမှုရရှိ ရေးကို တက္ကသိုလ်များက လွတ်လပ်စွာ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်များအနေဖြင့် တက္ကသိုလ်က လက်ခံသင်ကြားပေးလို သည့် အရည်အချင်းရှိသော တက္ကသိုလ် ကျောင်းသားများကို ရွေးချယ်ခွင့်ရရှိ ကြမည်ဖြစ်၍ တက္ကသိုလ်အလိုက် အခြေအနေ အမျိုးမျိုးဖြစ်နိုင်ပါ ကြောင်းဖြင့် ဖြေကြားသည်။

ထန်တလန်မဲဆန္ဒနယ်မှ ဒေါ်ဇာ တလဲမ်း၏ ''ပညာရေးချို့တဲ့၍ အလုပ် အကိုင်မရရှိသော လူငယ်များအတွက် အထူးအစီအစဉ်ဖြင့် မည်သည့် စီမံကိန်းများ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း'' မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်က မြန်မာ နိုင်ငံရှိ အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် အတူ ဖြစ်ပေါ်လာမည့် အလုပ်အကိုင် အခွင့်အလမ်းများပေါ်မူတည်၍ ဝန်ကြီး ဌာနအနေဖြင့် အလုပ်လုပ်ကိုင်လိုသူ လူငယ်လူရွယ်များကို သင့်လျော်သော လုပ်ငန်းခွင်သို့ရောက်ရှိ လုပ်ကိုင် နိုင်ရန် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများမှတစ်ဆင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင် နှင့် သင့်တော်ကျွမ်းကျင်မှုရှိသော အသက်မွေးဝမ်းကျောင်း အတတ် ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင် တည်မြဲစေရေးအတွက် အလုပ်သမား ဥပဒေများနှင့် ပတ်သက်သည့် အသိ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။

ထို့နောက် ''၂ဝ၁၃ ခုနှစ် အသက် ဘေးအန္တရာယ်စိုးရိမ်ရသော ထိခိုက် ဒဏ်ရာရရှိသူ လူနာအား အချိန်မီ ဆေးကုသနိုင်ရေးအတွက် ကူညီ စောင့်ရှောက်ပေးရေးဥပဒေကြမ်း''နှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက်တင်ပြ ဆွေးနွေးရန် အတည်ပြုခဲ့ကြသည်။

ယင်းနောက် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်း ၏ ''နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေမည့် အနာဂတ်အစီအမံများ မည်သို့ချမှတ် ထားသည်နှင့် အစီအမံများကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ် မှုများကြုံတွေ့လာပါက မည်သည့် နည်းလမ်းဖြင့် ဆောက်ရွက်မည်ကို သိလိုခြင်း'' မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့် အရေးကော်မတီနှင့် ဥပဒေကြမ်း ကော်မတီတို့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

(ရှင်းလင်းဖြေကြားချက်ကို သီးခြား ဖော်ပြထားပါသည်။)

အစည်းအဝေးတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် လိုက်လျော ညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ် ရေးကော်မရှင်၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆက်လက်ဆွေးနွေးသည်။

မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်း ငေါင်းဆိုင်ဟိန်းက ကော်မရှင်မှတင်ပြ သည့် နည်းလမ်း(၈)မျိုးအနက် နည်းလမ်းနံပါတ်(၄)သည် ပိုမို အသေးစိတ်ကျပြီး မဲဆန္ဒရှင်ပြည်သူ များကို ပိုမိုကိုယ်စားပြုပေးနိုင်ပါ ကြောင်းနှင့် လူထု၏ဆန္ဒမဲများကို အလဟဿလေလွင့်မှုမှ ကာကွယ် ပေးနိုင်သည်ကို လေ့လာတွေ့ရှိရပါ ကြောင်း၊ နိုင်ငံသမိုင်းမှတ်တိုင်တစ်ခုကို အောင်မြင်စွာစိုက်ထူနိုင်ရန်အတွက် ကောင်းမွန်သော ယုံကြည်ချက်၊ ရည်ရွယ်ချက်များဖြင့် နိုင်ငံ၏ ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်ပေါ် လာရေးကို ကြိုဆိုပါကြောင်းဖြင့် ဆွေးနွေးသည်။

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်က ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သည့် အတွက် ပြည်သူများက ရွေးချယ်သော ကိုယ်စားလှယ်များသည် ပါတီကြီး၊ ပါတီငယ်မဟူ လွှတ်တော်တွင် ပါဝင် ခွင့်ရရှိပြီး ဒီမိုကရေစီလမ်းကြောင်းကို အတူတကွ ပူးပေါင်းလျှောက်လှမ်းခွင့် ရှိသည့် နည်းလမ်းတစ်ခုဖြစ်ပါ ကြောင်း၊ ယခုကော်မရှင်ကတင်ပြ သည့် နည်းလမ်းများအနက် မဲအများဆုံးရသူ အနိုင်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ထားသည့် ရွေးကောက်ပွဲ နည်းလမ်း(၄)သည် ကမ္ဘာတွင် ကျင့်သုံးနေသည့် ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်နှင့် အလားသဏ္ဌာန်တူညီပြီး ရွေးကောက်ပွဲ စနစ်တစ်မျိုးမျိုး၏ ဆန္ဒမဲရလဒ်များ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အချိုး မညီမှုမှန်သမျှကို ကိုယ်စားလှယ် အချိုးအဆဖြင့် အစားထိုးဖြည့်ဆည်း ပေးသည့်ပုံစံဖြစ်၍ နိုင်ငံသားများ၏ ဆန္ဒနှင့် နိုင်ငံတော်၏ ပကတိ အရှိတရားအပေါ် သေချာစွာလေ့လာ သုံးသပ်ဆုံးဖြတ်ပြီးမှသာ ဆောင်ရွက် သင့်ပါကြောင်းဖြင့် ဆွေးနွေးသည်။

(သတင်းစဉ်)

No comments:

Post a Comment