Friday, October 31, 2014

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် အီးအာရ်အိုင်အေမှ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဆွေးနွေး




 နေပြည်တော် အောက်တိုဘာ ၃ဝ

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန (အီးအာရ်အိုင်အေ)အမှုဆောင် ဒါရိုက်တာ ပရော်ဖက်ဆာ ဟိဒဲတိုရှိ နိရှိမူရာနှင့် ဟားဗတ်တက္ကသိုလ်မှ တာဝန်ရှိသူများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 ယင်းသို့ တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးဟံစိန်၊ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ''အာဆီယံစီးပွားရေးအသိုက်အဝန်း အကျိုးစီးပွားမြှင့်တင်ခြင်းမှသည် ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ'' ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် မြန်မာ-အီးအာရ်အိုင်အေ-ဟားဗတ်ဆွေးနွေးပွဲရလဒ်များ၊ မူဝါဒရေးရာ ထောက်ခံတင်ပြချက်များ၊ ဒေသတွင်းနိုင်ငံများ၏ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း များအတွက် အာဆီယံစီးပွားရေးအသိုက်အဝန်း၏ အထောက်အကူပြုမှု အမြင့်မားဆုံးရရှိရေး လေ့လာသုံး သပ်ချက်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် အီးအာရ်အိုင်အေမှ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment