Thursday, October 30, 2014

ထားဝယ် အထူးစီးပွားရေးဇုန်တွင် သုတေသနလုပ်ငန်းများ အပ်နှံဆောင်ရွက်နေ




နေပြည်တော် အောက်တိုဘာ ၂၉

 အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမြင့်သည် ဂျပန်နိုင်ငံ Daiwa Institute of Research နှင့် Deloitte Tohmatsu Consulting Co.,Ltd. မှ တာဝန်ရှိပုဂ္ဂိုလ်များအား အောက်တိုဘာ ၂၈ ရက်က ပြည်ထောင်စုဝန်ကြီးရုံးဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက သုတေသနလုပ်ငန်းအား မူလသတ်မှတ်ထားသည့် အတိုင်း၂ဝ၁၅ ခုနှစ် မတ်လကုန်တွင် ပြီးစီးအောင်ဆောင်ရွက်ရန်၊ကနဦး အစီရင်ခံစာအား ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် တင်ပြရန်နှင့်လစဉ်တိုးတက်မှု အစီရင်ခံစာများ တင်ပြရန်ပြောကြားသည်။ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ယခု သုတေသနအပြင် ကျန်ရှိသည့် သုတေသနလုပ်ငန်း နှစ်ခုကိုလည်း အလားတူဆောင်ရွက်နိုင်ရေးအတွက် METI သို့ ဆက်လက်အကြောင်းကြားပေးရန် ပြောကြားသည်။

 ထားဝယ် အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံစီးပွားရေး၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန(Ministry of Economy, Trade and Industry- METI) မှ ဦးဆောင်ပြီး အာဆီယံနှင့်အရှေ့အာရှ စီးပွားရေးသုတေသန ဌာနမှတာဝန်ယူ၍ ထားဝယ်အထူးစီးပွားရေးဇုန် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်း သုံးခုကို ဆောင်ရွက်ရာတွင် ပထမသုတေသန လုပ်ငန်းဖြစ်သည့် မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်းနှင့်မဲခေါင်၊ အိန္ဒိယ တောင်ဘက်စီးပွားရေးစင်္ကြံဖွံ့ဖြိုးမှု တိုးမြှင့်စေရေး သုတေသနလုပ်ငန်းအား ERIAအဆိုပါ အဖွဲ့ကို လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

(ကြေးမုံ)

No comments:

Post a Comment