ဝါရှင်တန် အောက်တိုဘာ ၂၉
နိုင်ငံတကာအာကာသစခန်းသို့ ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်သည့်
လူလိုက်ပါခြင်းမရှိသော ဒုံးယာဉ်သည် အမေရိကန်ပြည်ထောင်စု
ဗာဂျီးနီးယားပြည်နယ်မှ ပစ်လွှတ်ပြီးမကြာမီ ပေါက်ကွဲသွားကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။
အော်ဘီတဲလ်ဆိုင်းယင့်စစ်ကော်ပိုရေးရှင်းက တည်ဆောက်သည့် အန်တရက်(စ်)သည်
ပင်လယ်ကမ်းခြေရှိ ပစ်လွှတ်စင်မှပစ်လွှတ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင်
မီးလောင်သွားခြင်းဖြစ်သည်။
မည်သည့် ချွတ်ယွင်းချက်ကြောင့် ယင်းသို့ပေါက် ကွဲရခြင်းဖြစ်သည်ကို ယခုထက်တိုင် မသိရှိရသေးပေ။
မူလအစီအစဉ်မှာ တနင်္လာနေ့တွင် အဆိုပါယာဉ်ကိုပစ်လွှတ်ရန်ဖြစ်သော်လည်း
ပတ်ဝန်းကျင်အန္တရာယ်ဇုန်အတွင်းရှိ ရွက်လှေတစ်စင်းကြောင့်
နှောင့်နှေးကြန့်ကြာ ခဲ့ရခြင်းဖြစ်သည်။
အဆိုပါ အာကာသယာဉ်သည်
နိုင်ငံတကာအာကာသစခန်း၌ရှိသော အာကာသယာဉ်မှူးခြောက်ဦးအတွက်
ထောက်ပံ့ရေးပစ္စည်း အလေးချိန်ပေါင် ၅ဝဝဝ နီးပါးကို သယ်ဆောင်သွားရန်ဖြစ်သည်။
ယင်းတို့အနက် ဥက္ကာပျံများလေ့လာရန်နှင့်လူသားဦးနှောက်သို့ သွေးစီးဆင်းပုံကို စမ်းသပ်ရန်လိုအပ်သော ကိရိယာများပါဝင်သည်။
ယာဉ်ပေါ်၌ အသင့်စားသုံးနိုင်သော
စားသောက်ဖွယ်ရာအထုပ်များနှင့်အခြောက်ခံထားသော ကဏန်း၊
ကိတ်မုန့်များပါရှိကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါဖြစ်စဉ်တွင်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ အကြောင်းရင်းကိုသိရှိရန်
စုံစမ်းစစ်ဆေးရေးအဖွဲ့က အချက်အလက်များကို စိစစ်လေ့လာလျက်ရှိကြောင်း
အော်ဘီတဲလ်ဆိုင်ယင့်စစ်ကော်ပိုရေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဖရန့်ကားလ်ဘတ်ဆန်က
ပြောသည်။
(ဘီဘီစီ)
No comments:
Post a Comment